huawei T-8828 အတွက်T8828recovery.img ပါ
အဆင်ပြေသလိုသုံးကြပါ ဒီကနေဒေါင်းပါ
Download From Ziddu or
Mediafireနောက်ထပ် T-8828 အတွက်ဒေါင်းထားတဲ့ဖိုင်လေးတွေကိုပါတင်ပေးလိုက်ပါတယ်
အသုံဝင်မယ်ထင်လို့ပါ ကျွန်တော်တော့မသုံးတတ်ပါဘူး
သုံးတတ်တဲ့အကိုများစမ်းကြည့်ကြပါ အဆင်ပြေရင်တော့
အခြားလူတွေလည်း အသုံးပြုနိုင်အောင် ကျွန်တော့်ကို ပြောပေးကြပါအုံး..
1.(¼ì²âbootloader=) Download From
Mediafire or
Ziddu 2.(T8828appTool(1)=) Download From
Ziddu or
Mediafire3.(T8828-Boot&RecoveryÌáÈ¡=) Download From
Mediafire or
Ziddu or
DirectMirror4.(t8828rootsupk=) Download From
Ziddu or
Mediafire5.(TAVORLÇý¶¯=) Download From
Ziddu or
Mediafire
ဒီကောင်နဲ့ ဆိုင်မလားလို့
မြန်မာအီလက်ထရွန်းနစ်နည်းပညာဖိုရမ် ကနေ ယူလာတာပါ
Boot.img နဲ့ Recovery.img ဖိုင်များကို ဖြည်ချခြင်း
+ ———————————————————————————————- +
Android ဖုန်းမှာ recovery ကိုသွင်းဖူးကြသူများ recovery.img ဖိုင်ကိုသိကြမှာပါ။ အခု အဲ့ဒီဖိုင်တွေကို Windows မှာဖြည်နည်းလေး share လုပ်ပေးချင်ပါတယ်။
အဓိကကတော့ ကလိချင်သူတွေ၊စမ်းသပ်ချင်သူတွေအတွက်ပါ။
ပထမဦးဆုံး .img ဖိုင်တွေကို ဖြည်ဖို့အတွက် ဆော့ဝဲလေးလိုပါမယ်။ အဲ့ဒီ ဆော့ဝဲလေးကို ယခုပိုစ့်မှာတင်ထားပေးပါတယ်။
တင်ထားတဲ့ဖိုင်ကို
ဆွဲပြီးတော့ဖြည်ချလိုက်ပါ။ ဖြည်ချလို့ရလာတဲ့ bootimg.exe ကို Desktop
မှာဖိုဒါတစ်ခုအသစ်လုပ်ပြီးတော့ အဲ့ဒီအထဲကူးထည့်လိုက်ပါ။
ဘာကြောင့်
ဖိုဒါထဲသီးသန့်ထဲ့လဲဆိုရင် boot.img, recovery.img ဖိုင်တွေကို
ဖြည်ချတဲ့အခါကျရင် အခြားဖိုင်တွေထွက်လာမှာပါ။ အဲ့ဒီအတွက်
သီးသန့်လေးဖြစ်အောင် ဖိုဒါထဲမှာထည့်တာပါ။
ကျွန်တော်က အခု bootimg.exe ဖိုင်ကို Desktop ပေါ်မှာ boot ဆိုတဲ့ဖိုဒါလေးလုပ်ပြီး ထည့်ထားပါတယ်။
အခုဆိုရင် လုပ်ငန်းစလို့ရပါပြီ။
ကွန်ပျူတာမှာ CMD (command Prompt) ကိုဖွင့်ပါမယ်။ CMD
ကိုဖွင့်ဖို့အတွက် WIN + R နှိပ်ပြီး run မှာ cmd လို့ရေးပြီး enter
နှိပ်ရင် command prompt ပေါ်လာပါမယ်။
CMD ပေါ်လာရင် ကျွန်တော်တို့ ခုဏက
bootimg.exe ရှိတဲ့ဖိုဒါထဲကို သွားပါမယ်။ ကျွန်တော့်က Desktop > boot
ဆိုတဲ့ဖိုဒါလုပ်ထားတဲ့အတွက် CMD မှာ
cd desktop ဆိုပြီးရိုက်မယ် နောက်ပြီးရင် cd boot ဆိုပြီးရိုက်ထည့်ရပါမယ်။ ဒါဆိုရင် ကျွန်တော်တို့ cmd မှာ
- C:\Documents and Settings\Admin\Desktop\boot>
ဆိုပြီးဖြစ်ရင် ကျွန်တော်တို့ boot ဆိုတဲ့ဖိုဒါထဲရောက်သွားပါပြီ။ အခုဆို၇င်
bootimg ကို run ကြည့်ရအောင်ပါ။
အဲ့ဒီအတွက် cmd မှာ
bootimg ဆိုပြီး
enter နှိပ်ကြည့်လိုက်ပါ။အောက်ကပုံမှပြထားတဲ့အတိုင်း စာတွေပေါ်လာရင်
bootimg.exe အလုပ်လုပ်သွားပါပြီ။
bootimg.exe အဆင်ပြေပြီဆိုရင်တော့ ကျွန်တော်တို့ ဖြည်ချမယ့်
boot.img သို့မဟုတ်
recovery.img ဖိုင်လေးလိုလာပါပြီ။ ကျွန်တော်ကတော့
u8661 superroot recovery ကိုသုံးထားပါတယ်။
အဲ့ဒီအတွက်
recovery.img ဖိုင်ကို
bootimg.exe ရှိတဲ့ဖိုဒါထဲကူးထည့်ပါ။ ပြီးရင်
recovery.img ဖိုင်ကို
boot.img လို့နာမည်ပြောင်းပါ။
အခုဆိုရင် ကျွန်တော်တို့ ဖိုင်ကို စဖြည်လို့ရပါပြီ။ အဲ့ဒီအတွက် command လေးသုံးပါမယ်။
ဆိုတာလေး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် အောက်ကပုံမှာပြထားတဲ့အတိုင်း စာလေးတွေပေါ်လာမယ်။ထို့အတူ boot ဖိုဒါထဲမှာလဲ
kernel ရယ်
ramdisk.gz ဆိုပြီး ဖိုင်အသစ်နှစ်ခုထွက်လာပါမယ်။
ပုံမှာကြည့်ပါ။
command prompt မှာပေါ်လာတဲ့စာတွေထဲက
- [color=Black]base = [color=DarkRed]0×200000[/color]
- page_size = [color=DarkRed]2048[/color]
- cmdline = [color=DarkRed]“console=ttyMSM0,115200.n8 androidboot.hardware=qcom”[/color]
- padding_size = [color=DarkRed]2048[/color][/color]
အဲ့ဒီစာတွေကို မှတ်ထားရပါမယ်။ ဖိုင်ကို ပြန်ပြီးပေါင်းတဲ့အချိန်မှာ အဲ့ဒီစာတွေကို လိုပါတယ်။
အခုဆိုရင်
kernel နဲ့
ramdisk.gz ဆိုတာလေးထွက်လာပါပြီ။ အကယ်၍
linux မှာသာဆိုရင်
ramdisk.gz ကို ကျွန်တော်တို့ ဘာမှမလိုဘဲ
mount လုပ်ပြီး
edit လုပ်လို့ရပါပြီ။
အခုက
windows မှာဖြစ်တဲ့အတွက်
ramdisk.gz ကိုနောက်ထပ်တစ်ခါဖြည်ရပါဦးမယ်။
ramdisk.gz ထဲမှာ စိတ်ဝင်စားစရာလေးတွေပါပါတယ်။
ramdisk.gz ကိုဖြည်ဖို့အတွက် cmd မှာ
ဆိုပြီးရိုက်ထည့်လိုက်ပါ။ နောက်ထပ်စာလေးတွေပေါ်လာပါမယ်။ နောက် ဖိုဒါထဲမှာလဲ
initrd ဖိုဒါနဲ့
cpiolist.txt ဆိုပြီး နှစ်ခုအသစ်ပေါ်လာပါမယ်။
ပုံကိုကြည့်ပါ။
အခုဆိုရင်
ramdisk.gz ကိုဖြည်ချပြီးသွားပါပြီ။
ramdisk.gz ကိုဖြည်ချလို့ရလာတဲ့ဖိုင်တွေ
initrd ဆိုတဲ့ဖိုဒါထဲမှာရှိပါတယ်။ အဲ့ဒီဖိုဒါထဲကိုဝင်ကြည့်ပါ။
အောက်ကပုံအတိုင်းတွေ့ရပါမယ်။
အခုဆိုရင်
recovery.img ဖိုင်ကိုအောင်မြင်စွာ ဖြည်ချသွားနိုင်ပါပြီ။ အခုနည်းအတိုင်းပဲ
boot.img ကိုလည်း ဖြည်ချလို့ရပါတယ်။
ကျန်တာတော့ မိမိကိုယ်တိုင်စမ်းသပ်ရုံပါပဲဗျာ။ အကယ်၍
recovery မှာပေါ်တဲ့ပုံလေးတွေကိုပြောင်းချင်တယ်ဆိုရင်တော့
res ဆိုတဲ့ဖိုဒါအောက်ထဲမှာရှိပါတယ်။ ကိုယ်ပြောင်းချင်တဲ့ပုံကို လိုသလိုပြင်လို့ရပါတယ်။
ဤနေရမှာ superroot အကြောင်းလေးပြောပါမယ်။ ကျွန်တော်အခုဖြည်ချတဲ့ recovery က u8661,8818 တွေအတွက် superroot recovery.img ပါ။
အားလုံးသိတဲ့အတိုင်းပါဘဲ u8661 superroot recovery က သွင်းပြီးတော့ restart ချပြီး ဖုန်းပြန်တတ်လာရင် ဖုန်းက auto root ဖြစ်သွားပါတယ်။
အဲ့ဒါက ထူးခြားချက်ပါ။ အမှန်တကယ်က ဖုန်းရဲ့ stock recovery မှာ အခုလိုဖြည်ချပြီးတော့ superboot ဆိုတဲ့ script ဖိုင်ကိုထည့်ပြီးတော့ root လုပ်လိုက်တာပါ။
ကျွန်တော်ဖြည်ချထားတဲ့ ပုံထဲမှာ superboot ဆိုတဲ့ဖိုဒါလေးရှိပါတယ်။ အဲ့ဒီအထဲမှာ အောက်ကပုံအတိုင်း Superuser.apk, su, superboot.sh ဆိုပြီးသုံးဖိုင်ရှိပါတယ်။ ပုံမှာကြည့်ပါ။superboot.sh ကို run ဖို့အတွက် inti.rc ဆိုတဲ့ဖိုင်မှာ သူ့ကို service တစ်ခုအနေနဲ့ထည့်ပေးရပါတယ်။ သူ့ကို တစ်ခါပဲrun ဖို့အတွက် one shot ဆိုတဲ့command လေးထည့်သုံးထားပါတယ်။
ထိုကြောင့် recovery.img ဖိုင်ကို ဖုန်းကို flash လုပ်လုပ်ခြင်း တစ်ခါဘဲ အခု superboot.sh ကို run မှာပါ။ နောက်ပိုင်း recovery ကနေ restart လုပ်တိုင်းထပ်ပြီး မ run တော့ပါဘူးဗျာ။
အဲ့ဒီ superboot.sh မှာသာ ကိုယ်တိုင်command တွေဝင်ပြင်ပြီးရေးမယ်ဆိုရင် ကျွန်တော် မကြာခင်ကတင်ထားတဲ့ U8812D အတွက် မြန်မာစာကို root မလုပ်ဘဲဝင်သွားအောင်လုပ်လို့ရသွားပါတယ်။အားလုံးစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ recovery.img ဖိုင်ကို ပြန်ပြီး ပေါင်းရအောင်ဗျာ။
အဲ့ဒီအတွက် ခုဏက command prompt မှာပဲ
ဆိုပြီးရိုက်ထည့်လိုက်ပါ။ အဲ့ဒီ command က
ramdisk ကိုအရင်ဆုံး ပြန်ပေါင်းတာပါ။ အောက်ကပုံအတိုင်း
ramdisk.cpio.gz ဆိုတဲ့ဖိုင်လေးအသစ်ထွက်လာပါမယ်။
ramdisk ကို ပေါင်းပြီးသွားရင်
recovery.img ဖိုင်ဖြစ်အောင် ပေါင်းရုံပါပဲ။အဲ့ဒီဖိုင်ဖြစ်အောင်မပေါင်းခင် ပထမဖြည်ဖို့ကူးထည့်ထားတဲ့
boot.img အဟောင်းလေးကိုဖိုင်လေးကို ခြားနာမည်တစ်ခုခုပေးထားလိုက်ပါ။
ပြန်ပေါင်းလို့ထွက်လာတဲ့ဖိုင်နာမည်ကလည်း
boot.img ဖိုင်ဖြစ်နေတဲ့အတွက် မရောစေချင်လို့ပြောင်းရတာပါ။
.img ဖြစ်အောင်ပြန်ပေါင်းဖို့အတွက် cmd မှာ
- bootimg –repack-bootimg 0×200000 “console=ttyMSM0,115200.n8 androidboot.hardware=qcom” 2048 2048
ဆိုပြီးရိုက်ထည့်ရပါမယ်။
bootimg –repack-bootimg
ဆိုတဲ့အနောက်မှာရိုက်ထည့်တဲ့စာကြောင်းတွေက ပထမ ကျွန်တော်တို့ဖြည်တုန်းက
ပေါ်လာတဲ့စာလေးတွေပါ။အဲ့ဒီထဲကအတိုင်း မမှားအောင်ရိုက်ထည့်ရပါမယ်။ အခုဆိုရင်
အောက်ကပုံအတိုင်း စာတွေပေါ်လာမယ်။ နောက် ဖိုဒါထဲမှာလဲ
boot.img ဆိုတဲ့ဖိုင်လေးအသစ်ထွက်လာပါပြီ။
အခုဆိုရင် ကျွန်တော်တို့ လိုသလို
modifiy လုပ်ထားတဲ့
boot.img(recovery) လေးထွက်လာပါပြီ။ စမ်းဖို့အတွက် ဖုန်းမှာ
recovery ကို
flash လုပ်ပြီး စမ်းကြည့်နိုင်ပါပြီဗျာ။
အခု bootimg.exe ဆော့ဝဲလေးက
boot.img , recovery.img တွေမှမဟုတ်ပါဘူး အခြား
updata.app, yaffs, yaffs2 စတဲ့ဖိုင်
system တွေကိုလည်းဖြည်ချပေးနိုင်ပါတယ်။
ဆော့ဝဲကိုဒေါင်းဖို့အတွက်တော့
reply လေးတွေလုပ်ပေးကြပါ။
အပေါ်က ပို့စ်ကို ဖတ်ချင်တယ်ဆိုရင်
ဒီမှာ သွားဖတ်နိုင်ပါတယ်.. ပုံတွေတော့ သူ့ဆီမှာလည်း မပေါ်ဘူးခင်ဗျ..
အဆင်ပြေကြပါစေ…