Showing posts with label အသုံးဝင် Software ပေါင်းစုံ. Show all posts
Showing posts with label အသုံးဝင် Software ပေါင်းစုံ. Show all posts

Tuesday, January 8, 2013

Folder Lock


သူငယ်ချင်းတို့မှာ တခြားသူတွေကို မကြည့်စေချင်တဲ့ ဖိုင်လေးတွေ ဖိုလ်ဒါလေးတွေ ရှိချင်ရှိနေမှာပေါ့
အဲဒီလို ဖိုင်တွေဖိုလ်ဒါတွေကို ကိုယ်ကလွဲပြီး တခြားသူတွေမမြင်နိုင်သလို ဖွင့်လို့လည်းမရနိုင်အောင်
ဆောင်ရွက်ပေးမယ့် ဆော့ဝဲတစ်ခုကို မျှဝေပေးချင်ပါတယ် ..

ဆော့ဝဲရဲ့နံမည်က Folder Lock ပါ .. နောက်ဆုံးထွက်ဗားရှင်းတွေရှိပေမယ့် ကျွန်တော်ကတော့ ဒီဗားရှင်းလေးကို တော်တော်သဘောကျလို့ ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုနေသလို သူငယ်ချင်းတို့ကိုလည်း ပြန်လည်မျှဝေပေးလိုက်တာပါ ..

ဒီဆော့ဝဲလေးက ကိုယ်သော့ခတ်ချင်တဲ့ ဖိုလ်ဒါတွေကို မြင်ကွင်းထဲကနေ ဖျောက်ထားပေးနိုင်တဲ့အပြင် Password သိမှလည်း ဖွင့်ကြည့်နိုင်မှာဖြစ်ပါတယ် ..


လုံခြုံမှုကိုစမ်းသပ်ချင်လို့ ကိုယ်ထင်ရာ Password တွေကို ရိုက်ထည့်ကြည့်နေမယ်ဆိုရင် သုံးခါအပြင်အမှားမခံပါဘူး .. Password သုံးခါမှားပြီး ရိုက်ထည့်ကြည့်မိတာနဲ့ "မင်းဟာ ပိုင်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခိုးယူဖို့ကြံနေတဲ့သူလို့ ယူဆပါတယ် .. ဒါကြောင့်မို့ မှန်ကန်တဲ့ Password ကိုရိုက်ထည့်ချင်ရိုက်ထည့်ပါ .. ဒါမှမဟုတ် ကွန်ပြူတာကို Restart ချပေးချင်ချပေးပါ .. အဲဒီနှစ်ခုအနက် တစ်ခုခုကိုလုပ်ပေးမှ ဒီကွန်ပြူတာထဲက တခြားသော Application တွေကိုပါ ဆက်လက်အသုံးပြုခွင့်ပေးပါမယ်" ဆိုတဲ့ သတိပေးစာတမ်းနဲ့အတူ ၀င်းဒိုးဟာ လုံးဝဆက်သုံးခွင့်မပေးပဲ Desktop ကြီးတစ်ခုလုံးကို လုံလုံခြုံခြုံနဲ့ ကာကွယ်ပေးထားတာကို တွေ့ရပါလိမ့်မယ် ..

ဒါဆိုရင် .. အဲဒီဆော့ဝဲကို တစ်ယောက်ယောက်က Uninstall လုပ်လိုက်ရင် သော့ခတ်ထားတဲ့ ဖိုလ်ဒါတွေ ဆုံးရှုံးသွားမှာလားလို့ မေးစရာတစ်ခုပေါ်လာပါမယ် ..

ဟုတ်ကဲ့ .. ကျွန်တော်လည်း စမ်းသပ်တဲ့အနေနဲ့ ဆော့ဝဲကို Uninstall လုပ်ကြည့်ပါသေးတယ် ..

"ပေးထားတဲ့ Password ကို မှန်ကန်အောင် မဖြည့်ပေးနိုင်လျှင် ဆော့ဝဲကို Uninstall လုပ်ခွင့် မပေးပါ " ဆိုတဲ့ စာတမ်းကြီး တက်လာပါလေရော ... ကဲ .. မိုက်တယ်နော် .. လုံသလားမမေးနဲ့ .. ဘယ်လိုမှကို ကြံလို့မရဘူး ..

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူပါဗျာ ..



ဒေါင်းလို့ပြီးပြီဆိုရင်တော့ ဇစ်ဖိုင်ကို ဖြည်လိုက်ရင် အထဲမှာ Notepad တစ်ခုနဲ့ exe ဖိုင်တစ်ဖိုင်ကို တွေ့ရပါလိမ့်မယ် ..

အဲဒီထဲက .. folder lock.exe ဖိုင်လေးကို Double Click နှိပ်ပြီး Install လုပ်လိုက်ပါ ..

Install လုပ်ပြီးသွားလို့ ဆော့ဝဲ စပြီး Run တာနဲ့ Box တစ်ခုတက်လာပါမယ် .. အဲဒီထဲက Log in ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံလေးပွင့်လာပါမယ် ..


Notepad ထဲမှာရေးထားတဲ့ User ID ရဲ့ နံမည်ကို ပေါ်လာတဲ့ထဲက User ID ဆိုတဲ့အကွက်ထဲမှာ ဖြည့်ပေးပါ .. Password ဆိုတဲ့ထဲက ဂဏန်းတွေကို Password ဆိုတဲ့ အကွက်မှာဖြည့်ပါ .. ပြီးရင် OK ကိုနှိပ်လိုက်တာနဲ့ Full Version ဖြစ်သွားပြီဆိုတဲ့ Box လေးတက်လာပါမယ် .. အဲဒီ Box ကိုပိတ်လိုက်ပါ ..

Desktop ပေါ်က Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


စသုံးသုံးချင်းဆိုရင်တော့ အဲဒီထဲက OK ဆိုတဲ့နေရာမှာ Set ဆိုတာလေး ဖြစ်နေပါမယ် (Password မသတ်မှတ်ပေးရသေးလို့ပါ) Enter Password ဆိုတဲ့အကွက်မှာ ကိုယ်ပေးချင်တဲ့ Password ကိုရိုက်ထည့်ပြီး Set  ကိုနှိပ်လိုက်ရင် ကိုယ့်ရဲ့ Password ကို Confirm လုပ်ခိုင်းဖို့နောက်ထပ် Password ထည့်စရာ ထပ်ပွင့်လာပါမယ် .. အရင်ထည့်ထားတဲ့ ကိုယ့်ရဲ့ Password အတိုင်းပဲ မလွဲအောင်ပြန်ရိုက်ထည့်ပေးလိုက်ရင် .. အောက်ကပုံအတိုင်းပွင့်လာပါမယ် ..(တခြား Box လေးတွေတက်လာရင်လည်း OK တို့ Close တို့ကိုနှိပ်ပေးလိုက်ပါ)


အဲဒီထဲက .. Browse ကိုနှိပ်လိုက်ရင် လော့ချမယ့်ဖိုလ်ဒါပွင့်လာပါမယ် .. အဲဒီထဲကို ကိုယ်လော့ချချင်တဲ့ ဖိုင် .. ဒါမှမဟုတ် ဖိုလ်ဒါ တွေကို ဆွဲထည့်လိုက်ရုံပါပဲ .. ပြီးရင် အဲဒီပွင့်နေတဲ့ Box ကိုပိတ်လိုက်ပါ ..

ပုံထဲမှာပါတဲ့ Lock ကိုနှိပ်လိုက်တာနဲ့ .. အောက်ကလို Box လေးတက်လာပါမယ်


ကြိုက်တာကိုနှိပ်ပေးလိုက်ပါ .. ( ကျွန်တော်ကတော့ Lock ဆိုတာကိုပဲ နှိပ်တယ်) အဲဒီလိုနှိပ်ပြီးပြီဆိုတာနဲ့ ကိုယ်ထည့်လိုက်တဲ့ဖိုင်တွေ ဖိုလ်ဒါတွေကို သော့ခတ်သိမ်းဆည်းပြီးသားဖြစ်သွားပါမယ် ..

အဲဒီဖိုင်တွေကိုကြည့်ချင်တဲ့အခါ Folder Lock အိုင်ကွန်လေးကို Double Click နှိပ်ပြီးဖွင့် ကိုယ်ပေးထားတဲ့ Password ကိုထည့်ပေးလိုက်တာနဲ့ ကိုယ်သိမ်းထားတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေပွင့်လာမှာဖြစ်ပါတယ် ..

ကဲ .. သူငယ်ချင်းတွေ ဖွက် (၀ှက်) နိုင်ကြပါစေဗျာ .. :D
>>>ဆက်ဖတ်ရန်>>> >>

Folder အိုင်ကွန်လှလှလေးတွေပါ


ဘာရယ်ဟုတ်ပါဘူး .. ကိုယ့်ရဲ့ Desktop ကို အလှဆင်ရတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ပါ
ကိုယ့်မှာရှိတဲ့ Folder လေးတွေကို ၀င်းဒိုးမှာပါပြီးသား အိုင်ကွန်ပုံတွေအစား တခြားအိုင်ကွန်လှလှလေးတွေနဲ့ အစာထိုးချင်ရင် အရင်ဆုံးကိုယ့်ဆီမှာ .ico ဆိုတဲ့ Extension နဲ့ အိုင်ကွန်ဖိုင်လေးတွေအရင်ဆုံးရှိထားရပါမယ် .. အဲဒီလို အိုင်ကွန်ဖိုင်အမျိုးအစားလေးတွေကို စုစည်းပြီး ဖိုလ်ဒါတစ်ခုထဲမှာထည့် .. ၀င်းဒိုးရှိတဲ့ Partition (ဥပမာ- C ပေါ့) အဲဒါကိုဖွင့်လိုက်ပါ .. ပွင့်လာတဲ့ထဲက Windows ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Administrator Prompt တက်လာခဲ့ရင် Ok တို့ Continue တို့ကို နှိပ်ပေးလိုက်ပါ ..
အဲဒီ Windows ဆိုတဲ့ဖိုလ်ဒါပွင့်သွားရင် အဲဒီထဲက System 32 ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်ပါ ..

အဲဒီ System 32 ဆိုတဲ့ဖိုလ်ဒါထဲကို အစောပိုင်းက အိုင်ကွန်တွေစုထည့်ထားတဲ့ ဖိုလ်ဒါကို ကော်ပီကူးပြီး ထည့်လိုက်ပါ .. ဒီနေရာမှာလည်း Administrator Prompt တက်လာရင် Continue ကိုနှိပ်ပေးလိုက်ပါ ..
တကယ်တော့ အိုင်ကွန်ဖိုလ်ဒါကို အဲဒီထဲသွားမထားလည်း ရပါတယ် .. တခြားနေရာမှာထားရင် မတော်တဆ မှားဖျက်မိမှာရယ် .. အိုင်ကွန်ပြောင်းဖို့ ၀င်းဒိုးက Search လုပ်မယ်ဆိုရင် System 32 ကို ပထမဦးစားပေးပြီး ရှာတာကြောင့်ရယ် .. System 32 ထဲကို အိုင်ကွန်ဖိုလ်ဒါ ထည့်ခိုင်းတာပဲဖြစ်ပါတယ် .. ကိုယ့်စိတ်ကြိုက် ထားချင်တဲ့နေရာမှာထားနိုင်ပါတယ် ..
လောလောဆည် ကိုယ်တိုင် အိုင်ကွန်ဖိုင် မလုပ်တတ်သေးရင်ပဲဖြစ်ဖြစ် လုပ်ဖို့ အချိန်မပေးနိုင်သေးရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာရှိထားပြီးသား အိုင်ကွန်ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ် .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ



ကဲ .. သိပ်မကျွမ်းကျင်သေးသူတွေအတွက် လုပ်ပုံလုပ်နည်းကို ပြောပြပါမယ် .. ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ပြီး အထဲက icons folder ကို C >> Windows >> System 32 ဆိုပြီး အဆင့်ဆင့်ဖွင့်ဝင်ပြီး ထည့်ပေးလိုက်ပါ .. (ကိုယ်ကြိုက်တဲ့နေရာမှာ သွားထားလို့ရတယ်နော်)
ပြီးရင်တော့ ကိုယ်အိုင်ကွန်ပြောချင်တဲ့ဖိုလ်ဒါကို အောက်မှာ ပြထားတဲ့အတိုင်း Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက အောက်ဆုံးမှာရှိတဲ့ Properties ကိုနှိပ်ပေးလိုက်ပါ ..


အဲဒီလို Properties ကိုနှိပ်ပေးလိုက်ရင် ပွင့်လာတဲ့ထဲက Customize ကိုနှိပ်ပြီး အောက်ဆုံးမှာရှိတဲ့ Change Icon ဆိုတာကိုနှိပ်ပေးလိုက်ပါ


အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Browse ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း System 32 ဖိုလ်ဒါပွင့်လာပါမယ် ..


အဲဒီထဲကမှ ကိုယ်ထည့်ထားတဲ့ အိုင်ကွန်ဖိုလ်ဒါကိုရှာပြီး Double Click နှိပ်ပြီးဖွင့်လိုက်ပါ ..


ပွင့်လာတဲ့ထဲက ကိုယ်ကြိုက်တဲ့အိုင်ကွန်ကို ကလစ်ပေးပြီး အောက်မှာရှိတဲ့ Open ကိုနှိပ်လိုက်ရင် အောက်ကနေရာကို ရောက်လာပါမယ် ..


အဲဒီထဲက Ok ကိုနှိပ်ပေးလိုက်ရင် အောက်ကနေရာကို ပြန်ရောက်လာပါမယ် ..


အဲဒီထဲကမှ Apply ကိုနှိပ် .. ပြီးရင် Ok ကိုနှိပ်ပေးလိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ ဖိုလ်ဒါလေးဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အိုင်ကွန်ပုံလေးအဖြစ်ပြောင်းသွားပါမယ် .. ချက်ချင်းမပြောင်းဘူးဆိုရင် Refresh လုပ်ပေးလိုက်ပါ ..
ကဲ .. ဖိုလ်ဒါလှလှလေးတွေနဲ့ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 3, 2013

Miscrosoft Office မရှိသူများအတွက် စာစီစာရိုက်လုပ်လို့ ရတဲ့ဆော့ဝဲ

Word,Excel<Powerpoint အားလုံး အတူတူနီးပါးကောင်းပါတယ် သုံးနေမကျလို့ သာ
ဒါကတော့ အကြောင်းအမျိုးမျိုးကြောင့် စာစီစာရိုက်လုပ်ဖို့  Ms Office မရှိတဲ့အခါမှာ

သုံးဖို့ ကောင်းပါတယ် ။အလကားရတဲ့ဆော့ဝဲမလို့  အင်စတော လုပ်ပြီး တန်းသုံးရုံပဲ

စာစီစာရိုက်ဆော့ဝဲ Miscrosoft Office လိုပဲ အသုံးပြုလို့ လွယ်ပါတယ် ။လက်တွေ့ 

အနေနဲ့  ရုံးက ကွန်ပျုတာ တစ်ခုမှာ မန်နေဂျာထည့်ထားတယ်။ ၀င်းဒိုးပြန်တင်တော့

ထည့်ပီးသုံးနေတာ ဟိုးအရင် ၂၀၀၉ က Openoffice org ကို သုံးခဲ့ဖူးတယ် ။စာရိုက်

ပြီး ပုံနဲ့ ကဗျာလောက်ပဲ လုပ်ခဲ့ဖူးတာဆိုတော့ Miscrosoft လောက်တော့ မရင်းနီးပါ

အဲ့တော့ လိုရမယ်ရ သုံးရအောင် ဗဟုသုတမျှဝေလိုက်ပါ၏.....။


ဒီမှာ ဒေါင်းလုပ်ယူပါ - http://www.openoffice.org/download/index.html

ဒီမှာ အသေးစိတ်လေ့လာ -http://www.openoffice.org/why/why_easy.html

>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 1, 2013

Online ပေါ်မှာ ဓါတ်ပုံပြင်ကြမယ်




မင်္ဂလာပါဗျာ ဒီနေ့တော့ ဓါတ်ပုံကို Cazy ဖြစ်တဲ့ သူငယ်ချင်းတွေ Online ပေါ်မှာ ဓါတ်ပုံပြင်ကြရအောင်ဗျာ ပြင်တာဆင်တာက အရမ်းလန်းတယ်ဗျာ ကျွန်တော်အောက်မှာ ဓါတ်ပုံပြင်နိုင်တဲ့ လင့်တွေ ပေးထားမယ် သူငယ်ချင်းတို့လည်း ဆိုဒ်ထဲဝင်ပြီး ဓါတ်ပုံပြင်ဖို့ လုပ်ရကိုင်ရ အဆင်ပြေစေရန် ဆိုဒ်တွေအထဲက တစ်ခုကိုဝင်ပြီး နမူနာအဖြစ် သူငယ်ချင်းတို့လည်း ပိုမို့ရင်းနှီးစေရန် ဥပမာအဖြစ် အဆင့်ဆင့်တင်ပြပေးသွားမှာပါဗျာ ကဲ.ပြောရင်ဆိုရင်နဲ့ စကြရအောင်ဗျာ..

                                  အောက်မှာပြင်ထားပုံလေးနမူနာပြထားပါမယ်

မပြင်ခင်ပုံလေးပါ
ဒါကတော့ပြင်ပြီးတဲ့ပုံလေးပါ
  1. ပထမဆုံး ဆိုဒ်ထဲဝင်တာနဲ့ ဓါတ်ပုံတွေ အများကြီးကျလာလိမ့်မယ် ဓါတ်ပုံတွေ အထဲက ကျွန်တော် ဝိုင်းပြထားတဲ့ နေရာကိုနှိပ်ပါဗျာ
ပြီးရင်အောက်မှာကျွန်တော်ဝိုင်းပြထားတဲ့ Choose File ကိုနှိပ်လိုက်ပါဗျာ
ပြီးရင်ပုံမှာပြထားတဲ့အတိုင်း Browse နှိပ်ပြီးတော့ ကိုယ်ပြင်ချင်တဲ့ ပုံကိုနှိပ်ပြီး Open ကိုနှိပ်လိုက်ပါဗျာ
ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ကျွန်တော်ဝိုင်းပြထားတဲ့ Go ကိုနှိပ်ပြီးရင် ခဏစောင့်ပေးပါဗျာ
ပြီးရင် ကိုယ်ပြင်ထားတဲ့ပုံကလေးကျလာလိမ့်မယ်ဗျာ
ကျလာပြီးရင် ကျွန်တော်ဝိုင်းပြထား Save ကိုနှိပ်ပြီး မိမိသိမ်းချင်နေရာမှာ သိမ်းလိုက်ယုံပဲဗျာ ဒီလောက်ဆို ကျွန်တော် တင်ပြတဲ့ ပုံပြင်နည်း အဆုံးသတ်ပြီးပေါ့ဗျာ အားလုံးကလိနိုင်ကြပါစေနော်
တစ်ဆက်ထဲမှာ ပုံပြင်နိုင်တဲ့ လိပ်စာတွေ စုစည်းတင်ပြထားပါတယ်ဗျာ
  1. http://www.photofunia.com/

  2. http://www.wishafriend.com/

  3. http://www.glitterphoto.net/

  4. http://sidekick.t-mobile.com/

  5. http://www.chooseyoursurrogate.com/

  6. http://www.foxmovies.com/

  7. http://www.puricute.com/

  8. http://www.clubdud.com/

  9. http://www.picture2life.com/

  10. http://www.stamps.com/welcome/

  11. http://www.instyle.com/

  12. http://www.shapecollage.com/

  13. http://www.framefuns.com/

  14. http://www.makehotpics.com/

  15. http://www.funphotobox.com/

  16. http://www.fototrix.com/

  17. http://picascii.com/

  18. http://www.photo2text.com/

  19. http://www.oncoverpage.com/

  20. http://photomontager.com/browse/en/all/1

  21. http://www.frontpageyou.co.uk/

  22. http://www.mypictureonmagazine.com/

  23. http://www.fakemagazinecover.com/

  24. http://www.magmypic.com/

  25. http://picjoke.net/

  26. http://tiltshiftmaker.com/

  27. http://www.montagraph.com/

  28. http://www.upframr.com/

  29. http://anymaking.com/

  30. http://www.postergenerator.com/

  31. http://www.yearbookyourself.com/

  32. http://www.scrapbookgenerator.com/

  33. http://en.fakemypic.com/

  34. http://www.frameshow.com/index.php

  35. http://www.photo505.com/

  36. http://www.your-frames.ru/

  37. http://blingee.com/

  38. http://www.picasion.com/

  39. http://www.3d-pack.com/

  40. http://www.caption.it/

  41. http://www.wavyeffects.com/

  42. http://www.watereffect.net/

  43. http://picreflect.com/ 




မောက်မောက်လေး ဆိုဒ်မှ ကူးယူဖော်ပြသည်...
>>>ဆက်ဖတ်ရန်>>> >>

Video Watermark Pro (Video ဖိုင်ထဲမှာမိမိလိပ်စာ(သို့)အမှတ်သားလေးထားကြည့်ကြရအောင်)


 

မင်္ဂလာပါဗျာ ဒီနေ့တော့ Video ဖိုင်ထဲမှာ

မိမိလိပ်စာ(သို့) အမှတ်သားလေးထားချင်တဲ့

သူငယ်ချင်းတွေအတွက် Video Watermark Pro ကို

တင်ပေးလိုပါတယ်ဗျာ အများအားဖြင့်

Youtube တွေမှာ တွေ့ဖူးမှာပါ သီချင်းတွေတင်တဲ့အခါ

တင်ပေးတဲ့သူရဲ့ လိပ်စာတွေ ထည့်ထားတာ

သူငယ်ချင်းတို့ မြင်ဖူးပါတယ်နော်

ဒီအတိုင်းပါပဲ ဒီဆော့ဝဲလ် (သို့) အခြားသော

ဆော့ဝဲလ်တွေနဲ့ ရေးကြတာပါ

ကျွန်တော်က Video Watermark Pro ဆော့ဝဲလ်ကို

သုံးပြီး ပြုလုပ်ပုံ အနည်းငယ်ကို ရှင်းပြပေးသွားမှာပါ

အောက်မှာ ပုံနှင့်တကွ ပြထားပါတယ်

File Size က (15.12MB) ရှိပါတယ်

Downlod>>>Dropbox.com (or)

ပုံတွင်ပြထားသည့်အတိုင်း File ကိုနှိပ်ပြီး

မိမိ လုပ်ချင် Video ဖိုင်တစ်ခုကိုထည့်လိုက်ပါ

ပြီးရင် T Add Text ကိုနှိပ်

 ပုံတွင်ပြထားသည့်အတိုင်း အမှတ်သားလုပ်ဖို့အတွက်

မိမိစိတ်ကြိုက်အမည်ပေးပါ ပြီးရင် အမှတ်ခြစ်ပြီး

ပုံတွင်ပြထားသည့်အတိုင်း မိမိထားချင်တဲ့နေကို

ရွေ့လိုက်ပါ ပြီးရင် OK ပေါ့

ပုံတွင်ပြထားသည့်အတိုင်း Run ကို

နှိပ်လိုက်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း Run ကို

ပြန်နှိပ်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း ရာနှုန်းပြည့်ရင်

Ok ပြီးနော်

 
 

>>>ဆက်ဖတ်ရန်>>> >>

အသုံချဆော့ဝဲလ်များ (Software များစုစည်းမူ)


 

မင်္ဂလာပါဗျာ ဒီနေ့တော့ အင်တာနက်မှာ

ဟိုသွားဒီသွားရင်နဲ့ ဆော့ဝဲလ်တွေကို

တစုတစ်စည်းထဲ ဖော်ပြထားသည့်

ဆိုဒ်လေးတစ်ခုကို တွေ့မိပါတယ်

အဲဆိုဒ်မှာက အတော်လေးကို စုံလင့်လင့်ရှိတာကို

တွေ့ရပါတယ် ဆော့ဝဲလ်တွေကို စုစည်းထားတာ

ဝါဿနာပါသူအတွက်တော့ အတော်လေးကို

အဆင်ပြေပါတယ်

ဆော့ဝဲလ်များ ရယူလိုရင်တော့ ဒီမှာ နှိပ်လိုက်ပါဗျာ

အားလုံးအဆင်ပြေစွာနဲ့

ဒေါင်းလင့်ဆွဲနိုင်ကြပါစေ

>>>ဆက်ဖတ်ရန်>>> >>

3D maker ဆော့ဝဲလ်နှင့် (3D စာလုံးပြုလုပ်နည်း)


မင်္ဂလာပါဗျာ ဒီနေ့တော့ 3D စာလုံးလုပ်နည်းကို

ရှင်းပြသွားမှာပါဗျာ ဒီနည်းကို အစတုန်းက ကျွန်တော်

လည်း လုပ်မတတ်ခဲ့ပါဘူး

ကိုလွင်မင်းဗိုလ်ဆိုဒ်ကို သွားလည်ရင်နဲ့

သဘောကျလို့ ကိုလွင်မင်းဗိုလ်ကို

အကူအညီလေး တောင်းပြီး

ကိုလွင်မင်းဗိုလ် ပြောပြလို့ ကျွန်တော် အခုလို့မျိုး

မျှဝေနိုင်တာပါဗျာ

ဒီနေရာကနေ ကျွန်တော်ရဲ့ ဆရာအားလုံးကို

ဦးညွှတ်လေးစားလျှက်ပါဗျာ

3D maker ဆော့ဝဲလ်ကိုတော့

အောက်မှာ ဒေါင်းလိုက်ပါဗျာ

FileSize-(20.15)

ဆော့ဝဲလ်ထဲမှာ 3D စာလုံး လုပ်နည်း

ဓါတ်ပုံပါတစ်ခါထဲ ထည့်ပေးထားပါတယ်ဗျာ

Online နေ မဟုတ်လည်း

Offline ကနေလည်း ပုံကို ကြည့်ပြီး

လိုက်လုပ်ကြည့်လို့ရပါတယ်ဗျာ

Download>>> Ziddu.com (or) Files.com 

Video ဖိုင်နဲ့ပါ ကြည့်လို့ရပါတယ်နော်

အရင်ဆုံး 3D maker ဆော့ဝဲလ်ကို ဖွင့်လိုက်ပါဗျာ

ပြီးရင် ပုံတွင်ပြထားသည့် အတိုင်း ပေါ်လာရင်

ဆော့ဝဲလ်ရဲ့ အပေါ် ညာဘက်ခြမ်းက

File ကို mouse နဲ့ ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ

ပြထားသည့် ပုံအတိုင်းပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့်အတိုင်း

အကွက်တုံးကြီးနဲ့ ဝိုင်းပြထားသည့်နေရာမှာ

မိမိစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဗျာ

ကျွန်တော်က နံပတ် 3 ပြထားသည့်

အကွက်တုံးလေးကို ရွေးချယ်ထားပါတယ်

မိမိရွေးချယ်ထားသည့်

ကောင်ကို mouse ဖြင့် ထောက်ပြီး

Open ကို နှိပ်လိုက်ရင် အောက်မှာ ပြထားသည့်

ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 5 နဲ့ ပြထားသည့် ဘောက်ကလေး

ပေါ်လာရင် Yes ကို ရွေးချယ်ပေးပါဗျာ

ဒါဆို အောက်ကပုံအတိုင်း ပေါ်လာလိမ့်မည်

Yes ကို ရွေးချယ်လိုက်သည့် အတွက်

အပေါ်က ပုံတွင်ပြသည့် အတိုင်း မဟုတ်တော့ပဲ

အခုလို့မျိုး X3D ဆိုပြီး စာလုံးအကြီးနဲ့

ပြောင်းသွားလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့်အတိုင်း

နံပတ် 6 နေရာကို ကြည့်လိုက်ပါ

Aa ဆိုတဲ့ စာလုံးကို နှိပ်လိုက်ရင်

ပုံတွင်ပြထားသည့်

နံပတ် 7 နံပတ် 8 ဆိုပြီး ဘောက်လေး

တစ်ခုပေါ်လာလိမ့်မယ်ဗျာ

နံပတ် 7 နေရာမှာက မိမိစိတ်ကြိုက်

စားလုံး Design တွေ ပြောင်းလို့ရပါတယ်ဗျာ

အကယ်လို့ မြန်မာ Design Font

 ထည့်ထားမယ်ဆိုလည်း

ပြောင်းသုံးလို့ရပါတယ်ဗျာ

နံပတ် 8 နေရာမှာက X3D စာလုံးအကြီးတွေကို

နုတ်ပစ်လိုက်ပါဗျာ

အောက်ကပုံကို ဆက်ကြည့်သွားပါဗျာ

ပုံတွင်ပြထားအတိုင်း

နံပတ် 9 နေရာမှာတော့

ကျွန်တော်က မြန်မာ

Design Font ပြောင်းထားပါတယ်ဗျာ

နံပတ် 10 မှာက ခဏတုန်းက ဖြတ်လိုက်သည့်

နေရာမှာမိမိစိတ်ကြိုက်စာလုံးရေးလို့ရပါတယ်ဗျာ

ကျွန်တော်က မောက်မောက်လေး

 အထွေထွေ(နည်းပညာ)

လို့ရေးထားပါတယ်ဗျာ ရေးပြီးရင် Ok ကို

နှိပ်လိုက်ရင် အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်

ပုံတွင်ပြထားသည့် အတိုင်း အခုလိုမျိုးပေါ်လာလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော်တို့ လုပ်တဲ့ 3D စာလုံး အလွယ်နည်းနဲ့

လုပ်လို့ပြီးပါပြီးဗျာ

ဒါပေမဲ့ မသိမ်းရသေးပါဘူး

သိမ်းဖို့အတွက် အောက်ကပုံကို 

ဆက်ကြည့်လိုက်ပါဗျာ

ပုံတွင် ပြထားသည့် အတိုင်း

File ကို mouse ဖြင့် ထောက်ပြီး

နံပတ် 13 နေရာကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်း ပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့် အတိုင်း

နံပတ် 14 နေရာမှာက

မိမိသိမ်းချင်သည့်နေရာပါ

ကျွန်တော် အလွယ်နည်းနဲ့ Desktop မှာပဲ

သိမ်းလိုက်ပါတယ်

နံပတ် 15 နေရာမှာတော့

မိမိစိတ်ကြိုက်အမည်ပေး

လို့ရပါတယ်ဗျာ

ပြီးရင် နံပတ် 16 နေရာမှာ Save နဲ့

သိမ်းလိုက်ရင် အောက်ကပုံအတိုင်း

ပေါ်လာလိမ့်မယ်ဗျာ

ပုံတွင်ပြထားသည့် အတိုင်း

Width နေရာမှာက ပုံရဲ့ အလျားကို

 မိမိစိတ်ကြိုက်ချိန်းလို့ရပါတယ်ဗျာ

Height နေရာမှာတော့ မိမိစိတ်ကြိုက်

ပုံရဲ့အနံကို ချိန်းလို့ရပါတယ်ဗျာ

ပြီးရင် Save သိမ်းလိုက်ရင်

မိမိသိမ်းထားသည့် နေရာကို

ရောက်သွားလိမ့်မယ်ဗျာ

ဒါဆိုရင် ကျွန်တော် ပြုလုပ်ထားသည့်

3D စာလုံး အောက်မှာ ရပါပြီးဗျာ

မောက်မောက်လေး ဆိုက်မှကူယူဖော်ပြသည်.
>>>ဆက်ဖတ်ရန်>>> >>

Wondershare Flash Gallery Factory Deluxe (နောက်ခံသီချင်းလေးနှင့် Flash 3D SlideShow လုပ်ကြမယ်)


 

 

မင်္ဂလာပါဗျာ ဒီနေ့တော့ နောက်ခံသီချင်းလေးနဲ့ မိမိပုံ(သို့) မိမိသူငယ်ချင်းပုံတွေကို Flash 3D SlideShow လုပ်ချင်သူအတွက် Wondershare Flash Gallery Factory Deluxe ကို တင်ပေးလိုက်ပါတယ်ဗျာ သူငယ်ချင်းတို့လည်း ကြိုက်ကြမယ်လို့ထင်ပါတယ် ဆော့ဝဲလ်ကိုတော့ ကလိကြည့်ရင် လုပ်တတ်သွားမှာပါ နောက်ဆိုရင် ဒီလို့မျိုးလုပ်နည်းတွေ ပိုစ့်အဖြစ်ရေးဖို့ရှိပါတယ် အခုလောလောဆယ်တော့ မိမိကိုယ်တိုင် ကလိကြည့်ပေါ့နော် File Size(35.66MB) Download>>> ziddu.com ...
>>>ဆက်ဖတ်ရန်>>> >>

Wondershare Flash Gallery Factory Deluxe (နောက်ခံသီချင်းလေးနှင့် Flash 3D SlideShow လုပ်ကြမယ်)

မင်္ဂလာပါဗျာ ဒီနေ့တော့ နောက်ခံသီချင်းလေးနဲ့

မိမိပုံ(သို့) မိမိသူငယ်ချင်းပုံတွေကို

Flash 3D SlideShow လုပ်ချင်သူအတွက်

Wondershare Flash Gallery Factory Deluxe ကို

တင်ပေးလိုက်ပါတယ်ဗျာ သူငယ်ချင်းတို့လည်း

ကြိုက်ကြမယ်လို့ထင်ပါတယ်

ဆော့ဝဲလ်ကိုတော့ ကလိကြည့်ရင်

လုပ်တတ်သွားမှာပါ နောက်ဆိုရင်

ဒီလို့မျိုးလုပ်နည်းတွေ ပိုစ့်အဖြစ်ရေးဖို့ရှိပါတယ်

အခုလောလောဆယ်တော့ မိမိကိုယ်တိုင်

ကလိကြည့်ပေါ့နော်

File Size(35.66MB)

Download>>> ziddu.com

မူရင်းဒေါင်းလင့်

>>>ဆက်ဖတ်ရန်>>> >>

Saturday, December 29, 2012

website,blogspot တွေကို offline ဖတ်လို.ရအောင် ဒေါင်းမယ်။

အခုပေးမဲ့ဆော့ဝဲလေးက websiteတစ်ခုလုံး ဘလော့တစ်ခုလုံး ကို online ကနေ download ဆွဲသွားပီး အိမ်ရောက်မှ offline ဖွင့်ပီး. လင့်တွေကို နှိပ်ပီး အပြည့်အစုံ ဖတ်လို.ရအောင် လုပ်ပေးတဲ့ ဆိုဒ် downloader တစ်ခုပါ အရမ်းမိုက်ပါတယ် ဒေါင်းလော့လုပ်ပေးတာလဲ မြန်ပါတယ် ကျွန်တော် ရဲ. shwenaditechnology ဘလော့ကို အကုန်လုံး ဒေါင်းတာ မိနစ်၂၀ ပဲ ကြာပါတယ် ဒါတောင် ပိုစ်တွေက ၄ လစာ အများကြီးနော် ကော်နက်ရှင်လဲ သိပ်မစားပါဘူးကျွန်တော်ဆို ဒီဆော့ဝဲနဲ. ဆိုဒ်တွေကို ဒေါင်းနေရင်း ဖေ့ဘွတ် ထိုင်သုံးနေတာ လုံးဝကို ဘာမှ မဖြစ်တာပါ ကော်နက်ရှင်ကောင်းကောင်းနဲ. ကို သုံးလို.ရတာပါ လုပ်ပုံလုပ်နည်းက လဲ လွယ်လွန်းလို. မပြောတော့ပါဘူး သူ.ရဲ.နာမည်လေးကတော့ HTTrack တဲ့ ကဲ ပြောနေတာ ကြာသွားပီ လိုချင်ရင် အောက်မှာဒေါင်းလိုက်နော် http://www.mediafire.com/?es6tuib8hwmsync 

                         

>>>ဆက်ဖတ်ရန်>>> >>

Thursday, December 27, 2012

အရည်အသွေး မကျစေဘဲ ဓါတ်ပုံ Size လျှော့ရအောင်

Internet အသုံးပြုတဲ့သူတိုင်း Facebook ပေါ်မှာဘဲဖြစ်ဖြစ်၊ Gmail နဲ့ဘဲဖြစ်ဖြစ် ဓါတ်ပုံတွေကို ထည့်သွင်းဖူး၊ ပေးပို့ဖူးကြမှာပါ ....။ ကွန်ပျူတာ အခေါ်အရတော့ အပ်လုတ်(Upload) တင်တယ်ပေါ့ ....။ ဒီလိုဘဲ ပေးပို့ခံရတဲ့ သူတွေအနေနဲ့လည်း အဲဒီဓါတ်ပုံတွေကို ပြန်ပြီး ရယူဖူးကြမှာပါ။ အခေါ်အဝေါ် ကတော့ ဒေါင်းလုတ်(Download) ဆွဲတယ်ပေါ့ ....။
ဒီနေရာမှာ ပေးပို့တဲ့သူအနေနဲ့ ဓါတ်ပုံက အရွယ်ပမာဏ (Size) ကြီးနေတော့ Upload တင်ရင် အချိန်ကြာတတ်သလို လက်ခံတဲ့သူအနေနဲ့လည်း Download လုပ်တဲ့နေရာမှာ အချိန်တော်တော်ကြာ တတ်ပါတယ်။ ပုံကို အရွယ်အစားသေးလိုက်ပြန်တော့လည်း ပုံရဲ့အရည်အသွေးကျသွားရင် လက်ခံတဲ့ သူအနေနဲ့ အခက်အခဲတွေ့ရမှာပါ ....။ ဒီတော့ ပုံရဲ့ အရည်အသွေးလည်းမကျသွားအောင်၊ ပုံရဲ့ အရွယ် အစားပမာဏလည်း သေးသွားအောင် သီးခြား Software တစ်ခုခု သုံးစရာမလိုဘဲ လုပ်တဲ့ နည်းလေး ဆွေးနွေးချင်ပါတယ်။


ကွန်ပျူတာမှာ Default ပါလာတဲ့ Program ကိုသုံးပြီး လုပ်တဲ့ နည်းလေး နှစ်ခု ကို ပုံလေးတွေနဲ့ ဆွေးနွေး ပါမယ် ...။

ပထမနည်းလမ်းကတော့ Paint program ကိုသုံးပြီး လုပ်တာပါ ...။
ကျွန်တော် နမူနာအနေနဲ့ 1.81MB ရှိတဲ့ ဓါတ်ပုံတစ်ခုကို Paint သုံးပြီး ပုံ Size လျှော့ကြည့်ပါမယ်။ အောက်မှာ မူရင်းပုံရဲ့ Size ကိုပြပေးထားပါ တယ်။


ကိုယ်လုပ်ချင်တဲ့ပုံပေါ်မှာ Right Click > Open with.... > Paint သို့ဝင်ရောက်ပြီး ဖွင့်ရင် ရသလို
Start menu > All programs > Accessories > Paint သို့ဝင်ရောက်ပြီး Paint program ကိုဖွင့်လိုက်ပါ။ ပြီးရင် Paint program ရဲ့ File menu မှ Open ကိုနှိပ်ပြီး ကိုဖွင့်ချင်တဲ့ ပုံကို ရွေးပေးရင် လည်း ရပါတယ် ....။
ကိုယ် File Size လျှော့ချင်တဲ့ ပုံလေး Paint မှာပွင့်လာပြီ ဆိုရင်တော့ Save ကိုသာသွားနှိပ်လိုက်ပါ။ Paint ကိုပိတ်လိုက်ပြီး ပုံ Size ကိုပြန်ကြည့်လိုက်ပါ ....။


ကျွန်တော် လုပ်ကြည့်တာတော့ 1.81 Mb ရှိတဲ့ ဓါတ်ပုံဟာ 699 Kb သို့လျှော့ကျသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ ပုံရဲ့အရည်အသွေးကိုလည်း မထိခိုက် ပါဘူး။ အောက်မှာ ပုံSize ကိုပြပေးထားပါတယ်။


နောက်တစ်နည်းကတော့ Microsoft Office Picture Manager ကိုသုံးပြီး ပုံ Size လျှော့တာပါ။
ပုံပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Open with .... > Microsoft Office Picture Manager သို့ဝင်ရောက်ပြီး ဖွင့်လိုက်ပါ။


အပေါ်မှာပါတဲ့ Edit Pictures .. ခလုတ်လေးကို နှိပ်လိုက်ပါ။ ညာဘက်မှာ Edit Picture menu ပွင့်လာပါမယ်။


အောက်ဆုံးမှာပါတဲ့ Compress pictures ဆိုတဲ့ စာကြောင်းလေးကို နှိပ်လိုက်ပါ။


Compress for ဆိုတဲ့နေရာမှာ ရွေးချယ်ပေးလို့ရတဲ့ Option (၄) ခုပါပါတယ်။ သူတို့တစ်ခုချင်းစီအလိုက် 1.81Mb ရှိတဲ့ ပုံကို ဘယ်လောက်ထိ Size လျှော့ချပေးနိုင်တယ်ဆိုတာ ကျွန်တော် နမူနာ ပြပေးထားပါတယ်။


ကိုယ်သင့်တော်တဲ့ တစ်ခုခုကို ရွေးချယ်ပြီး အောက်မှာပါတဲ့ OK ကိုနှိပ်လိုက်ပါ။ ကျွန်တော် နမူနာ အနေနဲ့ Document ကိုရွေးပြပါမယ်။ မူရင်းပုံအရွယ်အစား 1.81Mb ကို 398Kb သို့လျှော့ချပေးမှာပါ။


ပြီးရင်တော့ Microsoft Office Picture Manager ကိုပိတ်လိုက်ပါ။ ဒီနေရာမှာ Save လုပ်မလားဆိုပြီး မေးလာပါမယ်။ Save ကိုနှိပ်ပေးလိုက်ပါ။


Microsoft Office Picture Manager နဲ့ ပုံအရွယ်အစားလျှော့ရာမှာ Document ဆိုတာ ပုံရဲ့အရည်အသွေးကို များစွာ မထိခိုက်ပါဘူး ။ Webpage ဆိုတာကတော့ Facebook တို့၊ Forum တို့၊  Blog တို့မှာတင်ဖို့အတွက်သင့်တော်ပါတယ်။ သူကတော့ မူရင်းပုံရဲ့ အရည်အသွေးကျသွားပါတယ်။ အောက်ဆုံးက E-mail message ဆိုတာကတော့ Email ပို့တာတို့၊ Gtalk ကနေပုံပို့တာတို့ မှာ သုံးလို့ရပါတယ်။ မူရင်း အရည်အသွေးကို ကျစေပါတယ်။
အဆင်ပြေသလိုသုံးနိုင်အောင် ဆွေးနွေးပေးတာပါ။ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်တာမို့ သိပြီးသားမိတ်ဆွေများ ကို လေးစားစွာဘဲ တောင်းပန်အပ်ပါတယ် ... :)
အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ....
>>>ဆက်ဖတ်ရန်>>> >>
 
Copyright © 2010 kominmin. All rights reserved.