Scott Reed နှင့် ဇနီးဖြစ်သူ Laura တို့သည် ကလေးမရသဖြင့်
ဆရာဝန်ထံသွားပြရာ အမျိုးသားဖြစ်သူ၏ ပေါင်ပေါ်တွင် အမြဲအသုံးပြုသည့်
လက်ပ်တော့ပ်ကြောင့်ဖြစ်ရကြောင်း သိရသည်။
ကွန်ပျူတာမှ အပူမြောက်များစွာ ထုတ်လုပ်နေသဖြင့် အမျိုးသားဖြစ်သူ၏
သုက်ပိုးများ ပျက်စီးစေရကြောင်း ဆရာဝန်များက ပြောဆိုသည်။
အသက်(၃၀)အရွယ်ရှိ Scott သည် ချက်ချင်းပင် လက်ပ်တော့ပ်ကို
စားပွဲပေါ်တင်ကာ အသုံးပြုခဲ့သည်။ ထို့နောက် သုံးလအကြာတွင် ဇနီးဖြစ်သူ
Laura မှာ သမီ
းလေး Taryn ကို ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။
ယခုအခါ သမီးလေး မွေးဖွားခဲ့သည်မှာ (၁၀)လကြာပြီဖြစ်သော်လည်း
သူတို့စုံတွဲသည် ပြဿနာ၏အဖြေမှာ ရိုးရိုးလေးပင်ဖြစ်ကြောင်းကို
မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
"ဒီလိုအဖြစ်အပျက်မျိုး အရင်က မကြားမိပါဘူး။ ဒါဟာ တကယ့်ကို
အံ့သြစရာပဲနော်။ ကျွန်မတို့ ညနေတိုင်း ရုပ်မြင်သံကြားကြည့်နေစဉ်မျိုးမှာ
Scott ကသူ့လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်ရင်း အသုံးပြုလေ့ရှိပါတယ်။ သူဟာ
အလုပ်အတွက် အသုံးပြုသလို ဖေ့စ်ဘွတ်ခ်ကဲ့သို့သော လူမှုကွန်ယက်များကိုလည်း
အသုံးပြုလေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ ကလေးမရနိုင်တာဆိုတာ
မတွေးမိခဲ့ကြပါဘူး" ဟု ရောဂါဗေဒပညာရှင်တစ်ဦးဖြစ်သူ Laura က ပြောဆိုသည်။
Laura နှင့် လျှပ်စစ်ပညာရှင် Scott တို့သည် သူတို့၏
မိသားစုဆရာဝန်က ပါ့သ်မောက်မြို့ရှိ Queen Alexandra ဆေးရုံတွင်
စစ်ဆေးကြည့်ရန် စေလွှတ်လိုက်စဉ်က ဖန်ပြွန်သန္ဓေဖြင့် မွေးဖွားရန်
စဉ်းစားခဲ့ကြသေးသည်။
"အဲဒီပြဿနာမျိုးက စားဖိုမှုးတွေမှာ အဖြစ်များတယ်လေ။ သူတို့က
ပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာကြောင့်ပါ။ ကျွန်တော်လည်း
လက်ပ်တော့ပ်ကြောင့် ကလေးမရနိုင်ရတာလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး"
ဟု Scott က ပြောဆိုသည်။
"အမျိုးသားများ လက်ပ်တော့ပ်ကို ပေါင်ပေါ်တင်သုံးမည့်အစား
စားပွဲပေါ်မှာထားပြီး သုံးသင့်ပါတယ်" ဟု ဇီဝဆေးသိပ္ပံပညာရှင် Sue Kenworthy
က ပြောဆိုခဲ့သည်။
Source: Mirror(6Nov 2012)
>>>ဆက်ဖတ်ရန်>>> >>
Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts
Wednesday, December 19, 2012
Subscribe to:
Posts (Atom)