Showing posts with label သူငယ်ချင်းစာစု.. Show all posts
Showing posts with label သူငယ်ချင်းစာစု.. Show all posts

Wednesday, December 19, 2012

ဝက်ဝံနှင့် ခရီးသည် လူနှစ်ယောက်

မိတ်ဆွေစစ်ဆိုတာ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ စွန့်ခွါပစ်ပြေးသွားတဲ့ သူမျိုးမဟုတ်ပါ။ နေလင်းအောင် လူနှစ်ဦး ခရီးအတူသွားနေစဉ် ဝက်ဝံတစ်ကောင်ဟာ သူတို့သွားရာလမ်းပေါ် ရုတ်တရက်ပေါ်လာတယ်။ တစ်ဦးက သစ်ပင်တစ်ပင်ပေါ်သို့ ပြေးတက်ကာ သစ်ကိုင်းတွေကြားမှာ ပုန်းကွယ်နေလိုက်တယ်။ အခြားတစ်ဦးက ဝက်ဝံအကိုက်ခံရမှာသိတော့ မြေပြင်ပေါ် လှဲချလိုက်တယ်။ ဝက်ဝံက သူ့ဆီရောက်လာကာ တစ်ကိုယ်လုံး အနံ့ခံကြည့်လိုက်တယ်။ ဒီအချိန်မှာ သူတတ်နိုင်သမျှ အသက်မရူဘဲ လူသေအသွင် ဟန်ဆောင်နေရပါတယ်။ ခဏကြာတော့ ဝက်ဝံဟာ လူသေရဲ့ခန္ဒာကိုယ်ကို မထိချင်တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သူ့ကို စွန့်ခွါသွားတော့တယ်။ ဝက်ဝံ အတော်ဝေးဝေးရောက်တော့ အခြားခရီးသည်က သစ်ပင်ပေါ်မှ ဆင်းသက်ကာ သူငယ်ချင်းဖြစ်သူကို ရယ်မောနောက်ပြောင်ပြီး မေးလိုက်ပါတယ်။ "ဝက်ဝံက မင်းနားကပ်ပြီး ဘာတွေများ တိုးတိုးပြောလိုက်တာလဲကွ" ဒီအခါ ကျန်တစ်ယောက်က ပြန်ပြောလိုက်ပါတယ်။ "ဝက်ဝံက ငါ့ကို အကြံပေးခဲ့တာပါ။ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ သင့်ကို စွန့်ခွါပစ်ပြေးသွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဘယ်တော့မှ ခရီးအတူတူ မသွားပါနဲ့တဲ့" စဉ်းစားဆင်ခြင်စရာ မိတ်ဆွေသူငယ်ချင်း စစ်မစစ်ဆိုတာ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှသာ သိနိုင်တာမျိုးပါ။ လူ့လောကမှာ ကျင်လည်နေသမျှ လူတိုင်းဟာ သူငယ်ချင်းအများအပြားနဲ့တွေ့ဆုံခင်မင်ရတယ်ပါ။ အချို့သူငယ်ချင်းတွေက အပြောကချို့ လုပ်ရပ်ကမကောင်း၊ အချို့က အပြောမချို လုပ်ရပ်ကကောင်း၊ အချို့ကတော့ အပြောရော လုပ်ရပ်ပါ ကောင်းမွန်ကြပါတယ်။ ဒီအခါမျိုးမှာ သူငယ်ချင်းတွေကို အပေါ်ယံသဘောနဲ့ ဆုံးဖြတ်ချက်မချဘဲ လုပ်ရပ်ကိုကြည့်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ မိတ်ဆွေသူငယ်ချင်း အစစ်အမှန်ဆိုတာ ဘေးဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ သင့်လက်ကိုချိတ်ပြီး အတူရင်ဆိုင် တွန်းလှန်ပေးတတ်သူမျိုးပါ……….
>>>ဆက်ဖတ်ရန်>>> >>
 
Copyright © 2010 kominmin. All rights reserved.