ဖိုးလုံးရေ ဖိုးလုံး ဒီဘက်လာဟ ဒီမှာငါးတွေအများကြီးပဲ အေပါ နေအုံးဒီဘက်မှာလည်းငါဖမ်းနေတယ်
ဒီဘက်ကပိုများတယ် ဖိုးလုံးရ အေပါ အေပါ ငါးကျည်းတွေနော် မိဂျက်နင်မဖမ်းနဲ့ ဆူးလိမ့်မယ်
မရပါဘူး ငါဖမ်းချင်တယ် မဖမ်းပါနဲ့ ပြောနေတာကို ငါ့စကားကို ဘယ်တော့မှနားမထောင်ဘူး
ဆူးမှ အော်မနေနဲ့ နော်
အာ ဘာဖြစ်တာလဲ အာ သွေးတွေ ပြစမ်း ဟာ အတော်လေးထွက်နေတာပဲ ငါပြောသာပဲမဖမ်းပါနဲ့ လို့ 
မိဂျက် နင်ကတော့လေ အမြဲတမ်းဇွတ်တရွတ်ပဲ ဘာမပြောညာမပြောနဲ့ ဖိုးလုံး လက်ကိုဆွဲပြီ ပါးစပ်ထဲထည့်လိုက်ပါရော
အဲ့လိုကျတော့လည်း ဖိုးလုံးက ကြင်နာတတ်သာပဲ ဟဲ မိဂျက်ဘာငေးနေတာလဲ လာပြန်ကြမယ် လက်ကိုပတ်တီးနဲ့ စည်းထားနော် ဒါလေးဖြစ်တာနဲ့ ပတ်တီးစည်းရမယ် ဟဟဟ ငါအဲလောက်မနွဲ့ ပါဘူးဟာ မိဂျက်နင်ကလေ ပြောလိုက်ရင် တခါမှအေပါလို့ မပြောဘူး
ဟုတ်ပါတယ် ဖိုးလုံးပြောသလိုပဲ ကျွန်မသူနဲ့ ပတ်သက်ရင် အမြဲအနိုင်ယူနေကြပါ သူကလည်းကျွန်မဆို အမြဲတမ်း
လျှော့ပေးတတ်တဲ့သူငယ်ချင်းကောင်းပါ။
မိဂျက် မနက်ဟိုဘက်ရွာမှာအလှူရှိတယ် ငါသွားမလို့ နင်လိုက်မလား ဖိုးလုံးနင်ဟာလေအပိုသိပ်ပြောတာ နင်သွားတဲ့နေရာ အကုန်ငါလိုက်တတ်တာပဲဖိုးလုံးနင်ကလေလျှာကို
ရှည်တယ် ဟဲ့မိဂျက် နင့်အိမ်က သွားခိုင်းပါမလား မသွားခိုင်းလည်းလိုက်မယ် ပြောကြည့်မယ်မရရင်ခိုးလိုက်မယ်
ဘယ်အချိန်သွားမလဲ မနက်စောစော အေ ငါလာခဲ့မယ် စောင့်နေနော် မစောင့်ရင် ငါနဲ့ တွေ့ မယ် အေပါ အေပါ
နင်ကလေ ငါ့ကို အရမ်းအနိုင်ယူတာနော် ငါသာရည်းစားရသွားလို့  (ဘာ) ဟဲ့ မိဂျက် လန်သွားတာပဲ
ဖြည်းဖြည်းအော်ပါဟ ငါ့စကားတောင်မဆုံးသေးဘူး ဆက်မပြောတော့နဲ့ ဖိုးလုံး ငါဒေါသထွက်လာပြီးနော်
အေပါ အေပါ မပြောနဲ့ ဆိုမပြောတော့ဘူး မနက်စောစောငါရွာထိပ်ကစောင့်နေမယ် အိပ်ယာထနောက်ကျတတ်တဲ့ ကျွန်မ မနက်စောစောထလို့ အမေက သမီး စောလှကြီးလား ဘာအကြံတွေရှိနေလဲ အမေ သမီးဟို ဘက်ရွာ အလှူသွားချင်တယ် ဖိုးလုံးနဲ့  သွားလို့ မဖြစ်ဘူးထင်တယ် သမီးအဖေဒီနေ့ ပြန်လာမယ်ပြောတယ် ဖိုးလုံးနဲ့ ပေါင်းတာကြိုက်တာမဟုတ်ဘူး မသွားနဲ့ နော် အမေ့ သမီးကလိမ္မာပါတယ် ဘာမှပြန်မပြောတော့ပဲ ခိုးထွက်လာလိုက်ပါတယ် ဖိုးလုံး ငါခိုးထွက်လာတာ ဒီနေ့အဖေပြန်လာမယ်ပြောတယ် လာ မြန်မြန်သွားကြမယ် ပြောပြောဆိုဆိုနဲ့  အလှူရှိတဲ့ရွာဘက်ရောက်လာကြတယ်
အလှူဆိုတော့ နယ်ဘက်ရော မြို့ ဘက်ပါ အများကြီးလာကြတော့လူစည်ကားလိုက်တာနော် ဖိုးလုံး လူများတော့
ငါကြောက်တယ်ဟ နင့်က လူကြောက်တယ်ဟုတ်လား ဟဟဟဟဟ ဖိုးလုံးနော် အေပါအေပါ
နင်ကငါ့ပဲ အနိုင်ယူတတ်တာ လူကြောက်တတ်တာငါသိပါတယ် လာဟိုဘက်သွားစားကြမယ် ဖိုးလုံးနေအုံး
ဘာလဲဟ ဟိုမှာယောင်္ကျားလေးတွေနဲ့ သွားမစားရဲဘူးဟား ဟား မိဂျက်နင်ကရှက်နေသေးတယ် ဟဟဟ
မိဂျက်ရှက်နေတဲ့ပုံက ငါ့အိမ်က နွားမလေးနဲ့တူတယ် ဘာ လန့်သွားတာပဲ မိဂျက်ရာ စတာပါဟ အခုမှမြင်ဖူးတော့မယ် ဟီဟီ မိဂျက်ရှက်တာတယ်ဟေ့ ရုပ်ကိုက စပ်ဖြဲဖြဲနဲ့  လာပါ ဟာ ရှက်မနေနဲ့ အလှူပဲ လူတွေများမှာပေါ့ ကျွန်မလက်ကိုဆွဲပြီစားဝိုင်းထဲရောက်သွား
ကြလေရဲ့ ရှေ့ ဝိုင်းက လူတစ်စု ကျွန်မကို ဆိုက်ကြည့်နေလို့ ဖိုးလုံးဒေါသ ထွက်နေတာကို ကျွန်မ မသိချင်ယောင်
ဆောင်နေလိုက်ပြီ ဟဲ့ ဖိုးလုံးစားလေ ဘာဖြစ်နေတာလဲ တော်ပြီ မိဂျက် မစားတော့ဘူး ပြန်ကြမယ် အရူးကောင်
စားဖို့ အဝေးကြီးကလာရတာ မစားပဲတော့မပြန်နိုင်ပါဘူး ခဏစောင့် ငါတော့ပြီအောင်စားမယ် အမြန်စားဒါဆို
ငါပြောစရာရှိတယ် သူပြောမဲ့စကားကိုကျွန်မသိပါတယ် ကျွန်မနဲ့ ပတ်သက်ရင် သူအခုလိုဖြစ်နေကြ ကျွန်မလည်း
သူနဲ့ပတ်သက်ရင် အခုလိုတွေဖြစ်နေကြပါ ဒါဟာသံယောဇဉ်ကြောင့်လား ကျွန်မ မသိပါ သိလည်းမသိချင်ခဲ့ဘူး
သိအောင်လည်းမကြိုးစားခဲ့ပါဘူး ဖိုးလုံးက စာတော်တယ် လက်ရေးလှတယ် ရုပ်ရည်ကလည်းသန့်ပြန့်တယ်
ယောင်္ကျားပီသတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့သူပါ ဖိုးလုံးတို့အိမ်ကတော့နဲနဲချို့ တဲ့တယ် ဒါပေမဲ့ သူကစာတော်တယ်
ရုပ်ကလည်းချောဆိုတော့ ကျောင်းမှတော့မျက်နှာမငယ်ရပါဘူး မိန်းကလေးတိုင်းစိတ်ဝင်စားခံရတဲ့
ယောင်္ကျားမျိုးပါ ဟဲ့ မိဂျက် ဘာတွေတွေးနေတာလည်းငါတို့ တွေကျောင်းဖွင့်တော့မယ်နော် အင်း ဟုတ်တယ်
ဖိုးလုံး ငါကျောင်းမတက်ချင်ဘူး သိလား နင်နဲ့ပဲ ဆော့ချင်တယ် ဘယ်ဖြစ်မလဲမိဂျက် ကျောင်းတော့တက်ရမှာပေါ့
ငါဆို အိမ်က သိပ့်အဆင်မပြေလို့ နောက်နှစ်တောင်ကျောင်းဆက်တက်ရပါမလားမသိဘူးဟာ စိတ်မကောင်းစရာတွေ
ပြောမနေပါနဲ့ဟာ နင်ကျောင်းထွက်ရင် ငါလည်းကျောင်းထွက်မယ် ဒါပဲ အပိုတွေပြောမနေနဲ့  လာသွားကစားကြမယ်
ကျွန်မ ငယ်ငယ်ထဲက ဖိုးလုံးနဲ့ပဲသူငယ်ချင်းလုပ်လာတာဆိုတော့ ယောင်္ကျားလေးတွေဆော့နည်းပေါင်းစုံကို
ကျွန်မ ကစားတတ်ခဲ့တယ် လူကြီးတွေကတောင် ကျွန်မကို မျောက်လောင်းကျော်တဲ့ ပြောလည်းပြောချင်စရာပါ
ဖိုးလုံးဘာဆော့လည်းယောင်္ကျားလေးကစားနည်းအကုန်ကျွန်မဆော့တတ်တယ် သူဘာကြိုက်တတ်လဲ ဆိုတာကအစ ကျွန်မစိတ်ဝင်စားတတ်ခဲ့တယ် သူလည်းထိုနည်းတူပါပဲ
မျောက်လောင်းနှစ်ကောင်းကျောင်းဖွင့်တော့မယ်နော် အဆော့ပဲစိတ်မ၀င်စားကြနဲ့  ဒီနေ့ မကစားရတော့ဘူး ဖိုးလုံးနင်လည်းမိဂျက်ကို
လာမခေါ်နဲ့ ကြားလား ဖိုးလုံးက အစထဲက ကျွန်မမိသားစုနဲ့ပတ်သက်ရင်အားငယ်နေကြဆိုတော့ ဟုတ်ကဲ့ဆိုသော
စကားမှလွဲ သူမှာပြောစရာစကားမရှိပါ
မိဂျက်အိမ်မှာမုန့်လုပ်စားလို့ ငါလာပို့တာ နင်ကြိုက်တဲ့ ငှက်ပျောသီးမုန့် လေ ငါတောင်မစားရက်ဘူး နင့်ကိုသတိရလို့ 
ပြေးလာတာ အဒေါ်သိရင် ငါကိုပြောနေအုံးမယ် ပြန်တော့မယ်နော် အဲလိုပါပဲ ကျွန်မလည်းဘာပဲစားရပါစေ သူဆီတော့
အမြဲရောက်တတ်ပါတယ် ကျွန်မအဖေက၀န်တမ်းဆိုတော့တာဝန်ကျရာ သွားနေတတ်ရတော့ အိမ်မှာအမြဲမရှိပါ
အဖေပြန်လာရင်တော့ ရွာကသူတွေနဲ့ ပေါင်းသင်တာမကြိုက်တဲ့အကြောင်း ဖိုးလုံးဆိုတဲ့ကောင်လေးနဲ့ မပေါင်းခိုင်း
တော့နဲ့ ဆိုတာ ခဏခဏဆိုသလို အမေကိုပြောတတ်ပေမဲ့ ကျွန်မတို့ ရဲ့ သံယောဇဉ်ကိုသိတော့ အမေလည်း
မပြောရက် သတိပေးစကားတော့ မကြာခဏဆိုသလိုပြောတတ်ပါတယ် ကျွန်မတော့ဂရုမစိုက်ပါဘူး ဖိုးလုံးကတော့
အားငယ်သူမို့ သတိထားနေတတ်ပါတယ် အဖေမြို့ ကပြန်လာလို့ မုန့် တွေပါလာရင် ဖိုးလုံးအိမ်အပြေးသွားပို့ တတ်တာလည်း ကျွန်မ အကျင့်ပါ တနေ့ မမျှော်လင့်သော စကားကို အမေဆီကကြားလိုက်ရတော့ ကျွန်မကမ္ဘာ ပြိုလဲသွားသလိုခံစားလိုက်ရပါတယ် သမီးအဖေက ဒီနှစ်ကျောင်းပြောင်းရမယ်
မြို့ မှာသွားတက်ရမယ် အမေတို့ လည်းပြောင်းကြမယ် သမီးအဖေက ရွာမှာနေတာမကြိုက်ဘူး ဖိုးလုံးနဲ့ ပေါင်းနေတာ
လည်းကြိုက်ပုံမရဘူး ဆင်ခြင်နေပါ သမီးရယ် ဖိုးလုံးနဲ့ သွားမဆော့တော့နဲ့ အရင်က သမီးတို့ ငယ်ကြတုန်းမို့ အမေဘာမှ
မပြောချင်ပေမဲ့ အခုသမီး (၉) တန်းရောက်နေပြီ အရင်လို နေလို့ မရတော့ဘူး အမေပြောတာနားလည်လားသမီး
အမေ ပြောချင်တာတွေပြောနေပေမဲ့ ကျွန်မ ရင်ထဲဆို့ နင့်နေတာမို့ အမေကို အဖြေပြန်မပေးမိပါ
မကြာပါဘူး ကျွန်မ အရမ်းကိုကြောက်လန့်နေတဲ့ အချိန်ရောက်လာပါတော့တယ် ကြိုတွေးထားပေမဲ့အချိန်ကစောနေသလိုခံစားရတယ် သတိရလို့ ဖိုးလုံးကို ကျွန်မရှာနေမိခဲ့တယ် ကျွန်မ ပတ်ဝန်းကျင်မှာ
ဖိုးလုံးကိုမတွေ့ မိပါ အဖေကဘေးနားမှာကျွန်မဘယ်လိုရှာရမလဲ ဖိုးလုံးရယ် လာပါ ငါနင့်ကိုစောင့်နေတယ် အမြန်လာပါတော့ လို့ စိတ်ထဲ အချိန်ချိန် ဆုတောင်းနေမိပေမဲ့ အရိပ်အရောင်တောင် မမြင်မိပါ ကျွန်မမျက်ရည်များ
တားမရဆီးမရနဲ့ မိဘတွေကတော့ ပစ္စည်းတွေသိမ်းကြဆိုတော့ကျွန်မကိုသတိထားဟန်မရှိ ခဏနေ မိစုရောက်လာတယ်
စာလေးလက်ကကိုင်လို့ ဖိုးလုံးပေးခိုင်းလို့ သူရော သူဘယ်မှာလဲ မိစု ငါတွေ့ ချင်တယ် သူမရှိလောက်ဘူး မိဂျက်
ဟိုဘက်ရွာ သူ့ အဖေနဲ့ လွှသွားဆွဲတယ်မသွားခင်ပေးသွားတာပါ နင်ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ ငါသွားတော့မယ်နော်
ငါ့တို့ ကို မေ့မသွားပါနဲ့ နော် မိဂျက် ရွာဘုရားပွဲနှစ်တိုင်းပြန်လာပါနော် ပြန်လာမှာပေါ့ မိစုရယ် ငါရောက်အောင်
ပြန်လာခဲ့မယ်စိတ်ချပါ မျက်ရည်သုတ်ရင် သင်္ဘောပေါ်ရောက်ရောက်ချင် စာဖွင့်ဖတ်လိုက်မိတော့
မိဂျက် ငါ့ကိုနားလည်ပေးပါ ငါနင့်ကိုနှုတ်ဆက်ဖို့ အင်အားမရှိဘူးဟာ ရွာကလူတွေပြောနေကြတဲ့စကားမျိုးတွေလည်း
ငါမဖြစ်စေချင်ဘူး တနေ့ငါတို့ ချစ်သူဖြစ်ရမယ်ဆိုတဲ့လူတွေရဲ့ ထင်မြင်ချက်မျိုးငါနင့်ကို မဖြစ်စေချင်ဘူးနင့်အဖေပြောတဲ့
အိုးချင်းထားအိုးချင်းထိဆိုတာမျိုးမဖြစ်စေရဘူး ငါနင့်အပေါ်ထားတဲ့သံယောဇဉ်ကို အဲလိုစကားလုံးတွေနဲ့ အဆုံးမသတ်
ချင်ဘူး မိဂျက် နင့်ဘ၀တက်လမ်းအများကြီးရှိ တယ် နင်ကြိုးစားပါ နင်သိထားဖို့က ငါဟာနင့်ရဲ့ ထာဝရ သူငယ်ချင်းဆိုတာမှတ်ထားပါ ငါတော့ဒီနှစ်ကျောင်းဆက်မတက်ဖြစ်တော့ဘူးထင်တယ်
နင်ငါ့ကိုခင်ရင် စာကြိုးစားပါ ရွာဘုရားပွဲတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြန်လာဖြစ်အောင်ပြန်လာပါနော်
နင့်ကို ခင်တဲ့ ဖိုးလုံး ...............
သမီး ဘာစာလဲ ဖိုးလုံးစာလား အဖေမသိစေနဲ့ ရွာကလူတွေအကြောင်းကို မေ့လိုက်တော့သမီး
အဖေမကြိုက်ဘူး
၉တန်းဖြေပြီ ရွာဘုရားပွဲအိမ်ကိုဂျစ်တိုက်ပြီ ကျွန်မ အရောက်သွားခဲ့တယ် ဖိုးလုံးပင်ပန်းဆင်းရဲပုံရတယ် မျက်နှာငယ်စွာနဲ့ 
မိဂျက် နင်စာမေးပွဲဖြေနိုင်လား ငါတို့ ကိုရောသတိရရဲ့ လား တကယ်တော့ဒီခရီးကို ကျွန်မ အဖေနဲ့ အပေးအယူနဲ့ 
လာရတာပါ ၉တန်းမှာ အနည်းဆုံး သုံးဘာသာဂုဏ်ထူး ပါရမယ်ဆိုတဲ့အပေးအယူပါ မပါခဲ့ရင် ရွာနဲ့ ဖိုးလုံးကိုမေ့ပစ်ရမယ် ဆိုတဲ့ကြီးမာတဲ့ အပေးအယူကို လုပ်ခဲ့ပြီ အမေနဲ့ ပြန်လာခြင်းပါ အမေလည်း
အဖွားတို့ ရှိတော့ပြန်လာချင်ပုံရပါတယ် မိဂျက်ဘာတွေးနေတာလဲ ငါမေးနေတာကြားလား အော် အေ ကြားပါတယ် ငါဖြေနိုင်ပါတယ် နင်ကျောင်းဆက်မတတ်ဖြစ်တာတွေးမိလို့ ဝမ်းနည်းနေတာ နောက်ဆုံးဒီလိုပဲဖြစ်မယ်
ဆိုတာငါသိပြီသာပါ မိဂျက်ရာ ဘာမှဝမ်းနည်းမနေနဲ့ နင်ဖြေနိင်တယ်ဆို ငါဝမ်းသာတယ် သိလား အေပါ ဖိုးလုံးရယ် ငါဖြေနိုင်ပါတယ် ဒါပေမဲ့  .. ဒါပေမဲ့
ဘာဖြစ်လဲ မိဂျက် ဘာမှမဟုတ်ပါဘူး ငါဖြေနိုင်မှာပါ ငါယုံပါတယ် မိဂျက် မနက်စာ
ငါအိမ်မှာ လာစားလေ အဖေလည်းနင့်ကို မေးနေတယ် မရှိရှိတာတော့ ငါကျွေးနိုင်ပါတယ်နင်တို့  မြို့ လိုတော့ ဟင်းကောင်းမဟုတ်ပေမဲ့ ငါကြက်လေးချက်ကျွေးမယ်လာစားနော် ငါစောင့်နေမယ်
အေလာမယ် အဒေါ်ပါခေါ်ခဲ့ပါလား အမေ အဖွားတို့ ရွာသွားတယ်ဖိုးလုံး ငါပဲလာစားမယ် အေ ငါစောင့်နေမယ်နော်
ထမင်းစားရင် မိဂျက်ငါပြောစရာရှိတယ် ကျွန်မ ထင်မထားတဲ့စကားပြောလာပါတယ် မိဂျက်နောက်ကို ရွာပြန်မလာတော့နဲ့ ငါနဲ့ မိစုလည်း
ချစ်နေကြပြီ(ဘာ ) မဖြစ်နိုင်တာ ဖိုးလုံး နင်မိစုကို ဘယ်တုန်းကချစ်ခဲ့လို့ လဲ ငါမယုံဘူး ငါကို မညာပါနဲ့ ဖိုးလုံးငါကိုညာနေတာ
မလား မယုံရင်မိစုကို မေးကြည့်ပါ မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ငါမယုံဘူး ဘာရယ်မဟုတ်
မျက်ရည်များဒုတိယအကြိမ် ဖိုးလုံးနဲ့ ပတ်သက်ပြီကျခဲ့ရပြန်ပြီ....
ကျွန်မ ၁၀ တန်းနှစ် ရွာမပြန်ခဲ့ဘူး အဖေနဲ့ အပေးအယူကိစ္စ ကျွန်မရှုံးခဲ့လို့ ပါ
တက္ကသိုလ်ဆိုတဲ့နေရာကိုခြေချမိတဲ့ ဒုတိယနှစ်မှာပဲ .....
ဖိုးလုံးသတင်း ကျွန်မ ကြားလိုက်ပါတယ် မွန်ပြည်နယ်က
အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်ဆိုတဲ့သတင်း အမျိုးသမီးနောက်လိုက်နေခဲ့ကြောင်း ထို သတင်းကြားတော့
ကျွန်မဘ၀ ဒုတိယ ကမ္ဘာ ပျက်ခဲ့ရပါတယ် မျက်ရည်များသုတ်နေတုန်း မမရေ ထမင်းစားလို့ ရပါပြီဆိုသော်မိန်းခလေခေါ်သံကြောင့်
အော် ကျွန်မ အတွေးများနယ်ချဲ့ နေခြင်းကို သြော် ဖိုးလုံးရယ် နင်ဟာငါ့ရဲ့ 
ထာဝရ သူငယ်ချင်းကောင်းဆိုတဲ့ စကားကို အမှတ်ရရင် နင့် ကို ကျေးဇူးတင်နေမိပါတယ်...........
အခုတော့ဖိုးလုံးတယောက် သားလေးတောင်နှစ်ယောက်ရနေပြီသူ့ မိသားစုအဆင်ပြေပုံမရဘူးလို့ သတင်းကြားပေးမဲ့
ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါ ကျွန်မလည်းအခုထိ တစ်ကိုယ်တည် အပျိုကြီး
ဖြစ်လို့ စီးပွားရေးလောကထဲ ကျင်လည်ရင် အချစ်ရေးကို ခေါင်းထဲမထားမိတာကြာနေပါပြီ
ဟုတ်ပါတယ် ဖိုးလုံးရယ် နင်ဟာငါ့ရဲ့ ထာဝရ သူငယ်ချင်းကောင်းပါ...........
ဒီပိုစ့်လေးကို ပထမဆုံး ၀တ္တုတိုအနေနဲ့ စရေး စမ်းရေးခြင်းပါ လိုအပ်တာများဝေဖန်ပေးကြပါ
မကောင်းရင်လည်းသည်းခံဖတ်ပေးကြပါလို့ ............ဘော်ဘော်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
Posted by ချစ်စံအိမ်
>>>ဆက်ဖတ်ရန်>>> >>
Showing posts with label ၀တ္ထုတို.. Show all posts
Showing posts with label ၀တ္ထုတို.. Show all posts
Wednesday, December 19, 2012
ကျွန်တော့်နာမည်........ ထိန်လင်း
ကျွန်တော့်နာမည် ထိန်လင်းပါ။ ဒါပေမယ့် ဒီရွာလေးကတော့ ကျွန်တော့်ကို ကိုကြီးလို့ပဲသိကြပါတယ်။ကျွန်တော့်မှာ မိသားစု ဆိုလို့ ညီမလေး တစ်ယောက်ပဲရှိတော့တယ်။ အဖေရယ် အမေရယ် ညီငယ်လေးရယ်ကတော့ ကံကြမ္မာရဲ့ စေခိုင်းမှုကြောင့် ကျွန်တော်တို့ကို ထားခဲ့ပြီး အဝေးကို ထွက်သွားကုန်ပါပြီ။အဲဒီအချိန်တုန်းက ကျွန်တော်က (၁၁)နှစ်။ ညီမလေးက (၈)နှစ်။ ဆွေမရှိ မျိုးမရှိနဲ့ မောင်နှမနှစ်ယောက်တည်း လောကအလယ်မှာ ကျန်ခဲ့တာပေါ့။ ကျွန်တော်က ဒီရွာဇာတိမဟုတ်ပါဘူး။
နာဂစ်မုန်တိုင်းအပြီးမှာ ဒီရွာလေးရဲ့ ဘဘုန်းကြီး မေတ္တာကြောင့် ဇာတိကို စွန့်ခွာခဲ့ရတာလေ။ မောင်နှမနှစ်ယောက်လုံး ဘဘုန်းကြီးရဲ့ သွန်သင်ဆုံးမမှုအောက်မှာ အမေ့ရင်ခွင်ကို တမ်းတရင်း အဖေ့ရင်ခွင်ကို မှန်းဆရင်း ကြီးပြင်းလာခဲ့ကြတယ်။ညစဉ်ညတိုင်း အမေကို တမ်းတနေတဲ့ ညီမလေးရဲ့ဘေးမှာ အမေလိုတစ်မျိုး အဖေလိုတစ်သွယ် စောင့်ရှောက်ခဲ့ရတယ်။ တွယ်တာစရာ သွေးရင်းသားရင်းဆိုလို့ ဒီညီမလေးပဲရှိတာမဟုတ်လား။ညီမလေးကလဲ ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံခဲ့ပါဘူး။ အမေ့လိုမျိုး ညတိုင်း ချော့သိပ်ပေးရင်း အဖေ့လိုမျိုး နေ့တိုင်း ရေချိုးပေးရင်း မိဘကို လွမ်းလို့ ကျလာတဲ့ မျက်ရည်တွေကို ညီမလေးအပါအ၀င် တခြားဘယ်သူ့ကိုမှ မသိစေခဲ့ရဘူး။အထူးသဖြင့် စိုးရိမ်စိတ်နဲ့ ညတိုင်း လာရောက် ကြည့်ရှုရင်း သက်ပြင်းချတတ်တဲ့ ဘဘုန်းကြီးပေါ့။
ညီမလေးက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ဘဘုန်းတို့ကျောင်းနဲ့ မသင့်တော်ဘူးဆိုတာ သဘောပေါက်လာတယ်။ဒါနဲ့ ရွာထဲမှာ နေဖို့ဆုံးဖြတ်ရင်း သူကြီးရဲ့ခွင့်ပြုချက်နဲ့ ရွာနောက်က ဟင်းလင်းပြင်မှာ တဲထိုးနေခဲ့တယ်။စားဝတ်နေရေးအတွက် ရွာထိပ်က ကန်ရေကို အိမ်တိုင်ရာအရောက် လိုက်ပို့ပေးတဲ့ ရေရောင်းတဲ့ အလုပ် လုပ်ခဲ့တယ်။ ညီမလေးအပေါ် လိုလေးသေးမရှိ ထားချင်တဲ့ ဖခင်ရဲ့ စိတ်မျိုးနဲ့လေ။ ပြီးတော့ အမေလိုလဲ တေးဆိုချော့သိပ်ရင်း အနားမှာ အားပေးနေခဲ့တယ်။အမေလိုမျိုး ပြုစုစောင့်ရှောက်တယ် ဆိုပေမယ့် ကျွန်တော်ကိုယ်တိုင် နားမလည်တဲ့ သဘာဝတရားတွေကို ညီမလေးကို ဘယ်လိုသင်ပေးရမလဲ အမေရယ် လို့ တိုင်တည်ရင်း ငိုကြွေးခဲ့တဲ့နေ့တွေ ရက်တွေလည်း မနည်းပါဘူးဗျာ။
တဖြည်းဖြည်းနဲ့ လှသွေးကြွယ်လာတဲ့ ညီမလေးကို ပိပိရိရိ သိုသိုသိပ်သိပ်နေတတ်အောင် သင်ပေးခဲ့ရပြန်တယ်။ ဒီအချိန်မှာပဲ ကံကောင်းချင်လို့လား ကံဆိုးချင်လို့လား မသိ။ ရွာက သူဌေး အရီးလေးတို့က ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို သနားကရုဏာသက်ပြီး စောင့်ရှောက်ခဲ့တယ်။ဒုတိယအကြိမ် မွေးဖွားပေးခဲ့တဲ့ ဘဘုန်းကြီး ပြီးရင် အရီးလေးတို့က ကျွန်တော်တို့ ရိုသေရမယ့်ကျေးဇူးရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။
ဒီလိုပဲ ဘ၀ကိုအေးအေးဆေးဆေး ဖြတ်သန်းသွားရတော့မယ်လို့ စိတ်ချမယ့်ဆဲဆဲမှာ ဘ၀မုန်တိုင်းက ကျွန်တော်တို့  မောင်နှမနှစ်ယောက်ကို တိုက်ခတ်ပြန်တယ်။ ဖြစ်ပုံကတော့ မြို့ကနေ ပညာသင်ပြန်လာတဲ့ အရီးလေးရဲ့သားနဲ့ ညီမလေးတို့ရဲ့ သတင်းကြောင့်လေ။ပတ်ဝန်းကျင်က ပြောသံတွေမကြားချင်မှ အဆုံးပဲဗျာ။ ကျွန်တော် ညီမလေးကို နှမြောပေမယ့် အရီးလေးသားဆိုတဲ့ အချက်ရယ် ညီမလေးကို စိတ်ချမ်းသာစေချင်တဲ့ အချက်ရယ်ကြောင့် ထိထိရောက်ရောက် မဆုံးမခဲ့ပါဘူး။အဲဒါကပဲ ကျွန်တော့်ရဲ့အမှား တစ်ခု ဖြစ်သွားပါတယ်။ ညီမလေးကတော့ သူ့ကိုစိတ်ပူနေတဲ့ သူ့အစ်ကို ကို သတိမရအားပါဘူး ။ အရီးလေးကလဲ သိပေမယ့် ထူးခြားဟန်မပြတော့ အလကား သက်သက် စိတ်ပူနေသလားလို့ ပြန်တွေးမိပါတယ်။
ဒီအချိန်မှာပဲ ရွာကို အရီးလေးသားရဲ့ ချစ်သူဆိုပြီးရောက်လာတော့ တစ်ရွာလုံး စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြတယ်။ မြို့သူ ပညာတတ် ဥစ္စာပေါ ရုပ်ချော နဲ့ ကျွန်တော့် ညီမလေးလို ဆွေမရှိ မျိုးမရှိ ရေထမ်းရောင်းတဲ့ကောင်ရဲ့ညီမ ဘယ်လိုမှ ယှဉ်နိုင်စရာမရှိခဲ့ပါဘူး။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အရီးလေးက သူ့သားရဲ့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ပြင်ဆင်နေပါပြီ။ ညီမလေးကတော့ အမေနဲ့ အဖေတို့ ဆုံးစဉ်ကအတိုင်း ကျွန်တော့်ရင်ခွင်ထဲမှာ ငိုနေလေရဲ့ဗျာ။ အဖေ့အစားနွေးထွေးပေးခဲ့တဲ့ ကျွန်တော်၊ အမေ့အစား အားပေးခဲ့တဲ့ ကျွန်တော် အခု...... ချစ်သူအတွက် ပူဆွေးနေတဲ့ ညီမလေးရဲ့ မျက်ရည်တွေကို ဘာပြောပြီး သုတ်ပေးရမလဲ နှစ်သိမ့်ပေးရမလဲ။ ကျွန်တော်နှစ်သိမ့်ပေးလို့ကော ညီမလေးက မျက်ရည်တိတ်မှာတဲ့လား ။
မနက်ဖြန်....... မင်္ဂလာဆောင် ကျင်းပမယ့်ရက်။ အားလုံးက သနားတဲ့မျက်လုံး အစုံနဲ့ ၀ိုင်းကြည့်ခြင်းခံနေရတဲ့ ကျွန်တော်။ တဖြည်းဖြည်း အနေအထိုင် ပျက်ယွင်းလာတဲ့ ညီမလေး ။ ကျွန်တော့်ကို အမေတို့နဲ့ တစ်ခါတည်း တူတူခေါ်သွားပါတော့လား ကံကြမ္မာရယ်..... ဘာကြောင့်များ ဒီအချိန်ထိ အသက်ရှင် နေထိုင်ခဲ့ရတာလဲ.... သူများတွေ သနားတာခံရဖို့လား ...... ညီမလေး မျက်ရည်ကျတာကို စောင့်ကြည့်နေရဖို့လား..... ညရောက်တော့ ထုံးစံအတိုင်း ညီမလေးကို ချော့သိပ်နေခဲ့သည်။ တဖြည်းဖြည်းရှိုက်သံစဲသွားသည်.... အိပ်ပျော်သွားပြီ။ ဒါနဲ့ မရောက်တာကြာပြီဖြစ်သော ဘဘုန်းဆီသို့သွားခဲ့သည်။ လာမည်ကို ကြိုသိနေသည့်အလား...... ဘဘုန်းက ဆုံးမစကားများပြောကြားပြီး အေးငြိမ်းချမ်းသာစေရာတရားဓမ္မများဖြင့် လမ်းညွှန်ပြသပေးခဲ့သည်။
တည်ငြိမ်သွားသော စိတ်ဖြင့် အိမ်ပြန်လာခဲ့ရာ.... အိပ်ယာထဲမှာ ညီမလေးက ရှိမနေ။ နောက်ဖေးများသွားသလားလို့ ခေါ်သော်လဲ အသံမကြား။ဒါနဲ့ စိတ်ပူသွားသည်။ ခြံဝန်းတစ်ခုလုံး ပတ်ရှာကြည့်သော်လဲ မတွေ့။ ညီမလေး ဘယ်သွားနိုင်လဲ........... သူများတွေပြောနေသော ကန်ဘေးနားမှာလား......... ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်မည်..။ ကန်နားရောက်သော် မြင်လိုက်ရသော ၀ိုးတ၀ါးမြင်ကွင်းကြောင့် ထိတ်ကနဲဖြစ်သွားမိသည်။ မြင်ရသော အရိပ်နှစ်ခုအနက် တစ်ခုမှာ မြေပြင်ပေါ်တွင် လှဲနေသည်။ တစ်ခုမှာကား မတ်မတ်ရပ်လျှက်..... ဆံနွယ်ကေသာတို့က တဖါးဖါးလွင့်လျှက်...... ညီမလေး ဘာတွေလုပ်လိုက်ပြီလဲ.........
အနီးနားရောက်တော့ သွေးအိုင်ထဲလဲနေသော အရီးလေးသား........... မြင်ကွင်းကို ကြောင်ကြည့်နေသော ညီမလေး....... ဘုရားတလိုက်မိသော ကျွန်တော်...... လျှက်တပြက် ဆုံးဖြတ်လိုက်ရင်း ညီမလေး လက်ထဲမှ ဓါးကိုယူလိုက်သည်...... တုန်လှုပ်နေသော ညီမလေးကို ထွေးပွေ့ပိုက်ထွေးရင်း အဆက်မပြတ် ချော့မော့နေမိသည်။ အခြေအနေက အားလုံး လွန်ကုန်ပြီဖြစ်သည်။
သေချာဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း လက်တွေ့မြင်ကွင်းကြောင့် တုန်လှုပ်နေဟန်ရှိသည့် ညီမလေးက ကျွန်တော့်အကြံကို မငြင်းဆန်ပါ....... ငြင်းဆန်ဖို့ သတိရဟန်လည်းမတူ....... ဒီအခြေအနေက ကျွန်တော့်ကို အနည်းငယ် သက်သာစေသည်... ဒါပေမယ့် ကျွန်တော် နံရံလေးဘက်ထဲမှာ ရောက်နေချိန် ညီမလေး ဘယ်လိုနေရှာမလဲ တွေးမိရင်တော့ စိတ်ပူမိပါသည်............။
ထိုစဉ်မှာပင် အလည်လွန်နေသည့် သူတို့သားလောင်းအား ရှာဖွေသော သူတို့သမီးလောင်း စေလွှတ်လိုက်သည့် အဖွဲ့က ကျွန်တော်တို့ဘက်ကို ရောက်လာခဲ့သည်။ လက်တစ်ဖက်က ဓါး တစ်ဖက်က ညီမလေးကို ထွေးပိုက်ထားသော ကျွန်တော်နှင့် သွေးအိုင်ထဲလဲနေသော သူတို့သားလောင်းကို မြင်လိုက်ရသည့်အခါ ... ကျွန်တော် ဘာမှပြောရန် မလိုတော့ပါ.........။ ညီမလေး အချုပ်အနှောင်ခံရသည်ကို အပြင်မှ စိတ်ပူနေရသည်နှင့်ယှဉ်လျှင် ယခု ကျေးဇူးကန်းသူဟု ပြောသည့် အရီးလေး၏ ဒေါသသံများ.... လူသတ်သမားအဖြစ် အားလုံးက ပြစ်တင်ကြသံများသည် ကျွန်တော့်အတွက် ခံရသက်သာပါသည်.......။
တရားဥပဒေရဲ့ ဆုံးမမှုကို ခံယူဖို့ စောင့်နေဆဲမှာပဲ အပြင်မှ သတင်းတစ်ခုရောက်လာပါတော့တယ်........ လုပ်ရက်လိုက်တာ ညီမလေးရယ်...... ညီမလေးအတွက် အနစ်နာခံဖို့သွားတဲ့ ကိုကြီးကိုတောင်မှ မငဲ့ကွက်တော့ဘဲ လုပ်ရက်လိုက်တာ...... သူချစ်ရဆုံး အားထားရဆုံး တွယ်တာရဆုံး ကိုကြီး ဒီလိုဖြစ်တာကို မကြည့်ရက်လို့တဲ့လား...... ညီမလေးရယ်.....
ကျွန်တော် ချစ်သော ညီမလေးက သူ့ကြောင့် ကျွန်တော် ဒုက္ခရောက်ရပါတယ် ဆိုပြီး ကန်ထဲကို ခုန်ဆင်းသတဲ့ဗျာ...... နောက်ကျမှ သိပြီး ဆယ်ခွင့်ရခဲ့ပေမယ့် ကယ်ခွင့်တော့မရတော့ပါဘူး...... နောက်ဆုံးတော့ ကျွန်တော့်ကို ညီမလေးကပါ ထားခဲ့ပါပြီ......... ကျွန်တော့်ကို လောကအလယ်မှာ နာကျင်မှုတွေခံစားဖို့ ထားရစ်ခဲ့ပါပြီ............။ဟုတ်ကဲ့ ..... ကျွန်တော့်နာမည် ထိန်လင်းပါ..... ညီမလေးကတော့ ကိုကြီး......... တဲ့။
posted by အိစံ
>>>ဆက်ဖတ်ရန်>>> >>
ဆရာဝန်ကိုယ်တိုင်ပါဝင်ခဲ့ရသော
"မဖြစ်ဘူးဒေါက်တာ၊ မဖြစ်ပါဘူး၊ ကွှန်မဘယ်နည်းနဲ့မှ ကလေးယူလို့ မဖြစ်ပါဘူး"
အချိန်က ညနေ လေးနာရီ။ လူနာကြည့်၍ အကောင်းဆုံးအချိန်မျိုး ဖြစ်သည်။ ကွှန်တော့်အား အကျောက်အကန်
ပြောနေသည့် အမျိုးသမီးမှာ အရပ်အမောင်းကောင်းကောင်း၊ ရုပ်ရည်ချောမော၍ ခေတ်ဆန်သားနားသူ တစ်ဦးဖြစ်
သည်။ မီးခိုးရင့်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဦးထုပ် လှလှလေးတွင်မူ အဖိုးတန် စိန်ကလစ်
တစ်ချောင်း ထိုးထား၏။
သူမအား စမ်းသပ် စစ်ဆေးပြီးနောက် ကွှန်တော်က လက်ကို စနစ်တကျ ဆေးကြောသုတ်သင်ကာ ခြောက်သွေ့
အောင် သုတ်သည်။ ပြီးလျှ;င် လက်သုတ်အ၀တ်ကို ပြန်ထားလိုက်ပြီးနောက် သူမဘက်သို့ ကွှန်တော်လှည့်သည်။
"မဖြစ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က နည်းနည်းနောက်ကျသွားပြီ ခင်ဗျ၊ ဒီကိစ္စကို အရင်နှစ်လကျော်လောက်က စဉ်းစား
ခဲ့ဖို့ကောင်းတာ၊ အခုတော့ ကိုယ်ဝန်က ကိုးပတ်ရှိနေပြီ၊ ခင်ဗျားကလေးဟာ ဇူလိုင် အလယ်လောက် မွေးလိမ့်မယ်"
"မွေးလို့ဘယ်ဖြစ်မလဲ ဒေါက်တာ၊ ကွှန်မကို ကူညီပါဆရာ၊ ဆရာကူညီမှ ဖြစ်မယ်"
သည်စကားမျိုး ကွှန်တော်ကြားဖူးပေါင်း များလှချေပြီ။ ဒုက္ခရောက်လာသည့် အရောင်းဈေးသည်မလေးများထံမှ
ထိတ်ထိတ်ပျာပျာ ကြားရဖူးသည်။ အရှက်ကြီးရှက်နေသည့် အသက်သုံးဆယ့်ငါးနှစ်အရွယ် အပျိုကြီး၏ နှုတ်မှ သူမ
သစ္စာအဖောက်ခံခဲ့ရကြောင်း ရှေးပြဇာတ်ထဲက မင်းသမီးလေး၏ လေသံမျိုးဖြင့် တုန်တုန်ရီရီပြောသည်ကို ကြားရဖူး
သည်။ ကွှန်မ အနုပညာဘ၀ ဘယ်နည်းနဲ့မှ အပျက်စီးမခံနိုင်ဘူးဟု နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်က
မာနတင်းတင်းနှင့် ပြောသည်ကိုလည်း ကြားခဲ့ရဖူးသည်။ ထို့ပြင်လည်း ကလေးမွေးချိန် ဗိုက်နာရမှာ ကြောက်လှပါ
သည်၊ ကိုယ်ကာယ အလှပျက်မှာ၊ ကျန်းမာရေး ထိခိုက်မှာ၊ အသက်အန္တရာယ်ဖြစ်မှာတွေကို စိုးရိမ်လှပါသည်ဆိုသော
မိခင်မေတ္တာနည်းပါးသည့် ဇနီးမယားများ၊ ခင်ပွန်းသည်၏ အချစ် လက်လွတ်ဆုံးရှုံးခံရမှာ ကြောက်လှပါသည်ဟု ပလီ
ပလာဆိုလာသူများ စသည်ဖြင့် အမျိုးမျိုး အပြားပြားသော ဆင်ခြေများနှင့် ပြောကြားသည်ကို
ကွှန်တော် ကြားခဲ့ရဖူးပါသည်။
သို့သော် ယခုကိစ္စကတော့ နည်းနည်းပို၍ ထူးခြားသည်။ လူနာ အမျိုးသမီး ဘီယာထရစ်ဂလင်ဒင်းနင်းက ကွှန်တော်
နှင့် ရင်းနှီးခင်မင်သူ ဖြစ်သည်။ သူမ၏ခင်ပွန်း ဟင်နရီနှင့် သူမ၏ လူလားမြောက်နှင့်ပြီဖြစ်သော သားနှစ်ယောက်ပါ
ကွှန်တော်နှင့် ရင်းနှီးကြသည်။ သူတို့မိသားစုက ချမ်းသာကြွယ်ဝသည်။ နိုက်တ်(စ)ဘရစ်ခ်ျမှာ အိမ်တစ်လုံးရှိသည်။
ဟင့်(ပ)ရှိုင်းယားမှာလည်း ကျယ်ဝန်းသော ခြံမြေတစ်ခုရှိသည်။ ဟင့်(ပ)ရှိုင်းယားခြံမှာ ငှက်ပစ်၍ ကောင်းလှသည်။
ရစ်တွေ ပေါသည်။ စနေ တနင်္ဂနွေ အားရက်များမှာ ကွှန်တော် ကြိမ်ဖန်များစွာ သွားရောက်လည်ပတ်ခဲ့ဖူးသည်။
\"ဒီမှာဒေါက်တာ.. ပိုက်ဆံသက်သက်တင် မဟုတ်ပါဘူး၊ ဒီကိစ္စ ကွှန်မရှင်းပစ်မှဖြစ်မယ်၊
အဲဒီအတွက် ကွှန်မဘာပဲ ပေးရပေးရ ပေးမှာပါ\"
သူ့စကားက အဓိပ္ပါယ်ကောက်လွဲစရာ အကြောင်းမရှိပါ။ စင်စစ် နောက်ပိုင်းတွင် ပြဿနာတွေ မျိုးစုံတက်လာမည့်
အလားတူ ကမ်းလှမ်းချက်မျိုးတွေကို ကွှန်တော် ကြုံခဲ့ဖူးပြီးဖြစ်သည်။ သို့သော် ဒီလောက် ပြောင်ကျကျကြီးတော့
မဟုတ်။ တစ်ခါတုန်းကလည်း ဖက်ရှင်ဝတ်စုံ လောကမှ အမျိုးသမီးလေးတစ်ယောက်နှင့် ကြုံရဖူး၏။ အခြားသော
သူတစ်ယောက်နှင့် ဖောက်ပြားသဖြင့် ယောက်ျားနှင့် ကွဲခဲ့သည့် ပြင်သစ်မလေး။ ညှို့ယူဖမ်းစားတတ်သော မျက်နှာ
နှင့် ယဉ်ကြော့ကြော့ သွယ်လျလျ ကိုယ်ကာယပိုင်ရှင်လေး။ လှပသည့် သူ့မျက်ဝန်းထဲမှာ မျက်ရည်ဥကြီးတွေ တွဲခို
လျက်၊ သူက အတင်းရှေ့တိုးကာ ကွှန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်မည် ပြုသည်။
စင်စစ် ဆရာဝန်များသည်လည်း လူသားများသာ ဖြစ်သည်။ အခြားယောက်ျားများ နည်းတူ သဘာဝဗီဇစိတ်ကို
ခဲယဉ်းစွာ ချိုးနှိမ်ကြရသော သဘောရှိပါသည်။ သို့သော် လူမှုကျင့်ဝတ်များကို ထားဦးတော့၊ သာမန်ကျိုးကြောင်း
ဆင်ခြင်ဉာဏ် သက်သက်ဖြင့်ပင် ကွှန်တော့်ကိုယ်ကွှန်တော် ထိန်းချုပ်နိုင်ခဲ့မြဲ ဖြစ်ပါသည်။ ဆရာဝန်တစ်ဦးသည်
ကိုယ်ဝန်ဖျက်ချသော အလုပ်ကို တစ်ကြိမ်တစ်ခါ လုပ်ပေးမိသည် ဆိုလျှ;င်ပင် သူ၏လုပ်ငန်းမှာ ပြန်၍ အဖတ်ဆယ်
မရအောင် ပျက်စီးသွားတော့မည် ဖြစ်သည်။
သို့သော် ကွှန်တော်တို့အနီး ပတ်ဝန်းကျင်၌ပင် သည်ကိစ္စကို တိုးတိုးတိတ်တိတ် လုပ်ကိုင်နေကြသူတွေ အများ
အပြားရှိနေသည်။ ယောက်ျားလည်း ရှိသည်။ မိန်းမလည်း ရှိသည်။ အန္တရာယ်များလှသည့် ထိုအလုပ်ကို အခကြေး
ငွေ မတန်တဆယူကာ လျှ;ို့လျှ;ို့ဝှက်ဝှက် လုပ်ကိုင်ပေးနေကြသည်။ သို့သော် သူတို့အတွက် ကံဆိုးမိုးမှောင်ကျ
သည့် တစ်နေ့ကား မလွဲမသွေ ရောက်ရှိလာမည်သာ ဖြစ်သည်။ ဒုက္ခသည်မလေး တစ်ယောက်တစ်လေ သေဆုံး
သွားသည့် ကိစ္စမျိုးမှ စတင်ကာ ဟိုးလေးတကြော်ဖြစ်ပြီး အခြေအနေအားလုံး ပျက်စီးသွားရမည်၊ နှစ်ရှည်လများ
ထောင်ကျခံနေရမည်ဖြစ်သည်။
ကွှန်တော့်ထံ ရောက်ရှိလာသည့် ဖော်ပြခဲ့သည့် လူနာမျိုးများမှာ သည်ကိစ္စကြီးပြီးလျှ;င် ပြီးရောဟူသည့် သဘောမျိုးဖြင့်
မျက်ကန်းတစ္ဆေမကြောက် ရောက်လာကြခြင်း ဖြစ်သည်။ စင်စစ် ယင်းသို့ တိတ်တိတ်ကျိတ်၍ ကိုယ်ဝန်ဖျက်ချခြင်း
ကြောင့် မည်မျှ;ဆိုးဝါးသော ဘေးအန္တရာယ်များ ပေါ်ပေါက်နိုင်သည်ကိုမူ စဉ်းစားသိမြင်သူ အလွန်နည်းပါးလှသည်။
ပစ္စည်းပစ္စယ ပြည့်စုံသည့် ဆေးရုံ၌ ကျန်းမာရေးဆိုင်ရာ လုပ်သင့်လုပ်ထိုက်သည့် အကြောင်းကြောင့် တရားဝင်လုပ်
ကိုင်ရသည့် အခါမျိုး၌ပင် အန္တရာယ်က အနည်းနှင့် အများရှိပေသေးသည်။ အိမ်နောက်ဖေးဘက် အခန်းများတွင်
မကွှမ်းကျင်သူ အကြင်နာတရားမရှိသူတို့က မသန့်ရှင်းသော ပစ္စည်းများဖြင့် လုပ်ကိုင်ကြသည့်အခါမျိုးတွင်မူ
သွေးလွန်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ၀မ်းတွင်းမြှေးရောင်ရမ်းခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များ မလွဲမသွေ
ပေါ်ပေါက်လာရသည်။
အချို့သူများမှာလည်း ဖြစ်နိုင်မည်ထင်ရသည့် မဟုတ်က ဟုတ်က နည်းလမ်းမျိုးစုံကို မကြောက်မရွံ့ လုပ်ကိုင်ခဲ့ကြပြီး
ဖြစ်ကြောင်း သူတို့ကိုယ်တိုင်၏ ဖွင့်ဟပြောဆိုချက်များအရ သိရှိရသည်။ အလွန်ပူပြင်းသော ရေနွေးထဲတွင် စိမ်၍
ရေချိုးခြင်းမှသည် လှေကားပေါ်မှ လေးဖက်ထောက်၍ နောက်ပြန်ဆင်းသည် ဆိုသည်မျိုးအထိ မျိုးစုံ ကြားရဖူး
သည်။ ကြံရာမရဖြစ်ကာ ပြောသံကြားဖူးသမျှ;ကို လိုက်၍လုပ်ကိုင်ကြသူများမှာ တစ်ခါတစ်ရံ ငိုအားထက် ရယ်အား
သန်စရာပင် ကောင်းလှသေးတော့သည်။
သူတို့အထဲတွင် တကယ်ပင်သနားဂရုဏာ သက်စရာကောင်းသူ ကူညီဖေးမမှု လိုနေသူများလည်း ရှိကြပါသည်။
သူတို့အား ကွှန်တော် တတ်နိုင်သမျှ; ဖေးမကူညီမှု ပြုခဲ့ပါ၏။ သို့သော် ကွှန်တော့်အကူအညီကား အကြံဉာဏ်
ကောင်း ပေးခြင်းမျှ;သာ ဖြစ်သည်။ သည့်ထက် လုံးဝမပိုခဲ့။
ဘီယားထရစ်ကား မျက်ကလဲဆန်ပျာ ဖြစ်တတ်သည့် မိန်းမမျိုး၊ အသိဉာဏ်ခေါင်းပါးသည့် မိန်းမမျိုး မဟုတ်ပါ။
စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဉာဏ်ပညာ ဗဟုသုတ ရှိသူတစ်ဦးဖြစ်သည်။ အထက်တန်းအကျဆုံး အသိုင်းအ၀ိုင်းထဲတွင်
လေးစားအသိအမှတ်ပြုမှု ခံရသူ တစ်ဦးလည်း ဖြစ်သည်။
ယခုအခြေအနေတွင် ကွှန်တော့်ဘက်က လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းကား သူ့စကားကို မသိကျိုး
ကွှန် ပြုရန်သာပဲ ဖြစ်သည်။ သို့နှင့် ကွှန်တော်က အကျိုးသင့်အကြောင်းသင့် နှစ်သိမ့်ပြောဆိုသော
သဘောဖြင့် ပြောရသည်။
\"ဟုတ်တာပေါ့ဗျာ၊ သားနှစ်ယောက်ကလဲ အရွယ်ရောက်နေပြီဆိုတော့ နည်းနည်း ကသိကအောက် ဖြစ်စရာ
တော့ ရှိနေတာပေါ့ဗျာ၊ လန်ဒန်အလည်သွားမယ့် ခရီးလည်း ပျက်သွားနိုင်တာပေါ့၊ ဒါပေမယ့် ဟင်နရီကတော့
ဝမ်းသာမှာပေါ့ဗျာ\"
\"အိုရှင် .. ဒေါက်တာကလည်း နားဝေးမနေစမ်းပါနဲ့၊ ဟင်နရီက ကလေးအဖေမဟုတ်ဘူးရှင့်\"
သည်အတိုင်းဖြစ်နိုင်သည်ဟူ၍တော့ ကွှန်တော် တစ်ဝက်တစ်ပျက် မျှေ;ာ်လင့်ထားပြီးဖြစ်၏။ သို့သော် သူ့နှုတ်က
ဖွင့်ပြောသည့်စကားကို ကြားရသည့်အခါမှာတော့ ကွှန်တော် ဘာမှပင် ပြန်မပြောနိုင်အောင် ဖြစ်သွားရသည်။
ဟင့်(ပ)ရှိုင်းယားသို့ ကွှန်တော်ရောက်တိုင်းပင် သူတို့မိသားစု တစ်ပိုင်းလိုဖြစ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့
ရလေ့ ရှိခဲ့သည်။ သူက ဟင်နရီ၏ မိတ်ဆွေ အရင်းအချာတစ်ယောက်ဖြစ်၍ ငါးမျှ;ားဖက် အမဲပစ်ဖက်လည်း ဖြစ်
သည်။ လူက ပျော်ပျော်ပါးပါး နေတတ်သလို သဘောကောင်းသလို ဘာလို ပုံစံမျိုးဖြစ်၏။ ကွှန်တော်ကမူ လူပုံကို
မြင်သည်နှင့်ပင် အလိုလို မနှစ်မြို့ဖြစ်မိသည်။ ဟင်နရီ၏ ဇနီးနှင့် ၎င်းတို့ ရင်းနှီးလွန်းကြောင်းကး
သိသာထင်ရှားလှသည်။
\"အင်း၊ ပြဿနာပဲပေါ့လေ၊ ဒါပေမယ့် ကွှန်တော်ကတော့ ဘာမှ တတ်နိုင်မယ် မထင်ဘူးဗျာ\"
\"ဆရာ ကွှန်မကို မကူညီတော့ဘူးလားဟင်\"
\"ကွှန်တော် မတတ်နိုင်ပါဘူးဗျာ\"
ခဏမျှ; ငြိမ်သက်သွားသည်။ သူမပါးပြင်မှာ သွေးရောင်လွှမ်းလာတာ မြင်ရသည်။ ထို့နောက် ဒေါသရောင်တောက်
သော မျက်လုံးများဖြင့် ကွှန်တော့်ကို ကြည့်သည်။ လက်အိတ်ကို စွပ်သည်။ လက်ကိုင်အိတ်ကို ကောက်ကိုင်သည်။
မိန်းမတစ်ယောက်အား ငြင်းပယ်လိုက်ခြင်းသည် တစ်သက်တာအတွက် ရန်သူတစ်ယောက်
မွေးလိုက်ခြင်းပင် ဖြစ်သည်။
\"ကောင်းပါပြီ ဒေါက်တာ၊ နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့\"
\"ခင်ဗျားမသွားခင် တစ်ခုတော့ ပြောချင်တယ် .. ရမ်းကု တစ်ယောက်လက်ထဲတော့ ခင်ဗျားကိုယ်ခင်ဗျား မအပ်
လိုက်ပါနဲ့၊ နောက်တော့မှ နောင်တရမိလိမ့်မယ်\"
သူက ကွှန်တော့်စကားကို ကြားဟန်မရှိ။ ဘာတစ်ခုမှ မပြောတော့ဘဲ အခန်းထဲမှ တစ်ရှူးထိုး ထွက်သွားသည်။
သည်အတွေ့အကြုံအတွက် ကွှန်တော့်ရင်ထဲတွင် အော်ဂလီဆန်ချင်သလို ဖြစ်သွားမိသည်။ စိတ်က တကယ်ပင်
မသက်မသာ ခံစားရမိသည်။ ကွှန်တော့်အဖို့ ဖောက်သည်ကောင်းတစ်ယောက် လက်လွှတ်လိုက်ရသလို သဘော
ကောင်းသော အိမ်ရှင်မတစ်ယောက် ဆုံးရှုံးခံလိုက်ရခြင်းလည်း ဖြစ်၏။ ထို့ပြင် နှစ်စဉ် ဆောင်းဦးပေါက်တိုင်း
ကွှန်တော် ရနေကျဖြစ်သည့် ရစ် အဖိုအမ ခြောက်စုံခန့်ကိုလည်း သည်နှစ် ရနိုင်မည် မဟုတ်တော့။
မစ္စဂလင်ဒင်းနင်းကို ကွှန်တော် နောက်ထပ် တွေ့ရလိမ့်မည်ဟု မမျှေ;ာ်လင့်တော့ပါ။
သို့သော် ကွှန်တော် ဘယ်လောက် လွဲလိုက်ပါသနည်း။ ထိုမိန်းမ၏ တားဆီးမရနိုင်သည့် စိတ်ဓာတ်ကို ကွှန်တော်
လုံးဝ အကဲမခတ်တတ်ခဲ့ချေတကား။
နောက် ဆယ်ရက်ခန့်အကြာတွင်ပင် ကွှန်တော့်ထံသို့ တယ်လီဖုန်း လာသည်။ ဆက်သူက ဂလင်ဒင်းနင်း ဖြစ်
သည်။ ဘီယားထရစ်သည် အအေးမိပြီး ဖျားနေကြောင်း၊ သာမန်မဟုတ် အလွန်ဆိုးသည့် တုပ်ကွေးဖျားဖြစ်ကြောင်း
ပြောဆိုပြီး ကွှန်တော့်အား ကျေးဇူးပြု၍ အမြန်ဆုံး နိုက်တ်(စ)ဘရစ်ခ်ျသို့ ကြွရောက် ကြည့်ရှုပေးပါဟု မေတ္တာရပ်ခံ
လာလေသည်။ ဆက်ဆံရေး မပျက်သေးသည့်အတွက် ကွှန်တော် ၀မ်းသာသွားမိပြီး နောက်တစ်နာရီခန့် အတွင်း
မှာပင် ဂလင်ဒင်းနင်းတို့၏ မြို့ပိုင်းနေအိမ်သို့ ကွှန်တော် အရောက်သွားခဲ့သည်။
ကွှန်တော့်အား ဘီယားထရစ်၏ အခန်းသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။ လူနာနံဘေးတွင် သူနာပြု
တစ်ယောက် ရှိနေသည်။ လူလတ်ပိုင်းအရွယ် တုတ်တုတ်ခိုင်ခိုင် မိန်းမတစ်ယောက်။ မျက်နှာ၇ိပ် မျက်နှာကဲ
ကြည့်ရသည်မှာ စိတ်မချ မယုံကြည်ချင်စရာ။
လူနာက ခုတင်ပေါ်မှာ ပက်လက်ကလေး။ ရုတ်တရက် လှမ်းမြင်လိုက်ရသည့် အခိုက်မှာပင် ကွှန်တော်မျှေ;ာ်လင့်
ထားသည့်ထက် အများကြီးပို၍ နေမကောင်းဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ လူတစ်ကိုယ်လုံး ကြောက်စရာ
ကောင်းလောက်အောင် သွေးဆုတ်သလို ဖြစ်နေသည်။ နှုတ်ခမ်းတွေက ဖွေးဖွေးလှုပ်လျက်။ ပြီး အပြင်းဖျားနေသည့်
လက္ခဏာများလည်း အပြည့်အ၀ ရှိနေသည်။
ကွှန်တော် ဇဝေဇ၀ါဖြစ်သွားသည်။ အပေါ်က ခြုံလွှာကို ဆွဲခွါကြည့်လိုက်သည့် အခါ၌မူ အဖြစ်မှန်က ဘွားခနဲ
ပေါ်လာသည်။ ဟိုကိစ္စ လုပ်ထားပြီး ဖြစ်နေပြီ။ မတတ်တတတ် ပစ်စလက်ခတ် လုပ်ထားခြင်း ဖြစ်သည်။
မသန့်ရှင်းသဖြင့် ပိုးဝင်ကာ အကြီးအကျယ် မန်းတက်လျှ;က် ရှိပြီး သွေးဆင်းနေသည်မှာလည်း အနည်းဆုံး
၁၂ နာရီမျှ; ကြာခဲ့ပြီ ဖြစ်သည်။
\"ကွှန်မ အားလုံး အဆင်သင့် ပြင်ထားပါတယ် ဒေါက်တာ\"
သူနာပြု အမျိုးသမီးက ကွှန်တော့်အား ခံစားချက်ကင်းသည့် လေသံဖြင့် ပြောပြီး ဂွမ်းတို့ဖတ်နှင့် ဆေးဝတ်စများ
ထည့်ထားသော ဇလုံကို ပေးသည်။
ကွှန်တော် ရုတ်တရက် အကြီးအကျယ် ဒေါသထွက်ကာ ဆက်ခနဲ နောက်ဆုတ်လိုက်မိသည်။ အခန်းထဲမှ ချက်ချင်း
ထွက်သွားချင်စိတ် ပေါက်သွားသည်။ သို့သော် အဘယ်မှာ ထိုသို့လုပ်နိုင်ပါမည်နည်း။ လူနာက အချိန်မရွေး
အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေမှာ ရှိသည်။ သည်မိန်းမမိုက်အတွက် ကွှန်တော် တစ်စုံတစ်ခု လုပ်မှဖြစ်
တော့မည်။ ကွှန်တော် ကျကျနနကြီး ချောင်ပိတ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
ကွှန်တော် လုပ်စရာရှိတာတွေ စ,လုပ်သည်။ ကွှန်တော့်နည်းလမ်းက သိပ်ညှာညှာတာတာလည်း လုပ်၍မရ။
သို့သော် သူမက လုံးဝညည်းညူခြင်း ငြင်းဆန်ခြင်း မပြု။ အပြင်းထန်ဆုံး ဝေဒနာကိုပင် ကျိတ်မှိတ် မျိုသိပ်
ခံရှာသည်။ သွေးဒလဟော ဆင်းနေခြင်းကို ထိန်းလိုက်နိုင်ပြီးသည့် အခါ၌ ကွှန်တော် အိမ်ပြန်ဖို့ပြင်ဆင်သည်။
လူနာက ကွှန်တော်လုပ်ကိုင်နေစဉ် တစ်လျှေ;ာက်လုံး ကွှန်တော့်မျက်နှာကိုသာ မခွာတမ်း စိုက်ကြည့်နေခဲ့သည်။
ယခု ကွှန်တော်ပြန်တော့မည် ဆိုတော့မှ သူက လေသံသဲ့သဲ့လေးဖြင့် ကြိုးစားအားယူ၍ ပြောသည်။
\"ဒေါက်တာ ကွှန်မဖြစ်တာ တုပ်ကွေးနော်၊ ဟင်နရီက တုပ်ကွေးလို့ပဲ သိထားတယ်၊
ညဘက်လည်း လာပါဦးဒေါက်တာ\"
အောက်ထပ် စာကြည့်ခန်းထဲတွင် ဟင်နရီက ကွှန်တော့်အား ရှယ်ရီတစ်ဖန်ခွက်နှင့် အသင့်စောင့်နေသည်။
ဇနီးသည်အတွက် စိုးရိမ်သောက ရောက်နေသည့် ကြားကပင် ထုံးစံအတိုင်း ဖော်ဖော်ရွေရွေ ဧည့်ဝတ်ကျေနေ
ပေးသေးသည်။ လူက သေးသေးကွေးကွေး၊ ဟိတ်ဟန်မရှိ၊ ရှက်ရွံ့တတ်သည့် အမူအရာမျိုးသာ ရှိ၏။ ဖခင်ထံမှ
အမွေအမြောက်အများ ရခဲ့သူဖြစ်ပြီး သူ့ချမ်းသာ စည်းစိမ် အများအပြားကို တစ်ပါးသူတို့၏ ပျော်ရွှင်မှုအတွက်
သုံးစွဲနေသူလည်း ဖြစ်၏။ ရိုးသားပွင့်လင်း၍ ခင်မင်ကြင်နာဟန် ရှိသည့် သူ့မျက်နှာကို ကြည့်မိသည့်အခါ
စောစောကပင် ကွှန်တော်ပြောမည်ဟု စိတ်ကူးခဲ့သမျှ; စကားတွေသည် နှုတ်ဖျားမှာပင် ချုပ်ငြိမ်းသွားခဲ့သည်။
သူ့ကို ကွှန်တော် မပြောနိုင်တော့။ ဘယ်နည်းနှင့်မျှ; ပြောမထွက်နိုင်တော့။
\"ဒီ တုပ်ကွေးဆိုတဲ့အကောင် အတော်ဆိုးတာဗျ နော်\"
ကွှန်တော် သက်ပြင်းချလိုက်သည်။
\"ဟုတ်တယ် ဟင်နရီ\"
\"အခု ကွှန်တော့်အမျိုးသမီး ဖြစ်တာလဲ တော်တော့်ကို ဆိုးတယ် ပြောရမှာပေါ့ဗျာ\"
\"ဟုတ်တယ်၊ ဆိုးတယ်ပြောရမှာပေါ့\"
\"သေသေချာချာ ကောင်းသွားတဲ့အထိ ကြည့်ပေးပါ ဒေါက်တာ\"
ခဏငြိမ်သက်နေသည်။
\"ကြည့်ပေးပါ့မယ်ဗျာ၊ ကောင်းသွားတဲ့အထိ ကွှန်တော် ကြည့်ပေးပါ့မယ်\"
ထိုနေ့ ညနေပိုင်းတွင် ကွှန်တော် တစ်ကြိမ် ထပ်ရောက်သည်။ နောက်ထပ် ဆယ်ရက်ခန့် နေ့စဉ် တစ်ရက်နှစ်ကြိမ်
မှန်မှန်သွားကြည့်သည်။ လူနာအခြေအနေက နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်သည့် အနေအထားမျိုးဖြစ်ရာ
အမြဲသတိထား စောင့်ကြည့်နေရသည်။
ဟင်နရီမသိအောင် ဖုံးကွယ်ရသည့် ကိစ္စတွင်မူ ကွှန်တော်လည်း ပါဝင်သွားခဲ့သည်ဟု ဆိုရပါမည်။ သို့သော်
တကယ့်လှည့်ကွက်များကိုကား ဘီယားထရစ်နှင့် သူနာပြု အမျိုးသမီးတို့က ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဟင်နရီဂလင်ဒင်းနင်းကား တစ်ချိန်လုံး အိမ်တွင် အတူနေကာ ညတိုင်းလည်း လူနာခန်းနှင့် ကပ်လျက် အခန်းတွင်
အိပ်နေပါလျက် တကယ့်ရောဂါ အစစ်အမှန်ကို တစိုးတစိမျှ;ပင် မရိပ်စားမိခဲ့ချေ။ ပြော၍ယုံနိုင်စရာပင်မရှိ။
သို့သော် တကယ်မသိခဲ့သည်ကား အမှန်ပင်ဖြစ်သည်။
လကုန်ပိုင်းလောက်တွင် နောက်ဆုံးအခေါက်အဖြစ် ကွှန်တော် သွားရောက်ရသည်။ ဘီယားထရစ်က ထနိုင်နေပြီ။
ဇာဖြူ အနားတပ် နှင်းဆီသွေးရောင် လက်ဖက်ရည်ပွဲ ၀တ်စုံကို ဆင်မြန်းကာ ဧည့်ခန်းဆိုဖာ၌ ထိုင်နေပုံမှာ အလှ
ကျက်သရေ ဖြာဝေနေသကဲ့သို့ ရွှင်ပျလန်းဆန်းဟန်လည်း ပေါ်လွင်လှ၏။ တစ်ခန်းလုံးတွင်လည်း ပန်းတွေ
ဝေ၍နေပေသည်။ ဇနီးသည်အား မြတ်နိုးမြဲ မြတ်နိုးဆဲ ဖြစ်သည့် ဟင်နရီကား အထူးဝမ်းသာ ရွှင်လန်းလျက်ရှိပြီး
ကြင်နာယုယ၍ မဆုံးနိုင်အောင် ရှိနေလေတော့သည်။
လက်ဖက်ရည်ပွဲကို သပ်ရပ်သန့်ပြန့်သည့် အိမ်စေတစ်ယောက်က ယူဆောင်တည်ခင်းပေးသည်။ မျက်နှာကြော
တင်းတင်းနှင့် သူနာပြု အမျိုးသမီးကား မရှိတော့တာ အတော်ကြာပြီဖြစ်၏။
ကိတ်မုန့်တစ်ချပ်ကို လက်ထဲတွင် တကိုင်ကိုင်လုပ်နေရင်း ဘီယားထရစ်က အလိုဆန္ဒ ပြည့်ဝသေးဟန်မတူသည့်
မျက်လုံးများဖြင့် ကြည့်၍ပြောသည်။
\"နောက်အပတ်ကျရင် ဟင်နရီက ကွှန်မကို မဒီရာကို ခေါ်သွားမယ်တဲ့ ဒေါက်တာ၊ သူက ကွှန်မအတွက် အပြောင်း
အလဲ တစ်ခုခု ရှိသွားအောင် လုပ်ပေးရမယ်တဲ့\"
\"ဟုတ်တယ်၊ ဒါလင့်မှာ လိုအပ်နေတာကိုး\"
\"ကျေးဇူးတင်ပါတယ် မောင်ရယ်\"
ဘုရား .. ဘုရား .. တတ်လည်းတတ်နိုင်သည့် မိန်းမပါတကား။ သွေးအေးအေးနှင့် စနစ်တကျ ကြံစည်ကာ
ပက်ပက်စက်စက် လိမ်လည် လှည့်ဖြားတတ်သော မိန်းမမျိုး၊ အလွန်တရာ သစ္စာမဲ့သော မိန်းမမျိုးပါတကား။
\"ပထမတစ်ပတ်တော့ ကွှန်မတို့နှစ်ယောက်တည်း အတူတူပေါ့လေ\"
သူက လေသံချိုချိုဖြင့် ဆက်ပြောနေပြန်သည်။
\"ဒုတိယ ဟန်းနီးမွန်းပေါ့၊ နောက်တော့ ဂျော့ခ်ျလိုက်လာမယ်၊
သူ့ကိုတော့ ကွှန်မတို့ နှစ်ယောက်လုံး သိပ်ခင်ကြတယ်လေ\"
သူမ၏ မျက်လုံးများက ကွှန်တော့်ကို မခွာတမ်း စိုက်ကြည့်လျက် ရှိနေသည်။ စကားသံက တစ်ချက်
ကလေးမျှ;ပင် ထစ်ငေါ့သွားသည်မရှိ။
\"လက်ဖက်ရည် ယူပါဦး ဒေါက်တာရဲ့၊ ကွှန်မတို့ ပြန်ရောက်တဲ့အခါ အလည်လာပြီး ငှက်အတူ ပစ်ရဦးမယ်နော်\"
ကွှန်တော်ပြန်မည်ပြုတော့ ဟင်နရီက တံခါးဝအထိ လိုက်ပို့ပြီး ကွှန်တော့်ကို လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်သည်။
\"ဒေါက်တာ အခုလို ဂရုစိုက် ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ၊ ဒီတုပ်ကွေးဆိုတဲ့
အကောင်က အတော့်ကို ဆိုးတာဗျနော်\"
သူက မှတ်ချက်ချလိုက်သေးသည်။
ကွှန်တော်က ကင်ဆင်တန်ပန်းခြံကို ဖြတ်ကာ အိမ်သို့ လမ်းလျှေ;ာက်ပြန်လာသည်။ တစ်လမ်းလုံး အံတကြိတ်ကြိတ်
နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီး လာခဲ့မိသည်။
\"ခွေးမသား တော်တော် အသုံးမကျတဲ့ သတ္တ၀ါ၊ ဒီလောက် .. .. .. သုံးမကျတဲ့ သတ္တ၀ါမျိုးကွာ\"
သို့သော် နိုဝင်ဘာလတွင်ကား ကွှန်တော့်စံချိန်အတိုင်း ရစ်အဖိုအမ ခြောက်စုံ ကွှန်တော်ရရှိခဲ့ပါသည်။
တကယ် နူးညံ့ အရသာရှိလှသည့် သတ္တ၀ါများပင်။
စာရေးဆရာ ခရိုနင်(A.J Cronin)၏ ဆောင်းပါးများနှင့် ၀တ္ထုများကို
စုစည်းဖော်ပြထားသည့် ဖေမြင့် ၏ ဘ၀ဒဿန ရသစာများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>
ချစ်ခြင်းနှင့်မသင့်မြတ်တဲ့ ချစ်တတ်သူတို့အကြောင်း
တကယ်တော့ ငါကိုကမှားတာပါကွာ.. ပဲကြီးလှော်ကို ပါးစပ်ထဲထည့်ရင်းလှမ်းပြောလိုက်တဲ့ ကိုမူရဲ့ အသံ ဟာ ကျွန်တော်တို့ကြားမှာရှိတဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ သဘာဝတရားရဲ့ ၀မ်းနည်းခြင်း သင်္ကေတတစ်ခုကို ဖျက်ဆီးလို့နားထဲ ၀င်ရောက်လာတယ်။ ညကအိပ်ရေးပျက်ထားတဲ့ ဒဏ်ရယ်၊ ခဲလေသမျှ သဲရေကျရတာ ရယ်၊ တစ်ရွာလုံးရဲ့ ခပ်စိမ်းစိမ်းမျက်လုံးတွေအောက် နေနေရတာတွေရယ်ကြောင့် ကျုပ်တို့ သုံးယောက် သား စကားတစ်လုံးမှ မပြောနိုင်ဘဲ ကိုယ့်ခွက်ကိုသောက်နေကြရာကနေ ကိုမူက အဲ့ဒီစကားကို စတင်ဖာက်ကြားလာတယ်ဖြစ်တယ်။
အေးလေ.. မင်းမှားတာပဲလေ။ ငါနဲ့ ဟိုကောင်နဲ့က မင်းပြောတဲ့အတိုင်း အတိအကျလုပ်တာပဲလေ။ မင်းကိုယ်က အသုံးမှမကြတာ။ အဲ့ဒါကြောင့် ဒီလွဲတဲ့အကျင့်ကို မွေးမထားနဲ့ မြန်မြန်ပြင်ပါလို့ ငါပြောသားပဲ ဆိုပြီး ကျုပ်လည်းအသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ မျိုးကြီးက .. မင်းကိုငါတို့ အတန်တန်ပြောသားပဲ ဒီအကျင့်ဆိုးကြီးကို ပြင်ပါလို့ဆိုတာ ခုတော့ ကြည့်လေ တစ်ရွာလုံးကဒို့ကို ဘယ်လိုအကြည့်နဲ့ကြည့်ပြီး ဘာတွေပြောနေကြပြီလဲ။ အဲ့ဒါမင်းကြောင့် ငမူ !!! ငါတော့ မင်းကို လုပ်လိုက်ရနော်....!! ဆိုပြီးပြောပြောဆိုဆိုနဲ့ လက်သီးနဲ့ ထိုးမလိုလုပ်လို့ ကျုပ်ဝင်ဆွဲ လိုက်ရတယ်။ ဟေ့ကောင် မင်း..စိတ်ထိန်းစမ်းကွာ.. ဒီမှာပြသနာတွေက ရှုပ်နေတာ နောက်တစ်မှုမတိုးစေနဲ့။ (ဒီကောင်စိတ်တိုမယ်ဆိုလည်း တိုစရာပဲ။ ဘောလုံးပွဲမကြိုက်တဲ့ ဒီကောင်ကို ကျုပ်ကညတုန်းက ဘောလုံးပွဲကြည့်ဖို့ ခေါ်သွားမိတယ်လေ။ ချန်ပီယံလိဂ်ဆိုတော့ သိတဲ့အတိုင်းပဲ ပွဲကောင်းလေ။ ဝေလီဝေလင်းမှာ လုပ်စရာလေးကလည်းရှိတော့ ကျုပ်လည်း ဒီကောင့်ကို ဟေ့ကောင်မင်းငါနဲ့လိုက်ပြီး ဘောလုံးပွဲရုံမှာ ဒီညအိပ်လိုက်.. ပြီးမှ ဒို့လုပ်စရာရှိတာဆက်လုပ်မယ်ဆိုပြီး ဒီကောင့်ကိုပင့်လိုက်မိတယ်လေ။)
ဟာကွာ... မင်းတို့ကောင်တွေကလည်း ငါ့ကိုစာနာစိတ်ကို မရှိကြဘူး။ ဒီမှာ အထိုးခံထားရတာတွေက နာရတဲ့ကြားထဲ။ မင်းတို့အလှည့်ကျမှ ကောင်းကောင်းသိမယ်။ နာလည်းနာ ၀မ်းလည်းနည်းနေတဲ့ သူ့ရဲ့ဝမ်းခေါင်းသံကြီးနဲ့ ကိုမူကကျုပ်တို့ကို တောင်းပန်သလိုလို ဟောက်သလိုလို လှမ်းပြောတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ် သူ့ခမျာမျက်နှာမှာ ဖူးလို့ရောင်လို့။ ကျုပ်တို့နှစ်ယောက်က အိပ်ရေးပျက်တာလောက်ပဲရှိတာလေ။ သူ့ဒဏ်ရာကတော်တော်တော့ ပျင်းမယ်ဗျ။ နယ်နယ်ရရလက်သီးမိထားတာ မဟုတ်ဘူးလေ။ ဘောလုံးပွဲရှုံးတဲ့လက်သီးလေ။ သာမာန်လက်သီးထက် အဆတစ်ရာပိုပြင်း၏ လို့ဆိုရမလားပဲ။
ဒီနေ့ မနက်အစော ၃ နာရီလောက်ကပေါ့ ဒီကိုမူက သူကြီးသမီးကို ခိုးပြီးလို့ ကျုပ်တို့ နှစ်ယောက်ကို စောင့်နေတုန်း ဘောလုံးပွဲရှုံးပြီးပြန်လာတဲ့သူတွေက သူတို့နှစ်ယောက်ကို တွေ့သွားပြီး သူတို့ ရှုံးလာသမျှလောင်းကြေးတွေကို ကိုမူ့မျက်နှာဆီကနေ အလျော်ယူပြီး ကိုမူ့ကို သူကြီးဆီ အပ်လိုက်တယ်လေ။ ကိုမူကလည်းကိုမူပဲ ကိုင်လိုက်ရင်မီးခဲချည်းပဲ. ဒါပေမဲ့ ချီးကျူးစရာကောင်းတာက ဒီလူကကျုပ်တို့ သုံးယောက်ထဲမှာတော့ ရင်ခုန်သံအကောင်းဆုံးပဲလို့ ဆိုရမယ်။ သူ့ စကားနဲ့ပြောရရင်တော့ ငါ့နှလုံးသားက ထိလွယ်ရှလွယ်လေးပါတဲ့။ အဲ့ဒီထိလွယ်ကလေး ဒီတစ်ခါတော့ ကျုပ်တို့ အဆုံးသတ်သွားပြီမှတ်တာ ကံကြမ္မာကလွဲဖြစ်အောင်လွဲလိုက်သေးတယ်။
တကယ်တမ်းပြောရရင်တော့ ကျုပ်နဲ့ ဟိုကောင်နဲ့က သူခိုင်းတဲ့အတိုင်းကွက်တိလုပ်တာပဲ။ သူပဲကျုပ်တို့ကို ပြောတယ်လေ မနက် ၃ နာရီလောက်ကို သူကြီးအိမ်နောက်ဖေးမှာ လှည်းနဲ့ တကွစောင့်နေပါလို့ သူကကျုပ်တို့ကို မှာတယ်လေ။ ဒါနဲ့ ကျုပ်က အိုကေ ငါဘောလုံးပွဲကြည့်မှာဆိုတော့ ကွက်တိပဲလို့ ဘောလုံးပွဲပြီးတာနဲ့ တန်းလာရုံပဲလို့။ ဒါပေမယ့် ဟိုကောင်ကတော့ သူ့အိမ်ကို ကျုပ်ကို လာနှိုးပါလားတဲ့ သူအိပ်ရင်းစောင့်နေမယ်တဲ့။ ကျုပ်ကလည်း ဒီလောက်အရေးကြီးတဲ့ အချိန်မှာ သည်းခံပြီး ဘောပွဲရုံ လိုက်အိပ်လိုက်ကွာ။ ပြီးတာနဲ့သွားလို့ရအောင်လို့ဆိုပြီး ကျုပ်ကပြောပြတော့ သူကသဘောတူတယ်။ ငမျိုးကဘောပွဲရုံ ဆူဆူညံညံကြားမှာ ရအောင်အိပ်တယ်။ ဘောပွဲကလည်း ဂိုးတွေတဒိုင်းဒိုင်းသွင်းနေတော့ ကျုပ်ကလည်းဘယ်ဘက်က ဂိုးသွင်းသွင်းပျော်တဲ့ကောင်ဆိုတော့ တစ်ဂိုး ဂိုးတိုင်း ထထအော်နေမိတော့ လောင်းထားတဲ့သူတွေက နဲနဲတော့တင်းနေကြပုံပဲ။
ဒီလိုနဲ့ ဘောလုံးပွဲလည်းပြီးရော ဟိုကောင်ပြောတဲ့အတိုင်းကျုပ်တို့လည်း သူကြီးအိမ်နောက်ဖေးမှာ လှည်းလေးထိုးပြီး ငမျိုးကအိပ်လို့ ကျုပ်ကတော့လှည်တဆန့်ဆန့်နဲ့ ငမူ ဘယ်တော့ ထွက်လာမလဲ စောင့်နေတာပေါ့။ တော်တော်ကြာလို့ ရုတ်ရုတ်သဲသဲအသံတွေကြားမှ ငမူနဲ့ သူကြီးသမီးကို ဘောပွဲကြည့်ပြီး ပြန်လာတဲ့သူတွေက မိသွားကြပါလေရော။ အဲ့ဒီတော့မှ ကျုပ်လည်း ငမျိုးကို ဟေ့ကောင် ထထ ဟိုကောင်တော့ ဒုက္ခရောက်နေပြီဟ ဆိုပြီးမြန်မြန်နှိုးလိုက်တော့ ဒီကောင်လည်း ကမန်းကတန်းထလိုက်တာ ခြုံထားတဲ့ပုဆိုးက အထက်အောက်လွဲနေလို့... ဟေ့ကောင် မင်းပုဆိုးကဇောက်ထိုးကြီးလို့ ဆိုပြီး အော်သတိပေးလိုက်ရသေးတယ်။ ဒီလိုနဲ့ ကျုပ်တို့လည်း ကိုမူတို့ နားရောက်ရော ဒီကောင် ငမူခမျာ လူလယ်ကောင်မှာ ပုဆိုးစလေးကိုင်ပြီး ဆောင့်ကြောင့်လေးထိုင်လို့ မလုပ်ကြပါနဲ့ကွာ.. ငါတို့ချစ်ခြင်းကို မခွဲကြပါနဲ့ကွာဆိုပြီး တောင်းပန်တိုးလျှိုးနေလေရဲ့။
ဒါကတော့ကျုပ်တို့ရဲ့ ဝေလီဝေလင်းအရှုပ်တော်ပုံပဲ။
မင်းပြောတဲ့အတိုင်း ငါတို့က အိမ်နောက်ဖေးမှာ စောင့်တယ်နော်.. ငါတို့အပြစ်တစ်ပြားမှမရှိဘူး ဆိုပြီးဟိုကောင်ကပြောတော့. ငမူက အေးပါကွာ. ငါမှားသွားတာပါ.. ငါဆိုလိုချင်တာက သူကြီးအိမ်အနောက်ဖက်ဘေးကွ.. ဆိုပြီး မချိတင်ကဲအသံနဲ့ပြောတယ်။ ဒီမှာ ကျုပ်က .. အေး.. အိမ်အရှေ့ အိမ်အနောက်.. အိမ်ရှေ့ဖက်၊ အိမ်နောက်ဖက်ဆိုတာ တို့မွေးကတည်းက ကျေလာတဲ့စာကွ မင်းနားမလည်တာတော့ တို့လည်း မတတ်နိုင်ဘူးဆိုပြီး ပြောလိုက်တယ်။ တကယ်တော့ သူကကျုပ်တို့ကို သူကြီးအိမ်ရဲ့အနောက်ဖက်ဘေးကနေစောင့်လို့ ပြောချင်တာ။ တကယ်တမ်း သူ့ပါးစပ်က ထွက်လာတာက သူကြီးအိမ်နောက်ဖေးတဲ့ ..ဒါနဲ့ပဲ ကျုပ်တို့ရဲ့ အလွဲတွေက ဆိုးရွားတဲ့အကျိုးဆက်တွေ ဆက်တိုက်ဖြစ်တော့တာပဲ။
ကျုပ်တို့ရဲ့ အသံတွေကလည်း နဲနဲမာနေတော့ ကိုမူနဲနဲတော့လန့်နေပုံပဲ။ အဲ့ဒီအချိန်မှာပဲ မျိုးကြီးက ငမူ့ကိုသနားနေပုံပေါ်တယ်.. သူ့ကိုစကားလမ်းကြောင်းလွှဲတဲ့ အနေနဲ့.. ခင်ဗျား ကောင်မလေး စိတ်ညစ်ပြီး ခုချိန်မှာ ကိုယ့်ဟာကိုယ် သက်သေသွားဦးမယ်နော် ဆိုပြီးပြောလိုက်တယ်။ အဲ့ဒီမှာပဲ ကိုမူရဲ့ခေါင်းရွက်ဗျက်ထိုး လေသံကြီးက တိုးထွက်လာတယ်... ဟာာ ..ဟာာ.. ဒါတော့လုံးဝမဖြစ်နိုင်ဘူး ကိုယ်သိတယ်..။ ဘာကြောင့်ခင်ဗျားက ဒီလောက်သေချာတာတုန်းဆိုတော့ ကိုမူက.. ဒီလိုကွ သူ့အမေနဲ့ငါ့အဖေနဲ့ ကြိုက်နေရာကနေ. သူကြီးကကြားဖြတ်ပြီး ခိုးပြေးတော့ သူ့အမေကဘာမှဖြစ် မသွားဘူးကွ။ ခု မင်းတို့ကြည့်လေ သူကြီးနဲ့ သူ့မိန်းမနဲ့က အဆင်ပြေနေတာပဲလို့ပြောလိုက်တော့ ကျုပ်တို့နှစ်ယောက်မှာ မရှိတဲ့နံရိုးကြားက အားလေးတွေထုတ်ပြီး တဟားဟားနဲ့ အော်ရယ်မိကြတော့တယ်။
အေး.. သူဘာမှမဖြစ်သလို မင်းလည်းဘာမှ မဖြစ်စေနဲ့လို့ မျိုးကြီးက ၀င်ထောက်တော့.. အေး ငါလည်းခုခဏပဲ တော်ကြာရင်တော့ ဘာမှကိစ္စမရှိဘူး ထုံးစံအတိုင်းပဲလို့ ဆိုလိုက်တော့.. ကျုပ်လည်း အော် အော် ထိလွယ်ရှလွယ်ကြီးရယ် ဆိုပြီးပြောပြောဆိုဆို ကျုပ်နဲ့ မျိုးကြီးအော်ရယ်လိုက်ကြတယ်။ ဒါဆိုခင်ဗျားက တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူပြောင်းနေမှာပေါ့ ဟုတ်လားဆိုပြီးမျိုးကြီးက မေးလိုက်တော့မှ ကိုမူက.. အမလေးကိုယ့်လူ အချစ်ဆိုတဲ့အရာက ထာဝရရှင်သန်နေတဲ့ အရာမျိုးဟ ဆိုပြီးပြန်ပြောလိုက်တယ်။ ကိုမူရဲ့အဖြေကို သဘောကျစွာရယ်ရင်းကပဲ ကျုပ်က... ဒါဆို ကိုမူ့ရဲ့ ၀ါဒီက ကျုပ်ကြားဖူးထားတဲ့ စကားလိုဖြစ်နေပြီ။ ဘာလဲဟ လုပ်စမ်းပါဦးဆိုပြီး အချစ်နဲ့ပက်သက်ရင် အမြဲတက်ကြွတဲ့ကိုမူ ကလှမ်းထောက်လိုက်တယ်။
ဒီလိုဗျ.. Love can neither be created nor destroyed. It can only change from one people to another ဆိုလားပါပဲဗျာဆိုပြီး ပြောပြောဆိုဆိုကျုပ်တို့ သုံးယောက်သား ရယ်လိုက်ကြတယ်။ ဟဟဟဟ ဟုတ်တယ်ဟေ့ ကြိုက်သွားပြီ ဒီစကားကတော့ ဒါနဲ့ ငအောင် မင်းမြို့တက်ပြီး စပီကာကြီးကင်တုန်းက တစ်လဘယ်လောက်ပေးရတုန်းဆိုပြီး ကိုမူကကျုပ်ကို ခနဲ့တဲ့တဲ့ လှမ်းမေးလိုက်တယ်။ ကျုပ်လည်း မင်းကြီးတော်ကြီး ကင်ပါလားဟ.. စပီကင်ဟ စပီကင်.. မင်းဘကြီး စပီကာကင်ပါလားဆိုပြီး အော်ပြောလိုက်တယ်။ ဒီတော့ကိုမူက.. အေး မင်းဘာသာ စပီကာပဲကင်ကင် စပီပဲကင်ကင်.. ကင်ချင်တာကင် နောက်ဆုံးတော့ ခုမင်းကျွဲကျောင်းရင်းတော့ ပြောလို့အဆင်ပြေတယ် မဟုတ်လားဆိုပြီးပြောလိုက်တော့ ကျုပ်လည်း ခွေးကောင်သေပေတော့ ဆိုပြီးရှေ့မှာရှိတဲ့ ပဲကြီးလှော်တွေနဲ့ လှမ်းပက်လိုက်တယ်။ သူတို့နှစ်ကောင်က ကျုပ်ဒေါသထွက်တာကိုကြည့်ပြီး တဟားဟားရယ်ကြလေသည်။
အေး. ဟေ့ကောင် မင်း No Lake for No Lake Sucks !!!! ဆိုတာကြားဖူးတယ်မလားဆိုပြီး ကျုပ်ကပြောလိုက်တော့ ... ဟိုနှစ်ကောင်က ဟဲ့ကောင်အဲ့ဒါတော့ ငါတို့တစ်ခါမှ မကြားဖူးဘူး ဘာတုန်းဟဆိုပြီး လုပ်လာကြတယ်။ ကျုပ်လည်း အေး မသိရင်မှတ်ထား ... ရေမရှိရေမလာ စိတ်ပျက်တယ်ကွာ !! ဆိုပြီး ပြောကာသုံးယောက်သား ဟက်ဟက်ပက်ပက် ရယ်လိုက်ကြလေတော့သည်။
အေးအေး..ကဲကျုပ်ကတော့ တစ်ခုပဲစိုးရိမ်တယ် ဟိုကိုရီးယားကားတွေထဲကလို ကိုမူ ခင်ဗျားကောင်မလေး ကိုယ့်ဟာကိုသက်သေသွားမှာကိုပဲဗျ ဆိုပြီးပြောလိုက်တော့... အေး အဲ့ဒါ.. ကိုယ်ပြောချင်တာ အဲ့ဒါပဲ.. အဲ့ဒီလိုလူတွေမှာ အပြစ်က လုံးဝကို ကြီးတယ်။ ဟ.. ဘယ်လိုအပြစ်ကြီးတာတုန်းဟ လုပ်စမ်းပါဦးဆိုပြီး ကျုပ်နဲ့ ဟိုကောင် သိချင်ဇောနဲ့ မေးလိုက်မိကြတယ်။ အဲ့ဒီမှာကိုမူလည်း အားတက်သွားပြီး ... အေး အဲ့ဒီလို အချစ်ကြောင့် ကိုယ့်ဟာကို သတ်သေသွားတဲ့သူတွေဟာ သာမာန်ထက်ကို အပြစ်ကြီးတယ်။ ဘာလို့လဲဆိုတော့ သူတို့ကအချစ်ကို ရှင်သန်ခွင့်မပေးလို့ပဲ။ အစဉ်အမြဲရှင်သန်နေတဲ့အချစ်ကို သူတို့ကသတ်ပြစ်လို့ကို သူတို့ကအပြစ်ကြီးတာဆိုပြီး ကိုမူကပယ်ပယ်နယ်နယ်ပြောလေတော့တယ်။
အန်... ခင်ဗျားပြောမှပဲ သူတို့အသက်သေတာထက် အချစ်ကိုသတ်ပစ်လို့ပဲ အပြစ်ကပိုကြီးရတာပေါ့ ဟုတ်လားဆိုပြီး မျိုးကြီးက မချိန်တင်ကဲလေသံနဲမေးလိုက်တယ်။ ဒီအချိန်မှာပဲ ကျုပ်ပါးစပ်က အချစ်ဟူသည်မှာ ဖန်တီးလို့လည်းမရ ဖန်ဆင်းလို့လည်း မရပေ။ တစ်ဦးမှတစ်ဦးသို့သာ ကူးပြောင်း၍ရလေသည်။ အချစ်၏စွမ်းအင်စုစုပေါင်းသည် အနန္တပင်ဖြစ်လေသည်.. ဟူ၍ ရွတ်ဆိုလိုက်ရာ သူတို့နှစ်ယောက်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသလို တဟားဟား ရယ်မောကြလေတော့သည်။
တကယ်တော့ အချစ်ဆိုသည်မှာ ယခုကဲ့သို့အချစ်ကို တစ်ခါမှလက်ဝယ် မပိုင်ဆိုင်ဖူးသော သူတို့၏လက်ထဲတွင်သာ အလှပဆုံးတည်ရှိနေသော အရာပင်ဖြစ်လေသည်။
မောင်ဝမ်းနွယ်
ှု
http://www.youtube.com/watch?v=HUH1OR_h0wU
>>>ဆက်ဖတ်ရန်>>> >>
တိမ်တောက်သည့် ဆည်းဆာ
လက်ထဲ ရောက်လာသည့် နှစ်ရာတန် လေးကို ကြည့်ပြီးဘွားဆုံ ရုတ်တရက် နားမလည်နိုင်။ အခြေ အနေကို အံ့အားသင့်ပြီး တွေဝေ ငေးငိုင် နေမိ၏။ သူမ ပုံစံက ဘာကို ကိုယ်စားပြု နေပြီနည်း။
“အမေကြီး၊ နေအရမ်း ပူတယ်။ လမ်းလျှောက် မနေနဲ့ ဦးနော်။ ကားစီးသွား” ပေးတဲ့ သူကတော့ စေတနာ အပြည့်နှင့် အဘွားအို အတွက် ရာသီဥတု ဒဏ်က ကင်းလွတ်ပြီး လိုရာခရီး အမြန် ရောက်စေဖို့ ကူညီလိုက်တာ ဖြစ်သည်။ ဘွားဆုံကတော့ သူများ အထင်လွဲ လောက်အောင် သူမ ပုံစံက ညစ်ထေး နွမ်းဖတ် နေပြီလားဟု သုံးသပ် နေမိဆဲ။
လမ်းသွားလမ်းလာ တချို့က နွမ်းယဲ့ယဲ့ အဘွားအိုနှင့် လက်ထဲမှ ပေးကမ်းထားသော နှစ်ရာတန် ငွေစက္ကူ တစ်ရွက်။ ထိုပုံရိပ် တို့မှ တစ်ဆင့် စီးကျလာသော လျှပ်တစ်ပြက် သဒ္ဓါတရား တို့ဖြင့် ဘွားဆုံ လက်ထဲသို့ ငွေစက္ကူ လေးများ တစ်ရွက်ပြီး တစ်ရွက် ထပ်ရောက် လာရ၏။ ငါးဆယ်တန်များ၊ တစ်ရာတန် အချို့၊ နှစ်ရာတန် လည်းပါ။
ယောင်နနနှင့် ငွေစက္ကူ လက်တစ်ဆုပ် ကိုင်ပြီး အချိန် အတန်ကြာ ရပ်နေမိတော့ နောက်ထပ် တဖွဲဖွဲ ရောက်လာသည့် ငွေများက လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လို့ပင် မဆံ့တော့။ ခေါင်းပေါ်က တဘက်ဟောင်း လေးချွတ်ပြီး ထည့်လိုက်ရင်း သက်ပြင်း ရှိုက်မိသည်။
“လာ လာ မြို့သစ်ကို တစ်ရာတည်းရယ် လိုက်မလား”
ထိုးရပ်လာသော လိုင်းကားလေးပေါ် တုန်ချည့်ချည့်နှင့် ပိုက်ဆံတစ်ရာ ပေးရင်း တုတ်ကောက်လေး အားပြု တက်လိုက်တော့ စပယ်ယာက ဖေးမပြီး ဆွဲတင်ပေး၏။ ခုနက စပယ်ယာလို “ပိုက်ဆံ မပါရင် လမ်းပဲလျှောက်တော့ အမေကြီး” လို့ ရက်ရက်စက်စက် မစိမ်းကားပါ။
သည်လို မစိမ်းကားအောင် ကူညီ ပေးသွားသည့် စေတနာ ရှင်ကို သတိရ သွားတော့ လက်ထဲမှ တဘက်ဟောင်း လေးကို ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။ တဘက်ထဲမှာ စုထုပ်ထားသည့် ငွေစက္ကူ တွေက ဘယ်လောက်များ ရှိမည်မသိ။ နည်းတော့ မနည်းလှ။ တစ်ခါမှ စိတ်မကူး ဖူးသည့် အခြေအနေ တစ်ခုကို မမျှော်လင့်ဘဲ ရောက်ခဲ့ ရသည်မို့ ဘွားဆုံ ရင်ကတော့ ကတုန်ကယင် ဖြစ်နေတုန်း။
အိမ်ပေါက်ဝမှာ ဆီးကြို နေသည့် မြေးမလေးက ထွေးလုံးနေသည့် တဘက်ဟောင်း ထဲက ငွေစက္ကူ တွေကိုမြင်တော့ အံ့သြသွားပုံ ရ၏။
“အဘွား၊ ပိုက်ဆံတွေလည်း ပွစာကျဲလို့။ ချော်လဲ လာတာလား”
“ဟုတ်ပါဘူး မြေးရယ်။ မြေးဖေဖေ ပို့တဲ့ ပိုက်ဆံက ဒီမြို့က ဘဏ်ကို မရောက်သေး လို့တဲ့။ ထုတ်မရ ခဲ့သေးဘူး။ ဒါတွေက”
ဘွားဆုံ စကားကို ဖြတ်ပြီး ရေတစ်ခွက် အရင် သောက်လိုက်သည်။ မြေးမလေးကို ပြောသင့်၊ မပြောသင့် မဝေခွဲ နိုင်သေး။ ကိုယ့်ကိုယ်ကိုယ်ပင် ဘာဖြစ်ခဲ့မှန်း ရေရေရာရာ ပြန်မတွေးဝံ့ သေး။ ငွေစက္ကူတွေကို ထိုင် စီနေသော မြေးမလေးမျက်နှာ ကတော့ ၀င်းလက်နေပြီ။ မနက်ဖြန် ဗလာ စာအုပ်ဝယ်ပြီး ကျောင်းတက် နိုင်ပြီလို့ ပျော်နေ လေသည်လား မပြောတတ်။ သူ့ခမျာ ရေးစရာ ဗလာစာအုပ် ကုန်နေတာကို ၀ယ်ပေးဖို့ ပိုက်ဆံ မရှိသေးသည်နှင့် ကျောင်းမသွား ၀ံ့တာ သုံးလေးရက်တောင် ရှိရှာပြီ။
“ဖိုးကဲကော”
“မောင်လေးက အဖျား ပြန်တက်လာလို့ အိပ်နေတယ် အဘွား”
ရေတစ်ခွက် သောက်လိုက်ရလို့ အေးသလို ရှိသွားသည့် ဘွားဆုံရင်ထဲ အပူလုံးကြီး ချက်ချင်းပြန်ဆို့ လာပြန်သည်။ နုံးချည့် နေပေမယ့် ရုန်းထပြီး မြေးငယ်လေး ရှိရာ အတွင်းခန်းကို ပြေးသွားလိုက်၏။ စိတ်ကသာ ပြေးသည် ဆိုသော်လည်း ချည့်နဲ့နဲ့ အဘွားအိုမို့ တစ်လှမ်းချင်းသာ ရွေ့နိုင်၏။ ကြမ်းခင်းကလည်း ခနော်နီ ခနော်နဲ့ ဆိုတော့ လိုရာကို တော်တော်နှင့် မရောက်နိုင်။
အသက်ကြီး လာတော့ ဘာမှ မကောင်းတော့ ပါဘူး။ ဒူးလည်းမကောင်း၊ ခါးလည်းမကောင်း၊ မျက်စိလည်း မကောင်း၊ နားတောင်မှ လေတွေထွက်ပြီး အူနေလို့ သိပ်ကောင်းကောင်း မကြားချင် တော့ဘူး။ ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းသာ ကိုယ်ပါလို့ ကတော့ ဈေးတောင်း ခေါင်းရွက်ပြီး မြေးတွေကို ဒေါင်းတင်မောင်းတင် ရှာကျွေး လိုက်ချင်သေးသည်။ ခုတော့ သမက် ဖြစ်သူ၏ လုပ်စာကို မျှော်ကိုးပြီး စောင့်နေရတာ။ မြေးအဘွား တစ်တွေ ငတ်တာလည်း အကြိမ်ကြိမ်၊ ပြတ်တာလည်း အခါခါ၊ ချေးရတာလည်း အတိုးနဲ့ ဆိုပေမယ့် ကြာတော့ ထပ်ချေး ချင်တဲ့သူတောင် မရှိတော့။ အိမ်လခ ကလည်း သုံးလေးလ မပေးနိုင်လို့ အိမ်ရှင်က နှင်ချနေပြီ။
ရေနံမှော် လိုက်သွားသည့် သမက်က ငွေပို့ မမှန်တော့ သူပို့လိုက်သည့် ငွေက ရောက်တာနဲ့ အတိုးတွေ၊ အကြွေးတွေ၊ အိမ်လခတွေ ထိုးဆပ်လိုက်တာ နှင့်ပင် ဘာမှ မကျန်တော့။ ဒီတော့ လိုအပ်သမျှ ထပ်ချေးရင်း နဲ့ပဲ လုံးလည်လိုက် နေရသည်။
ဘွားဆုံ သက်ပြင်းမောကို ရှိုက်ရင်း မြေးငယ် နဖူးကို စမ်းလိုက်တော့ လက်ဖ၀ါးမှ အပူက နှလုံးအိမ် အထိ မြိုက်ခနဲ ကူးစက်ပူလောင် သွား၏။
“ဘုရား ဘုရား ပူချစ် နေတာပါလား။ သားရေ ဖိုးကဲ ဖိုးကဲ”
ကလေးက တော်တော်နှင့် ပြန်မထူးတော့ ဘွားအေရင်ထဲ မီးခဲ မျိုမိသလို ဖြစ်လေပြီ။
“မိစု၊ မိစု၊ အမြန်လာ ကြည့်စမ်း။ ညည်းမောင်လေး သတိများ လစ်နေ သလားဟယ်။ ငါလည်း ဘာမှ ကောင်းကောင်းမမြင် ရဘူး”
အစ်မ လုပ်သူက လှုပ်လှုပ်နှိုးမှ ကလေးငယ်က “အင်း” ခနဲ သံရှည်ဆွဲ ညည်းရှာ၏။ သတိပဲ လစ်နေသည်လား။ အိပ်ပဲ ပျော်နေသည် လားတော့မသိ။ ဘာပဲဖြစ်ဖြစ် ဆေးခန်း သွားပြမှ ဖြစ်တော့မည်။ ဖျားနေတာ နှစ်ရက် ရှိပေမယ့် ပိုက်ဆံလည်း မရှိသည်မို့ ကွမ်းယာဆိုင်မှ အုပ်ဆေးလေး ၀ယ်လူးလိုက်၊ အဖျားကျ ဆေးလေး ၀ယ်တိုက်လိုက်နှင့် နေခဲ့ရသည်။ ခုတော့ မိမိ ရလာသည့် ပိုက်ဆံလေးနှင့် ဆေးခန်းသွားပြ လိုက်မည်။ လောက်ပါ့မလား တော့မသိ။
“သမီး ခုနက ပိုက်ဆံရေတာ ဘယ်လောက်ရလဲ”
“နှစ်ထောင့် သုံးရာနဲ့ ငါးဆယ်”
“ဟယ်” ခနဲ ဘွားဆုံ ရင်ထဲ လှိုက်ခုန် သွားရ၏။ ရလာတာ မနည်းပါလား။ ဈေးထွက် ရောင်းရင်တောင် အမြတ် နှစ်ထောင်ကျော် ရဖို့ဆိုတာ တစ်နေကုန် တာတောင် မသေချာ။ ဒီကြားထဲ ရှုံးချင် ရှုံးနိုင်သေးသည် မဟုတ်လား။
ဒါကြောင့်လည်း မြို့ထဲက လူစည်းကားရာ တစ်ဝိုက်မှာ တောင်းရမ်းစားသောက် နေသူတွေ ပိုပို များလာတာ ဖြစ်မည်ပေါ့။
သက်ကြီးရွယ်အို ဒုက္ခိတတွေ ကတော့ ထားပါတော့။ တချို့ဆို ခြေလက် အပြည့် အစုံနှင့် အရွယ်ကောင်း တွေကလည်း တောင်းရမ်းနေတာ မြင်ဖူး၏။ တစ်ခါတလေ အကောင်းက ဒုက္ခိတ ယောင်ပင် ဆောင်လိုက်သေး၏။ လုပ်ကိုင် စားရတာထက် တောင်းစား ရသည်က ပိုတွက်ခြေ ကိုက်နေသည် လားမှ မသိတာ။ ဒီလို ရေသာခို အချောင် လိုက်ချင်စိတ်က လူကို အညွန့်ကျိုး စေသည်ဟု ဘွားဆုံကတော့ နှမြောမိသည်။
“အဘွား ဘာတွေတွေး နေတာလဲ။ ဆေးခန်း သွားမယ်ဆို”
သူ့မောင်လေးကို မနိုင်မနင်း ချီထားသော မြေမလေးက သတိပေးမှ ဘွားဆုံ စိတ်နှင့်လူ ပြန်ကပ်တော့၏။ သုံးနှစ် သားလေးကို ရှစ်နှစ် သမီးက ချီထားသည့် မောင်နှမနှစ် ယောက်မြင်ကွင်းက ဘွားဆုံ ရင်ကို ဆို့နင့်စေသည်။ အဘွားအိုက ယိုင်နဲ့နဲ့မို့ မြေးကို ချီပိုးဖို့ နေနေသာသာ ကိုယ့်အရိုး ကိုပင် အနိုင်နိုင် သယ်နေရသည့် အခြေအနေ။
အသေစော ရှာသည့် သမီးကို သတိရ မိတော့ ရေနံမှော်မှာ ပင်ပန်း နေရှာမည့် သမက်ကလည်း အတွေး အာရုံမှာ နောက်ဆက်တွဲ တွယ်ငြိလာ ပြန်သည်။ အရင်ကတော့ သမက်က ဆိုက်ကားနင်း၊ သမီးက ဈေးရောင်း၊ အမေက ချက်ပြုတ် ကလေးထိန်းနှင့် မိသားစု လေးဟန် ချက်ညီနေခဲ့ သေးသည်။ လင်မယား နှစ်ယောက်က ဒိုင်ခံ ရှာဖွေ၍ တစ်သက်လုံး ဈေးတောင်း ခေါင်းရွက် ကျွေးလာခဲ့သည့် အမေကို သမီးရော၊ သမက်ကရော အိမ်မှုကိစ္စ လောက်နှင့်သာ အနားပေး ထားခဲ့၏။
“အမေ ဈေးရောင်း နိုင်သေးတယ်။ ငွေရှာ ချင်သေးတယ်။ သုံးယောက်လုံး တက်ညီလက်ညီ ကြိုးစားပြီး စုလိုက်ရင် တို့ဘိုးဘွားပိုင် အိမ်လေး သပ်သပ်ရပ်ရပ် ပြင်ဆောက် နိုင်တာပေါ့” လို့ ပြောလည်း သမီးနှင့် သမက်က လက်မခံ ခဲ့ပါ။
ခုတော့ သမီးလေး ဆုံးတာပင် သုံးနှစ်ပြည့် တော့မည်။ မြေးအငယ်ကောင် မွေးပြီး ကတည်းက နှလုံး အားနည်းသော သမီးခမျာ အိပ်ရာထက်မှ မထနိုင်ခဲ့။ သမီး အသက်ကို ကယ်တင်နိုင်ဖို့ ဘိုးဘွားပိုင် အိမ်လေးကို လက်လွှတ် ခံလိုက်သော်လည်း ကံကြမ္မာက သမီးကို လွတ်ငြိမ်းခွင့် မပေးခဲ့ပါ။ သားကလေးမှ လူမှန်း မသိတတ် သေးခင် ဘွားအေ လက်ထဲမှာ စိတ်ချလက်ချ ထားသွား ခဲ့လေသည်။
မိသားစုလေး တစ်ခု ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်ဖို့ ဟန်ချက်ညီ ထမ်းပိုးထားသည့် ဒေါက်တစ်ချောင်းပြုတ် ထွက်သွားပြီးသည့် နောက်မှာတော့ ဘွားဆုံတို့ တစ်တွေ အယိုင်ယိုင် အလဲလဲ ဖြစ်ခဲ့ရသည်။ ဘွားဆုံလည်း စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသလို အသက်ထက် ပိုအိုစာ နေပြီ။
အသောက် အစားကင်းသည့် သမက် ကလေးက နှစ်ဆတိုးပြီး ကြိုးစား ရှာပေမယ့် ယိမ်းသထက် ယိမ်းလာသည့် အသိုက် အမြုံလေး အတွက် ကျားကန်နိုင်ဖို့ အဖော်ကောင်း သဖြင့် ရေနံမှော်ကို လိုက်သွားခဲ့သည်။ “ပိုက်ဆံ ရပေမယ့် ပင်ပန်း ဆင်းရဲရှာတယ်” လို့ ပတ်ဝန်းကျင် ကရော လူကြုံများ ဆီကပါ သတင်း ကြားရတော့ ဘွားဆုံ စိတ်မကောင်း။
လူကြုံနှင့် သမက်ကလေး ပို့ပေးသည့် ငွေစလေး များကို ကျစ်ကျစ်လျစ်လျစ် ခြိုးခြံ သုံးစွဲ၏။ ကျောင်းနေ ရွယ်ရောက်လာသည့် မြေးအကြီး မကို ကျောင်းထား၏။ ပိုလျှံ ငွေလေးများကို ချွေတာ စုဆောင်းပြီး ဈေးရင်းလေး ရရင် ဘွားဆုံလည်း တစ်ဖက် တစ်လမ်းက ၀င်ငွေရအောင် တစ်ခုခု လုပ်ရ ကောင်းမလားဟု အမြဲကြံဆ နေတတ်၏။ ဈေးကို လျှောက်မရောင်း နိုင်တော့လည်း ထိုင်ရောင်းရမည့် တစ်ခုခုပေါ့။ လမ်းဆုံမှာ မုန့် ပျားသလက် ဆိုင်လေးပဲ ဖြစ်ဖြစ် ဖွင့်ချင်သည်လေ။
တဖြည်းဖြည်းနှင့် သမက်လေး ဆီက လူကြုံ အလာကလည်း ကျဲလာသည်။ အမေအို့ စုငွေကလည်း လျှောသွား ရုံမက ချေးငွေတွေပင် ပတ်လည် ၀ိုင်းနေရပြီ။ သုံးလေးလမှ တစ်ခါ လူကြုံ လာတတ်သလို နောက်ဆုံး တစ်ခေါက်ကတော့ လူကြုံ မရှိ၍ ဆိုကာ ဘဏ်မှ ငွေလွှဲလိုက်၏။
လူကြုံ တချို့ကတော့ အမေအို့ သမက်ကလေး နောက်အိမ်ထောင်ပဲ ကျနေ သလိုလို။ သောက်တတ် စားတတ်လာပြီး ပျက်စီးနေ သလိုလို။ မရေမရာ သတင်းပေး ကြ၏။ အရွယ်ကောင်းရှာ သေးသည့် သမက်ကို အပြစ် မပြောချင် ပေမယ့် မြေးကလေး နှစ်ယောက် လူလား မြောက်ဖို့ အတွက်တော့ ဘွားဆုံ ရင်လေးလှသည်။ လမ်းဘေး လက်ဖက်ရည်ဆိုင် များမှ စားပွဲထိုး လေးတွေ နေရာမှာ မြေးကလေးကို မြင်ယောင် ကြည့်မိတိုင်း ရင်ထဲမှာ နာကျင်ဝမ်းနည်း မိ၏။
သို့ပေမယ့် မယ်ဆုံငယ် ငယ်တုန်းက မုဆိုးမ ဘွဲ့ကို ခါးစည်း အံကြိတ်ရင်း တစ်ကိုယ်တည်း ရုန်းကန်ပြီး သမီးကို ပညာသင်ပေး ခဲ့သေးသည် မဟုတ်လား။ မပြည့်စုံသည့် ကြားက အလယ်တန်း အထိတော့ သမီးက ပညာ သင်ခဲ့ရသည်။ သက်ဆိုး မရှည်ရှာသည့် သမီးလေး။ ခုလို သူ့ ရင်သွေးလေးတွေ ဘွားအေကြီး တစ်ယောက်လုံး ရှိပါ သေးရက်နှင့် ပညာမသင် နိုင်။ ငယ်ငယ်ရွယ်ရွယ်နှင့် ခိုင်းစားနေတာများ သိရင် ရောက်ရာဘ၀မှာ ရတက်အေး ရှာမည်မဟုတ်။
ဘွားဆုံ မလုပ်ရက်ပါ။ မြေးလေးတွေကို ဘယ်တော့မှ ခိုင်းမစားပါ။ ဘွားဆုံ အသက်ရှင် နေသရွေ့ သည်မြေးလေး နှစ်ယောက် ငတ်မသေ စေရ။ အလင်းမကွယ် စေရ။ ရသည့်နည်းဖြင့် ရှာကျွေးမည်။ ဖြစ်အောင် ကျောင်းထားမည်။ အမေအို့ ရင်ထဲမှာ တီးတိုး ကျူးရင့်နေပြီး အရိုးထဲမှ ခွန်အားတွေ ညှစ်ထုတ်စုစည်း မိလေပြီ။ အဘွားအို အတွက် မြေးလေးတွေက နှလုံးသားရဲ့ အနှစ်တွေပဲ မဟုတ်လား။
“ဒေါ်မယ်ဆုံ နာမည်နဲ့ ငွေလွှဲ ဒီနေ့လည်း ရောက်မလာ သေးဘူး အမေကြီး။ ဘဏ်များ လွဲနေလား။ သတင်းများ မှားနေလား”
လေအေး ပေးစက်ကြောင့် အေးစိမ့်နေသော ဘဏ်ထဲမှာ ဘွားဆုံတစ်ယောက် ဇောချွေး ပြန်နေရ၏။ သမက် ကလေးက ငွေလွှဲမယ်လို့ ဖုန်းဆက်ကြောင်း လမ်းထိပ် လက်ဖက်ရည် ဆိုင်က လာပြောသွားတာ သည်ဘဏ်ပါပဲ။ ဘွားဆုံတို့ မြို့လေးမှာ ဘဏ်က လေးငါးခု ရှိတာမို့ သေချာအောင် စာရွက်ထဲ ရေးမှတ်ထား ခဲ့သည်ပဲ။
ပို့မယ် အကြောင်းကြား ပြီးကာမှ ကိစ္စ တစ်ခုခုပဲ ပေါ်လေသလား။ သတင်းပဲ မှားပို့မိ တာလား။ ဘွားဆုံ မနေ့က လာတော့လည်း ငွေလွှဲ မရောက်သေး ဆို၍ ဒုက္ခများ ခဲ့ရသေးသည်။ လမ်းထိပ်မှ ဆိုက်ကားငှား စီးလာခဲ့ရာ ဘဏ်ရှေ့ရောက်တော့ ဆိုက်ကားခက ငါးရာတဲ့။ ဘွားဆုံမှာက ကွမ်းယာဆိုင်မှ ချေးလာခဲ့သော ငွေနှစ်ရာသာ လက်ထဲ ပါခဲ့၏။ ဆိုက်ကား သမားကို “ဘဏ်က ငွေထုတ်ပြီးရင် လိုတဲ့ငွေလည်း ပေးပါ့မယ်။ အပြန်လည်း ဆိုက်ကား ထပ်ငှားစီးမယ်” ဆိုပြီး တောင်းတောင်း ပန်ပန်နှင့် ဘဏ်ရှေ့မှာ စောင့်ခိုင်းခဲ့သည်။
သို့ပေမဲ့ ငွေလွှဲက မရောက်သေး ဆိုတော့ဘွားဆုံ အကျပ် ရိုက်ရပြီ။ ဆိုက်ကား သမားကို “နောက်နေ့ ငွေလာထုတ်မှ ပေါင်းပေးပါ့မယ်။ အိမ်ပြန်ပို့ ပေးပါ။ မနက်ဖြန်လည်း အကြိုအပို့ လုပ်ပေးပါ” လို့ ရလိုရငြား ထပ်ပြော ကြည့်ပေမယ့် ဆိုက်ကား ဆရာက ယုံကြည်ပုံ မပေါ်တော့။ မရေရာသည့် ငွေအတွက် ခရီးလှမ်းသော အိမ်ကိုလည်း လိုက်ပို့ချင် ပုံမရ။ “မြို့သစ် ဘက်သွားတဲ့ လိုင်းကားသာ စီးသွားတော့ အမေကြီးရေ။ လိုင်းကားခ ကတော့ သက်သာလိမ့်မယ်” တဲ့။
အသက်ကြီး လာသည့် နောက်ပိုင်း မြို့ထဲကို အသွား အလာနည်းပြီး မြို့စွန်ရပ် ကွက်လေး အတွင်းသာ အနေ များတော့ ဆိုက်ကားခတွေ ဒီလောက် ဈေးကြီး တာလည်းမသိ။ လိုင်းကားတွေ လမ်းကြောင်းလည်း နားမလည်၊ မြို့ထဲမှာ မျက်စိပင်လည် ချင်ချင်။
သို့နှင့် ချွေးခံအိတ်ထဲ စမ်းသပ်ရှာဖွေ ပြန်တော့ ပိုက်ဆံက အကြွေလေးပင် တစ်ရွက်မှ မကျန်တော့။ ကားသမား ကလည်း ဟိုစမ်း ဒီစမ်းနှင့် ယောင်လည်လည် ဖြစ်နေသော အဘွားအိုကို စိတ်မရှည်။ မြို့လယ်ကောင် နေပူပူ ထဲမှာ အသည်း မာမာနှင့် ထားခဲ့ပြန်သည်။
ဒီအချိန် မှာပဲ တုတ်ကောက် တစ်ချောင်းကို အားပြုကာ ခါးကကိုင်းကိုင်း၊ ခေါင်းဆောင်း တဘက်က ညစ်နွမ်းနွမ်း၊ အင်္ကျီ လုံချည်က မွဲကြေကြေနှင့် အရောင် အဆင်းမှုန်မှိုင်း နေသောအမေ အိုကို နေပူထဲ တရွေ့ရွေ့ လှမ်းနေရတာ မကြည့်ရက်သည့် သူတော်ကောင်းလေး တစ်ယောက်က “ကားစီးသွားပါ” ဆိုပြီး ငွေနှစ်ရာ လှူလေသည်။ သူငယ်က အမေအို့ အဖြစ် အပျက်ကို အစအဆုံး မြင်သွားပုံလည်း ရ၏။
သူငယ်လှူသည့် ငွေကို ကြောင်အမ်းအမ်း ကိုင်ရင်း တွေဝေ နေမိသော အဘွားအိုကို လမ်းသွား လမ်းလာများ ကလည်း တစ်မျိုး မြင်သွားပြီး ငွေတွေဆက်တိုက် ထည့်ဝင်လှူဒါန်း ကြပြန်တော့ မနေ့က အိမ်အပြန်မှာ ဘွားဆုံ ငွေထုပ် ကလေးပိုက်ပြီး ပြန်သွား ခဲ့ရသည်လေ။
စိတ်ထဲ မသိုးမသန့် ဖြစ်မိသော်လည်း ကြာကြာ အတွေး မပွားနိုင်။ မြေးအငယ်ကောင် တက်မတတ် ချက်မတတ် အဖျားကြီး နေတာကို ဆေးခန်းသွားပြ ရသေး၏။ အမေအို့ကို ပေးကမ်းကြသည့် ငွေလေးတွေ ကပဲ မြေးကလေး အတွက် ဆေးတစ်ပေါက် ဖြစ်ခဲ့ရပြီ။ သာဓု၊ သာဓု၊ သာဓု။ ကိုယ့်ကို တောင်းရမ်းသူလို့ အထင် ခံရခြင်းကို တစိမ့်စိမ့် ၀မ်းနည်းဖို့ထက် မြေးလေး အသက်ကို ကယ်ဖို့က အရေးကြီးသည် မဟုတ်လား။
ဒီနေ့လည်း ဘဏ်ကို မျှော်လင့်ခြင်း ကြီးစွာနှင့် ရောက်လာပေမယ့် ငွေလွှဲက မရောက်ဆိုတော့ ဘွားဆုံ နေပူကျဲကျဲ လမ်းမပေါ်မှာ ယောင်လည်လည် ဖြစ်ရပြန်၏။ သို့ပေမဲ့ ဒီနေ့တော့ ဘွားဆုံ ပါးသွားပြီ။ ဆိုက်ကား စီးမလာဘဲ လိုင်းကား စီးလာခဲ့သည်။ အပြန် စရိတ်လည်း ချန်ထားခဲ့လို့ ပူစရာ မလို။
ခက်သည်က မြေးငယ်လေး အတွက် ဆေးခန်း ပြစရာ ငွေမရှိတော့။ မနေ့က ရသည့် ပိုက်ဆံကလည်း ဆေးတစ်ပေါက် ထိုးပြီး သောက်ဆေးလေးဝယ်၊ မြေးအဘွား တစ်တွေ ညစာလေး စီမံချက် ပြုတ်လိုက်တာ ကုန်လေပြီ။ မြေးငယ်က အဖျားချို သွားပေမယ့် ရှင်းရှင်းတော့ မကျသေး။ ဆရာဝန်က ဆေးကို သုံးရက်လောက်တော့ ဆက်ထိုး ရမည်တဲ့။ အကြီးမလေး ကလည်း စာအုပ် ၀ယ်စရာ ငွေမကျန် တော့၍ မျက်နှာလေး ညှိုးနေသော်လည်း ဘာမှတော့ မပြောရှာပါ။
ဒီနေ့ မနက်တော့ ညကကျန်သည့် ထမင်းခဲ လေးကို မြေးအဘွား သုံးယောက် ဝေမျှ စားခဲ့ပြီးပြီ။ ဝေမျှတယ်သာ ဆိုတာပါ။ မြေးတွေကို ငဲ့ပြီး ဘွားဆုံက တစ်လုတ် တစ်ဆုပ်သာ မြို့ထဲထွက်မည် မို့အားရှိအောင် လည်ချောင်း နင်နင်နှင့် ရေဖြင့်မျှော ချခဲ့ရသည်။ ဒီလိုသာ ဆိုရင်ဖြင့် ညစာကတော့ ထုံးစံအတိုင်း ကုန်စုံဆိုင်က ဘုမကို အသနား ခံပြီး ဆန်ထပ်ချေးဖို့ အောက်ကျို့ ရဦးမည့်ပုံ။
အတွေးဖြင့် စိတ်မောစွာ သက်ပြင်းအချ လူက နိမ့်ခနဲ ချော်ကျသွားကာ နဂိုက ကိုင်းညွတ် နေသည့်ခါးက ဘယ်လိုမှ ပြန်မတ်၍ မရတော့။ တောင်ဝှေးတခြား လူတခြား လဲကျသွားသော အမေအိုကို လမ်းသွားလမ်းလာ တစ်ယောက်က ထူမ ပေးဖို့လက် ကမ်းစဉ်မှာ မနေ့က သူတော်ကောင်း လေးများလားလို့ သတိ ရမိ၏။ အမေအိုကို ကူညီဖို့ ရောက်လာ ပြန်လေပြီ။
မနေ့က အဖြစ် အပျက်ကို သတိ ရမိတော့ ဘွားဆုံ မျက်ရည်တွေ လည်ပြီး ရင်တွေခုန်လာ ပြန်၏။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဘယ်လောက်ပဲ ရှားပါးတယ် ပြောပြော၊ တို့မြန်မာတွေရဲ့ ချစ်စရာ ကူညီ လိုစိတ်နဲ့ သဒ္ဓါ တရားကတော့ ကျန်နေသေး ပါလားလို့ ၀မ်းသာပြီး မျက်ရည် လည်မိတာပါ။
သို့ပေမဲ့ လွယ်လွယ် ကူကူ ရလာမည့် ငွေစတွေကို ဒီလိုသာ ခဏခဏ လက်ခံနေရင် ဒီဘ၀ကို သာယာ မိလာမှာ မဟုတ်လား။ ဒီလို အလွယ်လမ်းကို ရေစုန်မျောပြီး မိန်းမော နေခဲ့လို့ လူညွန့် တုံးသွားရသည့် သူတွေ ဘယ်နှယောက် ရှိနေပြီလဲ။
မျက်ရည်စ များနှင့် ဝေသီနေသော အမေအို့ မျက်လုံးထဲတွင် ငွေစအချို့ လှမ်းပေးနေသည့် လက်များ၊ ထူမရန် ကမ်းပေးနေသည့် လက်တစ်စုံ၊ အဖျား တက်နေမည့် မြေးငယ်လေး မျက်နှာ၊ ကျောင်းသွားဖို့ ညှိုးငယ်နေရှာသည့် မြေးမလေး၊ အားလုံးကို မှုန်ဝါးဝါး မြင်နေ ရလေသည်။ ထို့ ပြင် မျိုးရိုးမညံ့ ခဲ့သည့် မိဘ ဘိုးဘွားများ မျက်နှာကလည်း တရေးရေး ပေါ်လာ ပြန်သေး၏။
ထို့နောက် မှိုင်းရီမွဲဖျော့ နေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာသည့် အမေအိုက လက်ကျန် ခွန်အားများကို စုစည်းကာ ဘေးမှာ ကျနေသော တောင်ဝှေးလေးကို ကောက်ယူ အားပြုပြီး မိမိကိုယ်တိုင် ကြိုးစား၍ ထရပ်လိုက်၏။
တရွေ့ရွေ့ လှမ်းသွားသော အမေအိုကို လက်ကမ်း ပေးသူက နားလည်နိုင် ပါ့မလား မသိပေမယ့် အမေအို ကတော့ အရင်ကထက် သွက်လက်သော ခြေလှမ်းများဖြင့် အဝေးသို့ ရောက်သွားလေပြီ။ ကိုင်းနေသော ခါးပင် အနည်းငယ် ပိုမတ်လာ သယောင်။
ကမ်းထားသော လက်ကို ငြင်းပယ်ရသည့် အတွက် အားတော့ နာပါသည်။ သို့ပေမယ့် အမေအို့ မှာက သူ့မျိုး ဆက်တွေကို လက်ဆင့် ကမ်းစရာ အမွေဆိုလို့ စိတ်ဓာတ်ခွန်အား တစ်ခုသာ ရှိတော့သည် မဟုတ်လား။
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
>>>ဆက်ဖတ်ရန်>>> >>
Subscribe to:
Posts (Atom)