သူငယ်ချင်းတို့ရေ ...... ပြည်တွင်းသတင်းဂျာနယ်တွေ၊ အားကစားသတင်းတွေ၊ အနုပညာ သတင်းတွေကို
အစုံဖတ်ရန် http://www.khtnetpc.webs.com/ ကို သွားရောက်လည်ပတ်နိုင်ပါတယ်.....။
>>>ဆက်ဖတ်ရန်>>> >>
Showing posts with label နည်းပညာ ဗဟုသုတ. Show all posts
Showing posts with label နည်းပညာ ဗဟုသုတ. Show all posts
Thursday, December 27, 2012
မိမိ ရဲ့ နာမည် နဲ့ Logo လုပ်ခြင်း နှင့် ပုံလှလှလေးများ downloads လုပ်ခြင်း။
ကိုယ်ပိုင် နာမည်နဲ့ Logo လေးတွေလုပ်ချင်ရင်...
သင့်ရဲ့ ကိုယ်ပိုင်နာမည်နဲ့ Logo လေးတွေ၊ ပုံလေးတွေကို လုပ်ဖို့ လမ်းညွှန်ပေးပါရစေ။Logo တွေအပြင် ဓါတ်ပုံဖရိန်တွေပါ တွေ့နိုင်ပါတယ်။လုပ်တဲ့နည်းလေးကတော့ link ကိုဖွင့်လိုက်ရင် Find Just the things you want ဆိုတဲ့ စာသားအောက်မှာပုံလေးတွေကို တွေ့ရမှာပါ။ ဘောလုံး အင်္ကျီပုံလေးအပေါ်က Browse full catalog ဆိုတာကို ကလစ်လိုက်ပါ။ အဲဒီမှာ ပုံးလေးတွေအများကြီးပေါ်လာမှာပါ။ အဲဒီပုံလေးတွေက
ကိုယ်ကြိုက်တဲ့ဒီဇိုင်းကိုရွေးလိုက်ပါ။ ဥပမာ... သင်ဆွဲကြိုးမှာစာတမ်းလေပါတာကို ရွေးတယ်ဆိုပါစို့ရွေးပြီတာနဲ့ စာတမ်းပုံပေါ်တာလေတွေကို ဒီဇိုင်းစုံထပ်ပြီးပြဦးမှာပါ။ နောက်ဆုံးအဲထဲကမှာ သင်ကြိုက်တာကို ကလစ်လိုက်ပါ။ Type your phrase here ဆိုတဲ့နေရာမှာ သင်ရေးချင်တဲ့စာကိုရေးပါ။ ရေးပြီးရင် Preview ကိုကြည့်ပါ။ ကိုယ့်စိတ်ကြိုက်ဖြစ်ရင် save ပြီးသိမ်နိုင်ပါပြီဗျာ။
နောက်တစ်ခု က Slideshow လေးလည်းလုပ်လို့ရတယ်နော်။ ကဲအောက်က Link လေးမှာ စမ်းသပ်နိုင်ပါပြီဗျာ.....
go to link : ဒီမှာနော် www.imagechef.com
ပုံလှလှလေးတွေ Downloads လုပ်ချင်ရင်တော့
go to Link : www.zwani.com ဒီကနေသွားကြည့်နော်...။
နောက်တစ်ခု အနေနဲ့ လမ်းညွှန်ချင်တာက Flash text file လေးတွေ လုပ်လို့ရတဲ့ ဆိုဒ်လေးပါ။ လေ့လာနိုင်ပါတယ်...။
go to Link : www.flashwortex.com ဒီမှာ လေ့လာပါဗျာ...။
နောက်တစ်ခု ပြောပြချင်တာက wallpaper လှလှလေးများ
go to link : www.screensavers.com
go to link : www.ourwallpaperstore.com
go to link : wallpapers2download
go to link : www.wallcoo.com
go to link : www.wallcoo.net
>>>ဆက်ဖတ်ရန်>>> >>
Labels:
နည်းပညာ ဗဟုသုတ
Wednesday, December 26, 2012
Internet မှာ လိုချင်တဲ့ Serial Key ကိုအတိအကျ ရှာဖွေခြင်း
Internet မှာ Software တွေရဲ့ Serial Key ကိုရှာဖွေတဲ့ နည်းတွေ
အများကြီး ရှိပါတယ်။ အဲဒီထဲက အလွယ်ဆုံးလို့ ထင်ရတဲ့ နည်းနှစ်ခုကို
ပြောပြပေးပါ့မယ်။ မသိ့သေးတဲ့ သူတွေ အတွက်ပါ။ သိ့ပြီးသားသူတွေကတော့
ဆော်ရီးပဲဗျာ ။
>>>ဆက်ဖတ်ရန်>>> >>
ပထမ နည်းလမ်း
အရင် ဆုံး Google Search ကို ဖွင့်ထားလိုက်ပါ။ www.google.com
Search ဆိုတဲ့နေရာမှာ… မိမိ ရှာချင်တဲ့ Software နာမည်ကို “ “ ခံပြီး
နောက်က 94FBR ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပြီးရင် Search
ကိုနှိပ်ပြီးရှာလို့ရပါတယ်။ Fomular = “Product Name”94FBR
ဥပမာ. “Nero Burning Rom11″ 94FBR
“Edraw Network Diagram 5.5″ 94FBR
အဲလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။
ဥပမာ. “Nero Burning Rom11″ 94FBR
“Edraw Network Diagram 5.5″ 94FBR
အဲလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။
ဒုတိယ နည်းလမ်း
ဒုတိယ နည်းလမ်း အနေနဲ့တော့ ကျွန်တော်တို့ သုံးနေတဲ့ http://www.google.com ကို http://www.google.com.hk
လို့ပြောင်းရိုက်ပေးလိုက်ပါ။ China Google Site ရဲ့ Search Box
ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ မိမိရှာလို့တဲ့ Software အမည်ကို
ရိုက်ထည့်ပြီးရှာနိုင်ပါတယ်။ တစ်ခု သတိပြုရမှာက Software နာမည် ရိုက်တဲ့
အခါ အစစာလုံးတွေကို Capital Letter နဲ့ရိုက်ရပါမယ်။ နောက်တစ်ခု
နောက်ဆုံးမှာ sn ဆိုပြီး Small Letter နဲ့ရိုက်ပေးရပါမယ်။ ဥပမာ - Neo Burning Rom 11 sn ။ အဲဒီလို ရိုက်ပြီးရှာလိုက်ရင် လိပ်စာတွေနဲ့အတူ Serial Key တွေကို တွေ့ရပါလိမ့်မယ်။
အောက်ပါ Site များမှာလဲ Serial Key များကိုရှာဖွေရရှိနိုင်ပါတယ် ။
Labels:
နည်းပညာ ဗဟုသုတ
ဆိုဒ်များမှ လိုအပ်သည်များကိုဒေါင်းလော့လုပ်နည်းစာအုပ်
Download လုပ်နည်းကို မသိသေးတဲ့ သူငယ်ဂျင်းမျာအတွက် ကိုကောင်လေးငယ်က ရေးပေးထားတာပါ လိုချင်ရင်အောက်မှာယူပါ
http://www.mediafire.com/?er9iwnw714uvd37
http://www.mediafire.com/?er9iwnw714uvd37
Labels:
နည်းပညာ ဗဟုသုတ
Tuesday, December 25, 2012
Software မလိုဘဲ ခွေကူးနည်း

Requirements (လိုအပ်တာတွေလေးတွေပါ)
- Windows 7 (64 bits or 32 bits)
- CD [or] DVD
- Compact Disc RW Drive
သတိ ။ ။ ပုံများရှင်းရှင်းလင်းလင်းမမြင်ရပါက ပုံကို click ပြီးကြည့်ပါ။
အခွေထည့်တဲ့နေရာမှာ မိမိတို့ရဲ့ အခွေအလွတ် တစ်ချပ်ကိုထည့်လိုက်ပါ။ ခဏစောင့်ပါ။ ဒီ Autoplay တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Burn files to disc ကို click လိုက်ပါ။
ဒီ box လေးပေါ်လာပါမယ်။ Disc title: က မိမိနှစ်သက်ရာခေါင်းစဉ်လေးပေးပါ။ With a CD/DVD player ကိုရွေးပါ။ တခြား ဘာမှမရွေးပါနဲ့။ ပြီးရင် Next ကို click ပါ။
အဲ့အခွေချပ်လေးနဲ့ စာတစ်ခုတွေ့ပါလိမ့်မယ်၊ ကျွန်တော်အနီရောင်ပြထားတာပါ။ Drag files to this folder to add them to the disc. လို့ပေါ်လာရင်မိမိထည့်လိုရာ ဖိုင်တွေကို အခွေရဲ့ GB ဆန့်သည်အထိထည့်လို့ရပါတယ်။
မိမိကူးလိုသောဖိုင်ရဲ့ folder ကိုဖွင့်ပြီး အခွေရှိရာ folder သို့ထည့်ပါ။ ကြိုက်သလောက်ထည့်ပါ။ အခွေဆန့်တဲ့အထိပဲနော်။
ဖိုင်တွေအကုန်ထည့်ပြီးတော့ Burn to disc ကို click လိုက်ပါ။
ပြီးရင်စိတ်ရှည်ရှည်နဲ့စောင့်ပေါ့နော်။
အဆင်ပြေပါစေ။
Credit to ပြည့်ဖြိုး.....
Labels:
နည်းပညာ ဗဟုသုတ
windows-7 / vista တို့မှာ safe mode ထဲကို ဝင်ဖို့ F8 key ကိုနှိပ်ပြီးဝင်လို့မရဘူးဆိုရင်
မင်္ဂလာပါခင်ဗျာ။မိတ်ဆွေများအတွက် ကျွန်တော်သိတဲ့နည်းလမ်းလေးတခုမျှဝေပေးလိုက်ပါတယ်။ ဒီနည်း
လေးက windows 7 နှင့် ဗီဇာတို့မှာ safe mode ဖြင့် boot လုပ်ရာတွင် F8 နှိပ် မရပါကရအောင်စမ်းသပ်
လို့ရမယ့်နည်းလေးပါ။ safe mode ထဲဝင်ဖို့က F8 ကိုနှိပ် ပြီးတော့မှဝင်လို့ရတယ်ဆိုတော့  ဒီကောင်က
နှိပ်လို့အလုပ်မလုပ်ရင်ဘယ်လိုမှလုပ်မရဘူးပေါ့။ကျွန်တော့်မှာလဲဖြစ်နေပါတယ်။ကျွန်တော့်လိုဖြစ်နေတဲ့
မိတ်ဆွေများစမ်းသပ်ကြည့်လိုက်ပါအုံးဗျာ။အဆင်မပြေရင်တော့ပြန်ပြောပေးကြပါ။ပြန်ကလိကြည့်ပါ့မယ်။
safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းလမ်းလေးနဲ့စမ်းသပ်ကြည့်လိုက်ပါ။
( ၁ ) အရင်ဆုံး windows Start Button ကို click ပါ။
( ၂ ) Search box ထဲမှာRun လို့ရေးပြီးရှာလိုက်ပါ။ တွေ့ရင်ဖွင့်လိုက်ပါ။အောက်ကပုံအတိုင်းပါ။

Run ဘောက်အကွက်ထဲမှာ “ msconfig ” လို့ ရိုက်ပါ။ Enter ခေါက်ပါ။အောက်ကပုံ

( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။အောက်ကပုံအတိုင်းပါ။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။နံပါတ်
တွေကိုကြည့်ပြီးလုပ်လိုက်ပါ။
( ၆ ) ပြီးရင် Restart ချပေးလိုက်ပါ။

(၇) ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ uncheck ပြန်ပေး
လိုက်ပါ။ဒါမှ process က ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ။ စမ်းသပ်ကြည့်လို့အိုကေရင်ဝမ်းသာပါတယ်ဗျာ။
အားလုံး အဆင်ပြေကြပါစေဗျာ
Labels:
နည်းပညာ ဗဟုသုတ
Phone SD Card Repair
မိမိတို့ဖုန်းရဲ့ SD Card Error တက်လို့ပဲဖြစ်ဖြစ် SD Card
အသစ်လဲချင်လို့ပဲဖြစ်ဖြစ် SD Card ထဲမှာရှိတဲ့ Data တွေကို ပြန်လည် Repair
လုပ်နည်းလေးကိုကြည့်ကြရအောင်
ကဲ စမယ်နော်..
မိမိရဲ့ ဖုန်းကို PC နဲ့ချိတ်လိုက်ပါ
My Computer > ဖုန်းရဲ့ SD Card ကိုဖွင့်လိုက်ပါ
organize >Folder and serach options >View >Show Hidden files,folders, and drives လေးကို Check လုပ်ပေးလိုက်ပါ ပြီးရင်တော့ OK ပေါ့ နော့
အဲဒီထဲမှာရှိတဲ့ အကုန်လုံးကို Select လုပ်ပြီး Copy ကူးလိုက်ပါ (Press Control +A and Control +C)
ပြီးရင်တော့ မိမိသိမ်းဆည်းထားချင်တဲ့ Drive တခုခုထဲမှာ Paste လုပ်ထားလိုက်ပါ
New SD Card ကိုပဲ ပြန်သုံးမယ်ဆိုရင်တော့
New SD card ကိုသွင်းလိုက်ပါ
ဖုန်းရဲ့ Connectivity settings ထဲဝင်ပီး Media Transfer Mode (MTP) ကိုရွေးပေးလိုက်ပါ
ထပ်သွားမယ်..Phone Settings >Storage > Unmoun SD Card ကို .ပြီးတော့ OK ..စိုပြေ.. :D
Settings ထဲထပ်ပြီးဒိုးမယ်.. Storage > Erase SD Card ..Ok ပေါ့ နော့ ( အဟောင်းကိုသုံးမယ်ဆိုရင်တော့ မလုပ်မဖြစ်ပေါ့ )
ပြီးရင်တော့ အစောနက PC ရဲ့ တနေရာရာမှသိမ်းဆည်းထားတဲ့ Old Files တွေကို Copy ကူးထည့်မယ်
Apps တွေကိုတော့ Install ပြန်လုပ်ပေးရမှာပေါ့နော်……
MTP ပြောင်းတာလေးကဒီပုံလေးအတိုင်းပေါ့နော့်
OK အခုဆိုရင်တော့ပြီးပြီပေါ့နော်……………
SD Card အဟောင်းကိုပဲပြန်သုံးမယ်ဆိုရင်တော့ PC ရဲ့စိတ်ကြိုက်တနေရာရာမှာ Copy ကူးထားပြီး
Old SD Card ကို Format ရိုက်ပြီးအပေါ်ကအတိုင်းလေးပဲပြန်သုံးရမှာပေါ့နော့
အနော့် SD Card လေးကိုတော့အဲဒီအတိုင်းပဲလုပ်ပြီး ပြန်သုံးနေပါသည်..ဈေးတွေကလဲကြီးတာကိုးးးးးးအသစ်ဝယ်သုံးနိုင်ပေါင်.. :P
Credit to Myanmar Mobile Application Store

Crack,Serial,Keygen တွေကို Google မှာရှာတဲ့နည်းလေး
မင်္ဂလာပါခင်ဗျာ။ မိတ်ဆွေများအတွက်ဘာ software မှမသုံးပဲ crack, serial, keygen တွေကို googleမှာ
ရှာလို့ရတဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။ရှာရတာလွယ်လွယ်လေးပါဆိုပေမယ့် ရှာလို့မတတ်သေးတဲ့
မိတ်ဆွေများအတွက်ကတော့ ခက်ခဲမယ်လို့ထင်ပါတယ်။တချို့ဆော့ဝဲတွေမှာကီးတွေတောင်းတာတို့ဘာ
တို့ပေါ့နော်။ကိုယ့်မှာ ဒီဆော့ဝဲတွက်ကီးတွေ မရှိဘူးဘာမှာရှာပြီးထည့်ရမလဲဆိုရင်ဒီနည်းလေးနဲ့ရှာလိုက်
ပေါ့ဗျာ။ အရင်ဆုံက Google မှာရှာမှာဖြစ်တဲ့အတွက် www.google.co.th ကိုသွားလိုက်ပါ။ပြီးရင်
Google က ရှာတဲ့ဘောက်ထဲမှာ မိတ်ဆွေတို့ရှာချင်တဲ့ဆော့ဝဲနာမည်ကို double code လေးခံပေးပြီးရှာ
ရမှာပါ။ double code ခံတယ်ဆိုတာက ဒီလိုလေးပါ "photoshop " အေ့လိုလေးခံပြီးတော့
space လေးခြားပြီး နောက်က 94fbr လို့ရေးထည့်ပြီး enter ခေါက်လိုက်ပါ...။အောက်ကပုံအတိုင်းပါ။
အေ့မှာ crack...,keygen...serial တွေကျလာပါလိမ့်မယ်..မိတ်ဆွေတို့အဆင်ပြေတဲ့ ဆိုဒ်ကို ရွေးပြီးသွား
ဒေါင်းလိုက်ရုံပါဘဲဗျာ။ ဒါမှမဟုတ် enter ခေါက်လိုက်ပါ။အောက်ကပုံလိုကလာပါလိမ့်မယ်။အများကြီးပါဘဲ
ကြိုက်တဲ့ဆိုဒ်ကနေသွားဒေါင်းလိုက်တော့ဗျာ။အဆင်ပြေကြပါစေဗျာ။အားပေးနေကြတဲ့မိတ်ဆွေများကို
အမောင်သားကြီး က ကျေးဇူးတင်လျက် ပါ။
မူရင်း သားကမ္ဘာငယ်
Labels:
နည်းပညာ ဗဟုသုတ
Monday, December 24, 2012
ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း
စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ
ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့
ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့
ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့
ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း
လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။
အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။
၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။
www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip
၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။
၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။
၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။
၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။
သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်
၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။
၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။
စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
Aung Kham (TSJ team)
http://techspacejournal.blogspot.com/2012/09/cd-dvd-data.html မှ ပြန်လည်မျှဝေသည်

တယ်လီဖုန်း အရေးပေါ် အားသွင်းနည်းတခု
သဘာဝ ဆိုတာ တကယ့် စွမ်း
အင်ကို ရစေတဲ့ အရင်း
အမြစ်ဖြစ်ပါတယ်။ ဒါကို သက်သေ
ထူတဲ့ လူငယ်တဦး ကတော့ ထိုင်း
နိုင်ငံက တက္ကသိုလ်ကျောင်းသား
တဦးပါ။
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်းပိုင်းတ၀ိုက် ပြီးခဲ့တဲ့ ရေကြီးမှုတွေဖြစ်တော့
လျှပ်စစ်မီးတွေပျက်၊ တယ်လီ ဖုန်းတွေလည်း ဘက်ထရီ အားသွင်းလို့
မရတော့တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ် သွားခဲ့တဲ့
သင်္ခန်းစာကို ထိုင်းနိုင်ငံ သားတွေ ရခဲ့ကြပါတယ်။
အဲဒီကနေ ထိုင်းကျောင်းသားလူငယ်တဦးက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ
လုပ်ခဲ့ပါတယ်။ သူကတော့ ဘက်ထရီ အားပြန်သွင်းဖို့ အတွက်
ရေနွေးငွေ့နဲ့ ဖန်တီးထားတဲ့ Thermoelectric Power Generator
အဖြစ် ပုံမှာ ပြသထားတဲ့ အတိုင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ အရေးပေါ် ဘက်ထရီ အားပြန်သွင်းလို့ ရနိုင်ပါတယ်။
အခုတော့ ထိုင်းနိုင်ငံ သတင်းမီဒီယာတွေကပါ အဲဒီလို တီထွင်ပြခဲ့တဲ့
ဘက်ထရီ ဓာတ်အားပြန်သွင်းတဲ့ စနစ်ကို အကျယ်တ၀ံ့ ဖော်ပြ
သွားခဲ့ပါတယ်။

" Facebook က သူငယ်ချင်းတွေရဲ့ email ကို သိချင်ရင်''
ခင်မင်ကြတဲ့ သူငယ်ချင်းတွေ
ရဲ့ email လိပ်စာကို
တော့ ကျနော်လဲ အရင်တုန်းက တော်တော်လေး သိချင်ခဲ့ပါတယ်။
နောက် သိချင်လို့  လိုက်ရှာရင်း ဒီနည်းကို တွေခဲ့ပါတယ်။
လုပ်နည်းလေးကတော လွယ်ပါတယ်။ ဒီက နေသွားဒေါင်းလိုက်ပါ......။ပြီးရင်
Run လိုက်ပေါ့။ပြီးသွားရင်းတော့ facebook ကို sing in ၀င်လိုက်ပြီး
မိမိ link ကို copy ယူလိုက်ပါ.။
Copy ယူုပြီရင်တော ခုနားက ဒေါင်းထားတဲ့ Atomic Email Hunter ထဲမှာ Paste
လုပ်လိုက်ပါ.။
ရပြီဆိုတော့ start ကို နှိပ်လိုက်ပါ.ဒါဆိုရင် သင့်ရဲ့ link ကို scan ရိုက်နေတာ
တွေပါလိမ့်မယ်။
ခဏလောက်စောင့်လိုက်ပါ .။ Queue ဆိုတာကတော
facebook ရဲူ့link တွေဖြစ်ပြီးLog ကတော့ စာမျက်တွေ
အရေအတွက် နဲ့  Search ကတော့ g mail .၊ Yahoo mail
ရှာပေးတာဖြစ်ပါတယ်။
ဒီလောက်ဆို အဆင့်ပြေပါလိမ့်မည်လို့  မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ လဲ ပျော်ရွင် ပေါင်းများစွာကို ပိုင်ဆိုင်ကြပါစေ.။
Labels:
နည်းပညာ ဗဟုသုတ
Saturday, December 22, 2012
Window 7,8 ကို USB မှတဆင့် Window တင်နိုင်ဖို့
Window 7,8 ISO ဖိုင်လ်တွေကို USB (Pendrive) ကနေတဆင့် ဝင်းဒိုးတင်လို့ရအောင် Windows 7 USB / DVD Download Tool နဲ့ Burn နိုင်ပါတယ်.... USB 4GB တစ်ချောင်းဆိုရင် လုံလောက်ပါတယ်...
Software ကို အောက်မှာဒေါင်းယူပါ (Latest Update)
USB Device ကိုရွေးပေးပါ...
Labels:
နည်းပညာ ဗဟုသုတ
Wednesday, December 19, 2012
Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်
မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။ (မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
မူရင်း>>http://www.myanmarmobileapp.com/?p=5831
ဖုန်းနဲ့ပက်သက်တာလေးတွေဖတ်မိလို့ မသိသေးသော သူများအတွက် ဖြန့်ဝေခြင်းဖြစ်ပါသည်။ ဖုန်းနဲ့ပက်သက်တာတွေ အနော်မစမ်းဖူးဘူးနော်။ သူတို့ပြောတဲ့အတိုင်းသာ လုပ်ကြည့်။ အဆင်မပြေရင်လည်း မပူနဲ့ မူရင်းလင့်ပေးထားတယ် ။ တခါတည်း မေးလို့ရအောင်။
ဖုန်းရှိသော ကိုကို ၊ မမ၊ ညီလေး၊ ညီမလေး ၊သူငယ်ချင်းများ ကလိနိုင်ကြပါစေ..........:)
အားလုံးကိုလေးစားလျက်......kominmin.....
>>>ဆက်ဖတ်ရန်>>> >>
Labels:
နည်းပညာ ဗဟုသုတ
Subscribe to:
Posts (Atom)

123Tagged.com - More Hello Comments