ကျွန်တော်တို့ ရဲ့ ကွန်ပျူတာမှာDesktopလို့ ခေါ်တဲ့ monitor ပေါ်မှာ
မြင်ရမယ့် မြင်ကွင်းတွေကိုကိုယ်စိတ်ကြိုက်လိုသလိုပုံဖော်နိုင်ပါတယ်။
ဘယ်လိုမျိုးလဲဆိုတော့  Theme,color,desktop background,screen saver,font
size အစရှိတာတွေကို လိုအပ်ချက်ပေးမှုအပေါ်မူတည်ပြီးနှစ်သက်သလို
သိမ်းဆည်းအသုံးပြုနိုင်ပါတယ်။ အခုကျွန်တော်က Desktop Background
ကိုမိမိစိတ်ကြိုက်ပုံဖော်နိုင်ဖို့ အတွက် Wallpaper တစ်ချို့ 
တင်ပေးလိုက်ပါတယ်။ အခုတင်ပေးထားတဲ့  Wallpaper လေးတွေဟာ
သူငယ်ချင်းတစ်ယောက်ဆီကနေ ရထားတာဖြစ်ပြီး ပုံ တစ်ရာ့ နှစ်ဆယ် (၁၂၀)
ကျော်လောက်ပါဝင်ပါတယ်။ နောက်ပြီး Windows 7 အသုံးပြုနေသောမိတ်ဆွေများအတွက်
ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံတွေနဲ့  Theme တစ်ခုဘယ်လို ပြုလုပ်ရမလဲဆိုတာ
အောက်မှာ ပုံနဲ့ တကွပြောပြထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ..Wallpaper ကတော့ 
အောက်ဆုံးမှာ အဆင်ပြေတဲ့ လင့် ကနေယူသွားလိုက်ပါဗျာ…
Theme ပြုလုပ်နည်း
အရင်ဦးဆုံး မိမိတို့ ရဲ့  Desktop ပေါ်မှာ Right Click ထောက်ပြီး အောက်ဆုံးက Personalize ကိုဝင်လိုက်ပါ။
Personalize ထဲရောက်သွားရင် Desktop Background ကိုသွားလိုက်ပါ။
အောက်ကပုံကိုကြည့်လိုက်ပါ။ အကောင်းဆုံးကတော့ မိမိတို့ ထည့်သွင်းလိုတဲ
့ပုံတွေကို Folder အသစ်တစ်ခုထဲထည့်ပြီး Desktop မှာ ထားလိုက်ပါ။
ပြီးရင်နံပါတ် ၁ မှာ ပြထားတဲ့  Browse ကိုနှိပ်ပြီး ပုံတွေထည့်ထားတဲ
့folder ကို ရွေးလိုက်ပါ။
နံပါတ် ၂ မှာ မိမိတို့ ထည့်ထားတဲ့ ပုံတွေကို မြင်တွေ့ ရမှာပါ။ တစ်ချို့ ပုံတွေကိုမထည့်ချင်တော့ ဘူးဆိုရင် အမှန်ခြစ်ကလေးဖြုတ်လိုက်ပါ။
Picture Position မှာတော့  Fill ပဲထားလိုက်ပါ။
နံပါတ် ၃ မှာကတော့  တစ်ပုံနဲ့ တစ်ပုံ Slide Show လုပ်တဲ့ အချိန်ကို သတ်မှတ်ရမှာပါ။ ပုံတွေ အစဉ်လိုက်မပြောင်းစေချင်ရင် Shuffle
မှာအမှန်ခြစ်လေးလုပ်လိုက်ပါ။ ပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
အောက်ကပုံမှာပြထားတဲ့ အတိုင်း အမည်တစ်ခုခုပေးပြီး Save မှတ်လိုက်ပါ။
ဒါဆိုရင် မိမိတို့ ပြုလုပ်ထားတဲ့  Theme တစ်ခုရသွားပါပြီး။
အောက်မှာ wallpaper တွေကို အဆင်ပြေတဲ့ လင့်ကနေယူသွားလိုက်ပါနော်..
[slideshow_deploy id=3074]
Download From Box
Download From Sendspace
အဆင်ပြေပါစေဗျာ…