Sunday, December 23, 2012

Hacking အခြေခံနည်းပညာ (၂) --> Telnet Hacking

Hacker တွေဟာ အဝေးကနေ အလုပ်လှမ်းလုပ်ကြပါတယ်။ ရှေးအကျဆုံး နဲ့ အထိရောက်ဆုံးနည်းကတော့ Telnet နည်းစနစ်ပါ။

Telnet ဆိုတာဘာလဲ



Telnet က Host ကွန်ပျူတာတစ်ခုသို့ ၀င်ရောက်အလုပ်လုပ်နိုင်စေတဲ့ Service တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ ဘယ်နေရာကမဆို Telnet client ကို အသုံးပြုပြီး Host ကွန်ပျူတာတစ်ခုကို ၀င်ရောက်နိုင်ပါတယ်။ Windows စနစ်အားလုံးမှာ Telnet client ထည့်သွင်းထားပါတယ်။ Run Box ထဲမှာ "telnet" လို့ရိုက်ထည့်ပြီး Telnet ကိုအသုံးပြုလို့ ရပါတယ်။ အောက်က ၀င်းဒိုးလေး ပွင့်လာပါမယ်။



 
Telnet က Host တစ်ခုကို port 23 ကိုသုံးပြီး ချိတ်ဆက်ပါတယ်။ ဟက်ကာ တွေကလည်း ဒီ ပို့တ် ကိုသုံးပြီး router တွေ၊ server တွေ နဲ့ တခြား network device တွေကို ချဉ်းနင်း ၀င်ရောက်ပါတယ်။ Telnet က Host နဲ့ Client ကြား ဆက်သွယ်မှုမှာ လုံခြုံမှုသိပ်မရှိလို့ အခုခေတ် ဆာဗာ တွေမှာ သိပ်မသုံးပါဘူး။ Network device အများစု (routers, switches, နဲ့ hubs) က Telnet ကိုသုံးနေပါသေးတယ်။ ဒါပေမဲ့ အခုခေတ် ဆာဗာ အများစုကတော့ SSH နည်းစနစ်ကို သုံးနေကြပါပြီ။

Hacking ဥပမာ



ဂျော်ဂျီယာနိုင်ငံ (ပွိုင့် ၁) က ဟက်ကာ တစ်ယောက်ဟာ ကနေဒါနိုင်ငံ က ကွန်ပျူတာစနစ် တစ်ခုကို Hack တော့မယ် ဆိုပါစို့။ သူ့ကို ဘယ်ကမှန်း မသိအောင်၊ ဖမ်းလို့မရအောင် ဂျော်ဂျီယာနိုင်ငံက အများသုံး အင်တာနက်ကဖေးလို၊ စာကြည့်တိုက်လို နေရာမျိုးက ကွန်ပျူတာတစ်လုံးကို သုံးပြီး စတင်ပါလိမ့်မယ်။ သူဟာ Telnet ကို စဖွင့်လိုက်ပါမယ်။ (ပွိုင့် ၂) က ကွန်ပျူတာစနစ်ထဲကို Log in ၀င်မယ်။ အဲဒီကနေ နောက်ထပ်တစ်နေရာက ကွန်ပျူတာစနစ် (ပွိုင့် ၃) ကို ဆက်ဝင်မယ်။ အဲဒီကနေ နောက်ထပ် တစ်နိုင်ငံမှာ ရှိတဲ့ ကွန်ပျူတာ စနစ်တစ်ခု (ပွိုင့် ၄) ကို ဆက်ဝင်တယ်။ နောက်ဆုံးမှာ ပစ်မှတ်ဖြစ်တဲ့ ကနေဒါနိုင်ငံက ကွန်ပျူတာစနစ်ကို ချိတ်ဆက်ပြီး ဖျက်ဆီးမှုတွေ လုပ်ပါတော့တယ်။


                                   

ပြီးရင်ဘာတွေဆက်ဖြစ်သလဲ



ကနေဒါက ကွန်ပျူတာစနစ်ရဲ့  System Administrator တွေက သူတို့ကို ဟက် ခံရပြီဆိုတာ သိသွားပါလိမ့်မယ်။ ဘယ်ကလဲ ဆိုတာ လမ်းကြောင်းလိုက်ရှာတော့ ပိုလန်နိုင်ငံကလို့ တွေ့ပါမယ်။ ပိုလန်က System Administrator တွေကို လှမ်းစကားပြောတဲ့အခါ ဟက်ကာ က ပိုလန်က မဟုတ်မှန်း သိမယ်။ ဒီလို နောက်ပြန်လမ်းကြောင်းရှာတာကို Backtracking လို့ ခေါ်ပါတယ်။ တော်တဲ့ ဟက်ကာတစ်ယောက်ဟာ သူ့ကို လမ်းကြောင်းပြန်လိုက်လို့ မလွယ်အောင်၊ ရှုပ်ထွေးနေအောင် စီမံထားလေ့ ရှိပါတယ်။ အိမ်သုံးကွန်ပျူတာတွေဟာ ဆက်သွယ်မှုတွေကို မှတ်ထားတဲ့ Log တွေမရှိကြလို့ အဲဒီကွန်ပျူတာတွေဟာ လမ်းစဖျောက်ဖို့ ကောင်းမွန်တဲ့ ပွိုင့်တွေပါပဲ။ ဟက်ကာတစ်ယောက်က အဲဒီလို ချိတ်ဆက်မှုမှတ်တမ်း Logging စနစ်မရှိတဲ့ ကွန်ပျူတာတွေကနေ တဆင့် ချိတ်ဆက်ဝင်ရောက်တာဆိုရင် Backtracking လုပ်တဲ့အချိန် လမ်းစပျောက်တော့တာပါပဲ။





                                          
 
Copyright © 2010 kominmin. All rights reserved.