Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts
Showing posts with label ကွန်ပြူတာနည်းပညာ. Show all posts

Thursday, January 17, 2013

Window 7 Login Background ကို ကိုယ်နှစ်သက်တဲ့ပုံလေးတွေပြောင်းရအောင်


Window 7 Login Background ပြောင်းချင်သူများအတွက် တင်ပေးလိုက်ပါတယ် .... နော်။
အပေါ်ကပုံတစ် ပုံတည်းပြောင်းလို့ရတာမဟုတ်ပါဘူး။ ကိုယ် နှစ်သက်တဲ့ပုံကိုပြောင်းနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ ... အသိပညာတစ်ခုတိုးတာပေါ့ ......

 
ဆော့ဝဲလ်လေးတစ်ခုဒေါင်းရမှာပါမယ်။
ဖိုင်ဆိုဒ်ကတော့ 242.4 KB ပဲရှိပါတယ်။
အဲဒိဆော့ဝဲလ်လေးကို ဒီမှာ ဒေါင်းနိုင်ပါတယ်။
အဲဒိဆော့ဝဲလ်လေးနဲ့ပြောင်းရမှာဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Gmail ပဲဖြစ်ဖြစ်တစ်ခုခုကိုဖွင့်လိုက်ရင် Firefox မှာမပွင့်ပဲတခြား Browser တွေနဲ့ပွင့်နေရင်ဖြေရှင်းနိုင်မယ့် နည်းလမ်း



ဒါကို အကိုတစ်ယောက်မေးထားလို့ တင်ဖြစ်သွားတာပါ။

Read More နှိပ်ပြီးဖတ်လိုက်ပါ။ အားလုံးနားလည်ဘလောပေါက်အောင် ပုံနဲ့ပြထားပါတယ် . . . .


အောက်ပါပုံထဲကိုအတိုင်းလုပ်ပြီးရင်တော့ ... အဆင်ပြေသွားပါလိမ့်မယ်။



>>>ဆက်ဖတ်ရန်>>> >>

ဝင်းဒိုးတက်တာ ပိုမိုမြန်ဆန်စေမယ့်နည်းလမ်း (ဆော့ဝဲလ်မလို)


 For - Window 7

Window တက်တာ ပိုမိုမြန်ဆန်စေမယ့် နည်းပဲဖြစ်ပါတယ်။ အဆင့်နှစ်ဆင့်ပဲ လုပ်ရမှာပါ။
စိတ်ဝင်စားရင် အောက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ် ....

1. start ----> run သွားပြီး .....အဲဒိထဲမှာ msconfig လို့ရိုက်ထည့် enter ခေါက်။



ပြီးရင် restart လုပ်ပါ။ နောက်တစ်နည်းကတော့ ......

2. ဝင်းဒိုး စတက်ချင်းမှာပဲ မလိုအပ်တဲ့ဖိုင်တွေ background မှာ run နေတာလည်း window တက်ချိန်ကိုကြာမြင့်စေပါတယ်။ အဲဒိတော့.... start ----> run ကိုသွားပြီး msconfig လို့ရိုက်ထည့် enter ခေါက်....


အပေါ်မှာပြထားတဲ့ပုံထဲကအတိုင်လုပ်လိုက်ပါ။ ဒါဆိုရင်တော့ window တက်တာအရင်ထက်ပိုမိုမြန်ဆန် လာတာကိုတွေ့ရပါလိမ့်မယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 15, 2013

ဝက်ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ချင်ပါသလား ?

အစက ကျွန်တော် ဝက်ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ဖို့ ဆောပ်ဝဲလ် သုံးရပါသေးတယ် ။ ဒါပေမယ့် အဆင်မပြေလို့ လက်လျော့လိုက်တာ ခုထိ ။ စိတ်တိုင်းမကျလို့ပေါ့နော် ။ ဒါပေမယ့် ခုတွေ့တဲ့ နည်းလေးက မဆိုးပါဘူး ။ကျွန်တော်တို့ သုံးနေကျ ဆောပ်ဝဲလ်လေး ဖြစ်တဲ့ Internet Download Manager နဲ့သုံးတာပါ ။ မသိသေးတဲ့ သူတွေတွက်သာ ရည်ရွယ်ပါတယ် ။
 ကဲပထမဆုံး Internet Download Manager က Task >>>Run site grabber >>>ကို သွားလိုက်ပါဗျာ ။ပုံလေးတွေ လုပ်ထားပေးတယ် ။ ကြည့်လိုက်ပါဦး ။

ကဲဗျာ ။ အဲဒါပြီးရင်တော့ ရွေးစရာရှိတာ ရွေးရတော့မယ်......ဆိုဒ်နာမည်. လိပ်စာရယ်...လိပ်စာဆိုတာ URLကို ပြောတာနော် ။ ပြီးရင်တော့ The whole web site ကို ရွေးလိုက်ပါ ။ ပြီးရင် Next ပေါ့ ။




ပြီးရင်တော့ ဆက်ရွေးရဦးမယ်.....ပုံပါတဲ့တိုင်းပဲ ရွေးပေးလိုက်ပါဗျာ ။ နောက်ပိုစ့်အသစ်တစ်ခုလည်း ရှိသေးတဲ့အတွက် အသေးစိတ်မရေးတော့ပါ ။လွယ်လည်း လွယ်နေပြီလေ ။


အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ
>>>ဆက်ဖတ်ရန်>>> >>

Friday, January 11, 2013

WinToFlash ကိုသုံးပြီး USB Drive ဖြင့် Window တင်နည်း


Window ကို USB Drive ကနေတင်ဖို့အတွက် WinToFlash လေးက usb ကို ၀င်းဒိုးခွေ အသွင်ပြောင်းပေးတာပဲဖြစ်ပါတယ် ... WinToFlash လေးက ဖိုင်ဆိုက်သေးပြီး သုံးရတာလည်း လွယ်ကူပါတယ် ... USB ကလည်း 4 GB ဆိုလုံလောက်ပါတယ် ... တချို့ CD Drive မဖတ်တော့တာတို့မျိုးဆိုရင် ဒီနည်းလေးကအသုံးဝင်ပါတယ်... အောက်မှာလည်း ပုံနှင့်တကွ ဖော်ပြပေးထားပါတယ် ... ဒီနည်းလေးကိုသိပြီးသားသူငယ်ချင်းတွေတော်တော်များမှာပါ ... ကျွန်တော့် blog လေးကလုပ်တာမကြာသေးတော့ မရှိသေးလို့တင်လိုက်တာပါ ... ပထမဆုံး WinToFlash
ကိုဒေါင်းလော့လုပ်ဖို့ မူရင်းဆိုက်ကို ဒီမှာ သွားလိုက်ပါ ...


 ပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး ဒေါင်းလော့လုပ်ပါ ...
 ဒေါင်းလော့မှရလာသော WinToFlash RAR ဖိုင်လေးကိုဖွင့်ပြီး 
အထဲကဖိုင်အကုန်လုံးကို Folder တစ်ခုဆောက်ပြီးထည့်ပါ ...
(ပုံများကို ကလစ်နှိပ်ပြီး အကြီးကြည့်နိုင်ပါသည်)
 Folder ထဲမှ WinToFlash လေးကို run လိုက်ပါ ...
ပုံမှာပြထားသည့်အတိုင်းတဆင့်ခြင်းလုပ်ဆောင်ပါ ...
Next ကိုနှိပ်ပါ ...
ဒီအတိုင်းမြင်ရပါလိမ့်မယ် ... အပေါ်က window files path နေရာမှာ window CD ထည့်ပြီး 
အောက်က USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
 
 ဒီအဆင့်မှာ window files path နေရာမှာ window CD ဒါမှမဟုတ် စက်ထဲက ၀င်းဒိုးဖိုင်မှတ်ထားတဲ့နေရာကို select လုပ်ပေးရပါမယ် ...
ကျွန်တော်ကတော့ window CD ထည့်ပြီးသုံးထားပါတယ် ...
ပုံမှာပြထားသည့်အတိုင်း USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
ပုံမှာပြထားသည့်အတိုင်း window CD နှင့် USB ကိုနေရာပေးပြီးသွားလျှင်...
Next ကိုနှိပ်ရပါမယ် ...
ဒီနေရာမှာ ပုံမှာပြထားသည့်အတိုင်း ရွေးပြီး continue ကိုနှိပ်ပါ ...

ပုံမှာပြထားသည့်အတိုင်း WinToFlash ကပြောင်းလည်းပေးပါလိမ့်မယ်...

ပြီးလျှင် Next ပေါ့...


ပြီးလို့ USB Drive ကို ထုပ်ပြီး ပြန်တပ်ကြည့်တဲ့အခါမှာ 
ပုံမှာပြထားသည့်အတိုင်း အသွင်ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်...
ဒါဆိုရင်တော့ USB ကနေ Window တင်ဖို့အဆင်သင့်ဖြစ်ပါပြီ ...
ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်.. 
Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ... 
 First Boot ကို USB HDD  လို့ပြောင်းပေးရပါမယ် ......  
Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ ...
Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ..
.ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်ပါပြီ ...
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 8, 2013

ကွန်ပြူတာထဲက RAM ကို ကူညီပေးမယ့် ReadyBoost အကြောင်း



ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Hardware ပေါင်းများစွာနဲ့ အလိုက်သင့် ချိတ်ဆက်လည်ပတ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ ..
ဒါပေမယ့် ကျွန်တော်တို့တွေ သုံးနေတဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့လိုချင်သလောက် Hardware တွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး ..
ဥပမာ .. RAM ကို1GB သာ Support လုပ်ပေးနိုင်တဲ့ mother board ပေါ်မှာ စက်ကို ပိုပြီးမြန်စေချင်တဲ့ စိတ်နဲ့ RAM ကို 1GB နှစ်ချောင်း .. ဒါမှမဟုတ် 2GB တစ်ချောင်း အဲဒီလို ပိုပြီး ပမာဏမြင့်တဲ့ Hardware တစ်ခုခုကို တိုးမြှင့်အသုံးပြုလို့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး
အဲဒီတော့ ကျွန်တော်တို့မှာ RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်စက်ထဲက RAM ပမာဏဟာ ကန့်သတ်ပမာဏ နည်းနေမယ်ဆိုရင် အသုံးပြုနေရင်နဲ့ Forced stop ဖြစ်တာမျိုးတွေ Hang သွားတာမျိုးတွေ .. အဲဒီလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာဖြစ်ပါတယ် ..

ဒါမျိုး ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ ပရိုဂရမ်တစ်ခုရဲ့ သက်ဆိုင်ရာဒေတာတွေကို ပထဦးဆုံး RAM ( Random Access Memory ) ပေါ်မှာ အရင်ဆုံး ကူးယူမှတ်သားထားပြီးမှ သူဆီမှာမှတ်သားထားတဲ့ ဒေတာတွေကို အလွယ်တကူ ယူသုံးလိုက်တာဖြစ်ပါတယ် .. အဲဒီလို မှတ်သားထားတဲ့ ဒေတာတွေကို Cache Memory လို့လည်း ခေါ်ပါတယ် .. Cache Memory အဖြစ်နဲ့ သာမှတ်ပေးမယ့် ကြားခံ Hardware မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ ကီးတစ်ခုကိုနှိပ်ပြီးတာနဲ့ အဲဒီကီးရဲ့ Output ကို ရဖို့ အနည်းဆုံး 0.07 စက္ကန့်လောက် စောင့်ပေးနေရမှာဖြစ်ပါတယ် .. သိပ်များပြားတဲ့ အချိန်ပမာဏ မဟုတ်ဘူးလို့ ထင်ရပေမယ့် Digital စနစ်အရတော့ ကမ္ဘာကို တစ်ဝက်ကျော်ကျော်လောက် ပတ်ပစ်လို့ရနိုင်တဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ် ..
ကဲ .. အဲဒါဆိုရင် စက်ကထောက်ပံ့ပေးနိုင်တဲ့ RAM ပမာဏကလည်း နည်းတယ် ကိုယ်ကလည်း RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်မျိုးကိုလည်း မဖြစ်မနေ အသုံးပြုရတော့မယ် .. ဒါမှမဟုတ် .. RAM ထောက်ပံ့နိုင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်အတွက် RAM ထပ်စိုက်လို့ရတဲ့ အခြေအနေမျိုးမရှိဘူး (ဥပမာ- ဆိုင်မှာသုံးနေရတာမျိုး .. RAM ရှာရခက်တဲ့နေရာဒေသမျိုး ) အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရပြီးဆိုင်ရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို ပစ်လိုက်ရတော့မှာလား
အဲဒီလောက် စိမ်းကားစရာမလိုပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးစနစ်ထဲမှာပါတဲ့ RAM ကို ထောက်ကူအားပေးမယ့် နည်းပညာလေးတစ်ခုရှိပါတယ် ..
အဲဒါကဘာလဲဆိုတော့ ReadyBoost နည်းပညာပါ ..
ReadyBoost ဆိုတာကတော့ ခဏတဖြုတ် မှတ်သားဖို့လိုအပ်တဲ့ ဒေတာတွေကို RAM ပေါ်မှာ မှတ်သားမယ့်အစား USB ပေါ်မှာလွှဲပြောင်းမှတ်သားခြင်းအားဖြင့် RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တို့မြှင့်လာအောင် ကူညီပေးမယ့် နည်းစနစ်ပဲ ဖြစ်ပါတယ် ..
ဒါပေမယ့် ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ RAM = 1GB နဲ့အထက်ရှိတဲ့ ကွန်ပြူတာတွေအတွက် ထင်ထင်ရှားရှား သိနိုင်မှာမဟုတ်ပေမယ့် RAM = 1GB အောက်ပဲရှိတဲ့ ကွန်ပြူတာတွေမှာ တော့ သိသိသာကြီးကို ကွန်ပြူတာရဲ့ Performance တွေ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ RAM ပမာဏ 1GB လောက်ရှိပြီဆိုရင်ပဲ တော်တော်တန်တန် များပြားတဲ့ Cache Memory တွေကို မှတ်သားနိုင်လို့ တခြားနေရာမှာ ကူညီမှတ်သားစရာ သိပ်မလိုတော့တာပါ ..
ဒါပေမယ့် RAM = 1GB အောက် ( အထူးသဖြင့် 512MB ) လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာတော့ RAM ထဲမှာ မဆံ့တော့တဲ့ Cache Memory တွေကို ReadyBoost လုပ်ထားတဲ့ USB (memory stick, flash drive ) ထဲမှာ ပြောင်းလဲသိမ်းဆည်းပြီး အသုံးပြုနိုင်တာကြောင့် သိသာတဲ့ Performance တိုးတက်လာမှုတွေကို မြင်ရတာဖြစ်ပါတယ် ..
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာမှာ RAM = 8GB စိုက်ထားတာတောင် ReadyBoost လေးလုပ်ပြီး အသုံးပြုပါတယ် .. ဘကြောင့်လဲဆိုတော့ RAM ရဲ့ တန်ဘိုးက USB တစ်ချောင်းရဲ့ တန်ဘိုးထက် ပိုမြင့်တယ်လို့ တွေးမိတဲ့အပြင် .. တတ်နိုင်သလောက် ကိုယ့်စက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းတွေကို အသုံးပြုတဲ့သဘောပဲ ဖြစ်ပါတယ် ..
ကဲ .. နည်းနည်းလည်း ရှည်သွားပြီ .. ReadyBoost လုပ်နည်းလေး ပြောပြပါမယ် ..
ပထဆုံး 2GB နဲ့ အထက်ရှိတဲ့ Memory Stick လေးတစ်ချောင်းတော့ လိုပါတယ် .. ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့သော Flash Drive တွေဟာ ReadyBoost လုပ်လို့ရလောက်တဲ့ Speed မျိုး မရှိတာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် နံမည်ရှိပြီးသား Brand မျိုးကိုသာ ၀ယ်ယူသင့်ပါတယ် ..
ကဲ .. USB လေးရလာပြီပေါ့ .. မားသားဘုဒ်မှာ အဲဒီ USB လေးကို ထိုးလိုက်ပါ ..
ပြီးရင် my computer ကိုဖွင့်ပါ .. အဲဒီထဲက ကိုယ်ထိုးလိုက်တဲ့ USB ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Properties ကိုနှိပ်ပေးလိုက်ပါ ..


အဲဒီအခါ ပွင့်လာတဲ့ Box ထဲက ReadyBoost ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Use this device မှာ အမှတ်တပ်ပေးလိုက်ပါ ... အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ Do not use ... ဆိုတာကတော့ ReadyBoost လုပ်ထားတဲ့ USB ကို ReadyBoost အဖြစ်အသုံးမပြုချင်တော့ရင် သူ့ကိုနှိပ်ပေးပြီး Apply နှိပ် Ok နှိပ်ပြီး မှ Format ချလို့ရမှာဖြစ်ပါတယ် .. ( ဒီအတိုင်းဆိုရင် ReadyBoost လုပ်ထားတဲ့ USB ကို Format ချလို့ လုံးဝမရပါဘူး ) ဒုတိယစာကြောင့်ဖြစ်တဲ့ Dedicate this device .... ဆိုတာကတော့ ကိုယ့်ရဲ့ USB ဟာ ReadyBoost လုပ်လို့ ရမရ စမ်းပေးမယ့်နေရာပါ .. အောက်ဆုံးက Use this device ကတော့ ReadyBoost လုပ်မယ့်အခါ မဖြစ်မနေသုံးရမယ့် နေရာပါ .. 4094 MB ဆိုတဲ့ နေရာကတော့ USB ပေါ်မှာ ReadyBoost အဖြစ် အများဆုံးအသုံးပြုနိုင်တဲ့ ပမာဏကို ဖော်ပြထားတာဖြစ်ပါတယ် .. ကျွန်တော်က 4G ပမာဏရှိတဲ့ USB ကိုသုံးပြထားလို့ အဲဒီလောက် ပမာဏပြနေတာပါ .. အဲဒီပမာဏကို ကိုယ်လိုသလို လျှော့ပေးလို့လည်း ရပါသေးတယ် .. ( တိုးလို့တော့ မရပါဘူး)


အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Use this device ကိုအမှတ်တပ်ပြီး Apply ကိုနှိပ်လိုက်ရင် အဲဒီ USB ကို ReadyBoost လုပ်လို့ရမရ configure လုပ်နေတာကို ခဏလောက်စောင့်ပေးပြီး Error Box တက်မလာဘူးဆိုရင် Ok ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
နောက်ဆုံး ReadyBoost လုပ်လိုပြီးသွားပြီဆိုတာနဲ့ USB လေးဟာ Cache Memory တွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်


ကောင်းတာကတော့ ReadyBoost အဖြစ်သုံးတဲ့ USB ကို Mother Board ဖက် ( အနောက်ဖက် )က USB ပေါက်မှာထိုးထားပြီး အမြဲတမ်း တပ်ဆင်အသုံးပြုသင့်ပါတယ် .. RAM အသုံးပြုမှုမြင့်တဲ့ ပရိုဂရမ်တွေကို သုံးတော့မယ်ဆိုမှ ReadyBoost USB ကိုတပ်လိုက်ရင်လည်း ဖြစ်ပါတယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 19, 2012

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း....

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။ ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။ (သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ ) အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။ ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။ (သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။) မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။ အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့... စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ... ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။ သိလာပါလိမ့်မယ်....။
>>>ဆက်ဖတ်ရန်>>> >>
 
Copyright © 2010 kominmin. All rights reserved.