Showing posts with label ပုံပြင်.. Show all posts
Showing posts with label ပုံပြင်.. Show all posts

Wednesday, December 19, 2012

သမီးလက်ကို ဆုပ်ကိုင်ပေးပါ

ဖခင်တစ်ဦးဟာ သမီးငယ်နှင့်အတူ ချောင်းကို ကန့်လန့်ဖြတ်တင်ထားတဲ့ သစ်ပင်ပေါ်ဖြတ်သန်းကာ တစ်ဖက်ကမ်းရောက်အောင် ကူးနေပါတယ်။ သူဟာ သမီးဖြစ်သူ ရေထဲပြုတ်ကျသွားမှာ စိုးရိမ်နေတဲ့အတွက် ပြောဆိုလိုက်ပါတယ်။ “သမီး…ချောင်းထဲပြုတ်မကျအောင် ဖေဖေ့လက်ကို ကိုင်ထားနော်” “မဟုတ်သေးဘူးဖေဖေ။ ဖေဖေပဲ သမီးလက်ကို ကိုင်ထားပေးပါ” ဖခင်ဟာ ဇဝေဇဝါဖြစ်သွားကာ “ဘာများကွာလို့လဲ သမီးရဲ့”လို့ မေးလိုက်ပါတယ်။ “အဲဒါ သိပ်ကိုကွာခြားတာပေါ့”လို့ သမီးငယ်က ပြန်ဖြေတယ်။ “ဖေဖေ့လက်ကို သမီးကိုင်ထားမယ်ဆိုရင် တစ်ခုခုဖြစ်တဲ့အခါ လွှတ်ချလိုက်ဖို့ ဖြစ်နိုင်ခြေက ပိုများပါတယ်။ ဖေဖေက သမီးလက်ကို ကိုင်ထားမယ်ဆိုရင်တော့ ဘာပဲဖြစ်လာပါစေ သမီးလက်ကို လွှတ်ချမယ် မဟုတ်ဘူးဆိုတာ သိနေလို့ပါ” သားသမီးဆိုတာ အချိန်တန်ရင်တော့ မိဘလက်ကို လွှတ်ချကြတာများပါတယ်။ မိဘဆိုတာက ဘယ်ဘဝမျိုးရောက်နေပါစေ သားသမီးလက်ကို လွှတ်ချမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
 
Copyright © 2010 kominmin. All rights reserved.